You are here
Home > အနုပညာ > ခ်စ္သူျဖစ္သူ ေအာင္လ ေၾကာင့္ ေျပာင္းလဲသြားတဲ့အရာေတြေျပာလာတဲ့ ဝိုင္းစုခိုင္သိန္း

ခ်စ္သူျဖစ္သူ ေအာင္လ ေၾကာင့္ ေျပာင္းလဲသြားတဲ့အရာေတြေျပာလာတဲ့ ဝိုင္းစုခိုင္သိန္း

Zawgyi ျဖင့္ဖတ္ရန္
ေပါင္းသင္းဆက္ဆံေရးေတြ.. ။
ဝိုင္းစုခိုင္သိန္းဟာ ေအာင္လအေပၚ အျပည့္အဝ ယုံၾကည္လို႔ရတဲ့ ခ်စ္သူပါလို႔ဆိုပါတယ္။ ေအာင္လကလည္း သူ႔အတြက္ စိတ္တူ ကိုယ္တူ ခ်စ္သူေလးကို ပိုင္ဆိုင္ထားတာပါတဲ့။

အခ်စ္ေရးနဲ႔ပတ္သက္လာရင္ ေဝဖန္မႈေတြၾကားက ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္လက္တြဲလာတဲ့ အႏုပညာရွင္စုံတြဲကေတာ့ ေအာင္လ နဲ႔ ဝိုင္းစုခိုင္သိန္း တို႔ျဖစ္ပါတယ္။ ဝိုင္းစု က ေအာင္လနဲ႔ ခ်စ္သူျဖစ္သြားၿပီးတဲ့ေနာက္မွာ ေျပာင္းလဲသြားၿပီဆိုတာကို Duwun Media ကေန ေျပာျပခဲ့ပါတယ္။

‘’အမ်ားႀကီးေျပာင္းလဲသြားတယ္။ ငယ္ငယ္ကတည္းက ဒီအႏုပညာအလုပ္ေတြပဲ လုပ္လာတာဆိုေတာ့ တခ်ိဳ႕အရာေတြမွာ ေပါင္းသင္းဆက္ဆံေရးတို႔၊ တျခားအပိုင္းေတြ မသိတာ အမ်ားႀကီးရွိတယ္။ ကိုယ္က အမွန္ထင္ေနေပမယ့္ ဒါက အမွားဆိုတာကို သူသင္ေပးေတာ့မွ သိတဲ့အရာေတြ အမ်ားႀကီးရွိတယ္။ သူက တစ္ေျဖာင့္တည္း တြက္ေနတဲ့အရာေတြကိုလည္း ဒါေလးကေတာ့ ဘယ္လိုေလးရွိလိမ့္မယ္။ ဘယ္လိုဆိုရင္ ပိုေကာင္းမယ္ ဆိုၿပီးေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္လည္း တိုင္ပင္ျဖစ္ပါတယ္’’ လို႔ဆိုပါတယ္။

အဲဒီေနာက္ အဆိုေတာ္ ေအာင္လ ကလည္း သူ႔ရဲ႕ လက္ရွိ အခ်စ္ေရးအေျခအေနကို ေျပာျပလာပါတယ္။ စိတ္တူ ကိုယ္တူ ခ်စ္သူေလးကိုလည္း ပိုင္ဆိုင္ထားတာပါတဲ့။

‘’တစ္ေယာက္နဲ႔တစ္ေယာက္ကေတာ့ ေဖးေဖးမမ ပဲေပါ့ေနာ္။ ကိုယ္လိုတာ သူဂ႐ုစိုက္၊ သူလိုတာ ကိုယ္ဂ႐ုစိုက္ အဲဒီလိုေပါ့။ အခက္အခဲေတြလည္း ရွိပါတယ္။ ဒါေပမယ့္ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကည့္ေနရရင္ေပ်ာ္တာေပါ့။ အခ်စ္က အရာအားလုံးကို တြန္းလွန္ႏိုင္တယ္။ သူနဲ႔ ကြၽန္ေတာ္နဲ႔ကလည္း ပုံစံတူတာမ်ားတယ္။ အဆင္မေျပရင္ ထၿပီးေတာ့ စိတ္ဆတ္တာေတြဘာေတြ ေတာ္ေတာ္တူတယ္ ’’ ဆိုၿပီးေတာ့ စက္တင္ဘာလ ၁၄ ရက္ေန႔က Shwe FM ဂီတ ဆုေပးပြဲကို တက္ေရာက္ရင္းေျဖဆိုခဲ့တာျဖစ္ပါတယ္။

ခ်စ္သူျဖစ္တဲ့ ေအာင္လ အေပၚ ဝိုင္းစုခိုင္သိန္းရဲ႕ သေဘာထားကိုလည္း ေျပာျပလာပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ မႀကိဳက္တဲ့အရာ၊ ႀကိဳက္တဲ့အရာေတြကိုလည္း ေသေသခ်ာခ်ာ ညႇိႏႈိင္းထားတယ္လို႔ ဆိုပါတယ္။

‘’ သူ႔ကို အစ္မက အျပည့္အဝ ယုံၾကည္ထားတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အစ္မက လူတစ္ေယာက္ကို မယုံမၾကည္မ်က္လုံးနဲ႔ မၾကည့္တတ္ဘူး။ မယုံမၾကည္လုပ္သြားရင္လည္း အဲဒီေနရာမွာပဲ တစ္ခါတည္း တိခနဲျဖစ္သြားမွာဆိုေတာ့ သူလည္း အစ္မအေၾကာင္းကို သိပါတယ္။ အစ္မႀကိဳက္တဲ့အရာနဲ႔ မႀကိဳက္တဲ့ အရာကို တစ္ခါတည္း ခြဲျခားျပၿပီးသား။ ဒီဟာဆိုရင္ လုံးဝလက္မခံဘူး။ က်န္တဲ့ ကိစၥေတြအားလုံးက ရတယ္။ သူလည္း သူလက္မခံတဲ့ အရာကို ေျပာျပထားၿပီးသား ဒါေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ မခ်ိဳးေဖာက္ဘူးဆိုရင္ အကုန္အဆင္ေျပတယ္။ လူတိုင္းမွာ လက္ခံႏိုင္တဲ့ အပိုင္းေတြရွိသလို၊ လက္မခံႏိုင္တဲ့ အပိုင္းေတြရွိတယ္။ ႀကိဳညႇိထားၿပီးသားဆိုေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈေတြနဲ႔ ေရွ႕ဆက္ေလွ်ာက္ပါတယ္’’ လို႔ ဆက္လက္ေျပာျပခဲ့ျပန္ပါေသးတယ္။

သူမဟာ မက္ေလာက္စရာ၊ မ်က္လွည့္၊ အာဘြား၊ ဂါ၊ မယ္သီတာနဲ႔ ျပတ္စာ စတဲ့ တစ္ကိုယ္ေတာ္အေခြမ်ားစြာကို ထြက္ရွိထားၿပီးျဖစ္ပါတယ္။ သူ႔အေနနဲ႔ ဂီတအပိုင္းမွာ ေအာင္ျမင္လာၿပီးတဲ့ေနာက္ သ႐ုပ္ေဆာင္အလုပ္ကိုလည္း သိပ္မလုပ္ျဖစ္ေတာ့ပါဘူး။ သူ႔ရဲ႕ ပရိသတ္ေတြလည္း ႀကိဳက္မယ္၊ သူလည္းႀကိဳက္မယ့္ ဇာတ္ကားေကာင္းေလးေတြ ေတြ႕ရင္ေတာ့ ႐ိုက္ျဖစ္ရင္ ႐ိုက္မယ္ဆိုၿပီးေတာ့ Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။

Unicode ျဖင့္ဖတ္ရန္

ချစ်သူဖြစ်သူ အောင်လ ကြောင့် ပြောင်းလဲသွားတဲ့အရာတွေပြောလာတဲ့ ဝိုင်းစုခိုင်သိန်း

ပေါင်းသင်းဆက်ဆံရေးတွေ.. ။
ဝိုင်းစုခိုင်သိန်းဟာ အောင်လအပေါ် အပြည့်အဝ ယုံကြည်လို့ရတဲ့ ချစ်သူပါလို့ဆိုပါတယ်။ အောင်လကလည်း သူ့အတွက် စိတ်တူ ကိုယ်တူ ချစ်သူလေးကို ပိုင်ဆိုင်ထားတာပါတဲ့။

အချစ်ရေးနဲ့ပတ်သက်လာရင် ဝေဖန်မှုတွေကြားက ပျော်ပျော်ရွှင်ရွှင်လက်တွဲလာတဲ့ အနုပညာရှင်စုံတွဲကတော့ အောင်လ နဲ့ ဝိုင်းစုခိုင်သိန်း တို့ဖြစ်ပါတယ်။ ဝိုင်းစု က အောင်လနဲ့ ချစ်သူဖြစ်သွားပြီးတဲ့နောက်မှာ ပြောင်းလဲသွားပြီဆိုတာကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’အများကြီးပြောင်းလဲသွားတယ်။ ငယ်ငယ်ကတည်းက ဒီအနုပညာအလုပ်တွေပဲ လုပ်လာတာဆိုတော့ တချို့အရာတွေမှာ ပေါင်းသင်းဆက်ဆံရေးတို့၊ တခြားအပိုင်းတွေ မသိတာ အများကြီးရှိတယ်။ ကိုယ်က အမှန်ထင်နေပေမယ့် ဒါက အမှားဆိုတာကို သူသင်ပေးတော့မှ သိတဲ့အရာတွေ အများကြီးရှိတယ်။ သူက တစ်ဖြောင့်တည်း တွက်နေတဲ့အရာတွေကိုလည်း ဒါလေးကတော့ ဘယ်လိုလေးရှိလိမ့်မယ်။ ဘယ်လိုဆိုရင် ပိုကောင်းမယ် ဆိုပြီးတော့ တစ်ယောက်နဲ့တစ်ယောက်လည်း တိုင်ပင်ဖြစ်ပါတယ်’’ လို့ဆိုပါတယ်။

အဲဒီနောက် အဆိုတော် အောင်လ ကလည်း သူ့ရဲ့ လက်ရှိ အချစ်ရေးအခြေအနေကို ပြောပြလာပါတယ်။ စိတ်တူ ကိုယ်တူ ချစ်သူလေးကိုလည်း ပိုင်ဆိုင်ထားတာပါတဲ့။

‘’တစ်ယောက်နဲ့တစ်ယောက်ကတော့ ဖေးဖေးမမ ပဲပေါ့နော်။ ကိုယ်လိုတာ သူဂရုစိုက်၊ သူလိုတာ ကိုယ်ဂရုစိုက် အဲဒီလိုပေါ့။ အခက်အခဲတွေလည်း ရှိပါတယ်။ ဒါပေမယ့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေရရင်ပျော်တာပေါ့။ အချစ်က အရာအားလုံးကို တွန်းလှန်နိုင်တယ်။ သူနဲ့ ကျွန်တော်နဲ့ကလည်း ပုံစံတူတာများတယ်။ အဆင်မပြေရင် ထပြီးတော့ စိတ်ဆတ်တာတွေဘာတွေ တော်တော်တူတယ် ’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၄ ရက်နေ့က Shwe FM ဂီတ ဆုပေးပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာဖြစ်ပါတယ်။

ချစ်သူဖြစ်တဲ့ အောင်လ အပေါ် ဝိုင်းစုခိုင်သိန်းရဲ့ သဘောထားကိုလည်း ပြောပြလာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မကြိုက်တဲ့အရာ၊ ကြိုက်တဲ့အရာတွေကိုလည်း သေသေချာချာ ညှိနှိုင်းထားတယ်လို့ ဆိုပါတယ်။

‘’ သူ့ကို အစ်မက အပြည့်အဝ ယုံကြည်ထားတယ်။ ဘာကြောင့်လဲဆိုတော့ အစ်မက လူတစ်ယောက်ကို မယုံမကြည်မျက်လုံးနဲ့ မကြည့်တတ်ဘူး။ မယုံမကြည်လုပ်သွားရင်လည်း အဲဒီနေရာမှာပဲ တစ်ခါတည်း တိခနဲဖြစ်သွားမှာဆိုတော့ သူလည်း အစ်မအကြောင်းကို သိပါတယ်။ အစ်မကြိုက်တဲ့အရာနဲ့ မကြိုက်တဲ့ အရာကို တစ်ခါတည်း ခွဲခြားပြပြီးသား။ ဒီဟာဆိုရင် လုံးဝလက်မခံဘူး။ ကျန်တဲ့ ကိစ္စတွေအားလုံးက ရတယ်။ သူလည်း သူလက်မခံတဲ့ အရာကို ပြောပြထားပြီးသား ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် မချိုးဖောက်ဘူးဆိုရင် အကုန်အဆင်ပြေတယ်။ လူတိုင်းမှာ လက်ခံနိုင်တဲ့ အပိုင်းတွေရှိသလို၊ လက်မခံနိုင်တဲ့ အပိုင်းတွေရှိတယ်။ ကြိုညှိထားပြီးသားဆိုတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့ ရှေ့ဆက်လျှောက်ပါတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပြန်ပါသေးတယ်။

သူမဟာ မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား၊ ဂါ၊ မယ်သီတာနဲ့ ပြတ်စာ စတဲ့ တစ်ကိုယ်တော်အခွေများစွာကို ထွက်ရှိထားပြီးဖြစ်ပါတယ်။ သူ့အနေနဲ့ ဂီတအပိုင်းမှာ အောင်မြင်လာပြီးတဲ့နောက် သရုပ်ဆောင်အလုပ်ကိုလည်း သိပ်မလုပ်ဖြစ်တော့ပါဘူး။ သူ့ရဲ့ ပရိသတ်တွေလည်း ကြိုက်မယ်၊ သူလည်းကြိုက်မယ့် ဇာတ်ကားကောင်းလေးတွေ တွေ့ရင်တော့ ရိုက်ဖြစ်ရင် ရိုက်မယ်ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

Source : Cele Yatkwat

Top
//meenetiy.com/4/3018672