You are here
Home > အနုပညာ > အသက်​(၈)နှစ်​ကွာ​ပေမယ့်​ အမြွှာ​လေးလိုပဲထင်​ရတဲ့ လိ​မ္မော်​သီးနဲ့ ဝေလာရီ တို့ညီအစ်​မ

အသက်​(၈)နှစ်​ကွာ​ပေမယ့်​ အမြွှာ​လေးလိုပဲထင်​ရတဲ့ လိ​မ္မော်​သီးနဲ့ ဝေလာရီ တို့ညီအစ်​မ





CRD-Momolay

UNICODE

ရှည်လျားတဲ့ဆံပင်တွေကို ဝှေ့ရမ်းပြီး အကြမ်းစား Rock သီချင်းတွေဆိုတဲ့ Rocker မလေး လိမ္မော်သီးကို သိပြီးသားဖြစ်မှာပါ။ အသံပါဝါကောင်းကောင်းနဲ့ အမိုက်စား Rock သီချင်းတွေကြောင့် ယောကျာ်းလေးပရိသတ်အခိုင်အမာရရှိထားသူဆိုလဲ မမှားပါဘူး။ အဆိုတော် လိမ္မော်သီးဟာ သီချင်းတွေထဲမှာတော့ အကြမ်းစား Rocker မလေးဖြစ်ပေမယ့် အပြင်မှာတော့ မြန်မာဆန်ဆန်အဝတ်အစာလေတွေ ဝတ်လေ့ဝတ်ထရှိတဲ့ မွန်မချောချောလေးတစ်ယောက်ပါ။

အဆိုတော်မလေး လိမ္မော်သီးမှာ ချစ်စရာကောင်းတဲ့ညီမလေးတစ်ယောက်ရှိတာလဲ ပရိသတ်ကြီးသိပြီးသားဖြစ်မှာပါ။ သူမကတော့ ဝေလာရီ လို့ခေါ်တဲ့ မွန်မချောချောလေးဖြစ်ပါတယ်။ ဝေလာရီက အခုဆိုရင် အစ်မဖြစ်သူလိမ္မော်သီးနဲ့အပြိုင် မော်ဒယ်၊ သရုပ်ဆောင်စတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီး မကြာသေးခင်က ထုန်လွှင့်ပြသခဲ့တဲ့ “နှင်းဆီ” ဇာတ်လမ်းတွဲနဲ့ အောင်မြင်နေသူလေးပဲ ဖြစ်ပါတယ်။

လိမ္မော်သီး နဲ့ ဝေလာရီဟာ အသက်ရှစ်နှစ်ကျော်ကွာတဲ့ ညီအစ်မတွေဖြစ်ပေမယ့် အမွှာလေးလို့ပဲထင်ရလောက်ပါတယ်။ သူမတို့နှစ်ဦးဟာ အမြဲတမ်း အဝတ်အစား၊ ဖိနပ်၊ အသုံးအဆောင်တွေကအစ ဆင်တူဝတ်စားဆင်ယင်တတ်တာကိုလဲ ပရိသတ်ကြီးသတိထားမိမှာပါ။လိမ္မော်သီးကလဲ ညီမဖြစ်သူနဲ့အပြိုင် အမြဲနုပျိုလန်းဆန်းနေတာကိုတွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် လိမ္မော်သီး နဲ့ ဝေလာရီပုံပုံ တို့ရဲ့လှပပြီး ချစ်စရာကောင်းတဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ပရိသတ်ကြီးလည်း မွန်မလေးနှစ်ယောက်ရဲ့ ပုံရိပ်တွေကြည့်ရတာ သဘောကျမယ်လို့ထင်ပါတယ်။ လိမ္မော်သီးတို့ညီအစ်မက ရှေ့ဆက်ပြီး အနုပညာလုပ်ငန်းတွေ အများကြီးလုပ်ကိုင်နေတာမို့ ဆက်ပြီး အားပေးကြပါဦးနော်။ ဒီပို့စ်လေးကို သဘောကျမယ်ဆိုရင် Like & Share လုပ်သွားဖို့လဲ မမေ့ပါနဲ့နော်။

Top
//potsaglu.net/4/3018672