
ပရိသတ်တွေ ရဲ့ အချစ်တွေကို အနုပညာလောကမှာ အခိုင်အမာ ရရှိထားတဲ့အပြင် ကြည်နူးအားကျစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတဲ့ ပြည်သူ့ အချစ်တော် မင်းသားချောကတော့ မြင့်မြတ်ပဲ ဖြစ် ပါတယ်နော်..။
အကယ်ဒမီ ထူးချွန်ဆုတွေ ရရှိထားပြီး ပရိသတ်တွေ ရဲ့ ရင်ထဲက လှိုက်လှိုက်လှဲလှဲအားပေးမှုတွေ နဲ့ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေအပြင် ချစ်ဇနီးချောတွေနဲ့ ချစ်စရာကောင်းလွန်းတဲ့ သားချောလေးကို ပိုင်ဆိုင်ထားသူပါ..။
မြင့်မြတ်ကတော့ ဂျင်းကောင် အဖြစ် ပရိသတ်တွေ ရဲ့ အချစ်တွေကို သိမ်းပိုက်ထားသလို ဂျူနီယာမြင့်မြတ်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သားလေး မြတ်သူလေးကလည်း ပရိသတ်တွေရဲ့ အသည်းကျော်လေးပါပဲ..။
မိသားစုပုံရိပ်လေးတွေကို အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာ လည်း သားအဖနှစ်ယောက်အတူ ဓာတ်ဖမ်းထားကြတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်..။
ရှုတင်ကနေ ပြန်အလာ ပြေးကြိုတဲ့ ချစ်သားလေးမြတ်သူလေးကြောင့် ဖေဖေမြင့်မြတ်ကတော့ ကြည်နူး ပီတိလေးတွေ နဲ့အတူ သားလေးကို ချစ်မဝဖြစ်လို့ နေပါတယ်နော်..။
ဒီကနေ့လေး မှာတော့ မြင့်မြတ်တို့ သားအဖနှစ်ယောက်ရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ချစ်စရာ ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေ အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။
credit-myanmarload