
နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ခိုင်သင်းကြည်ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်တစ်ဦးပါ။ သူမက ခုချိန် ထိ နုပျိုလှပဆဲဖြစ်ပြီး အနုပညာအလုပ်တွေကြိုးစားလုပ်ရင်း ချစ်ရတဲ့ မိသားစုလေးနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူလေးပါ။ဒီတစ်ခါမှာတော့ မိုမိုလေးပရိသတ်ကြီးအတွက် ခိုင်သင်းကြည် ရဲ့ မွေးနေ့အလှူအကြောင်းကို ဖော်ပြပေး လိုက်ပါတယ်နော်။
ခိုင်သင်းကြည် က သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ စိန်ဂေါ်လီမ ရုပ်ရှင်ဇာတ်ကားကလည်း ပရိသတ်တွေ ရဲ့ အားပေးခြင်းများစွာရရှိထားသလို ခုတစ်ခါမှာလည်း သရုပ်ဆောင်လူမင်း ထုတ်လုပ်ရိုက်ကူးတဲ့ “ညစ်တွန်းရုပ်ရှင်” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတာပါ။
ဒီတစ်ခါမှာတော့ ခိုင်သင်းကြည့်က သူမရဲ့ မွေးနေ့မှာ အလှူငွေ ၆၅ သိန်းလှူဒါန်းပြီး ကုသိုလ် ယူခဲ့တဲ့အကြောင်းကို ခုလို ပြောပြထားပါတယ်။
ခိုင်သင်းကြည် က ” 27.9.19 မွေးနေ့အမှတ်တရအလှူဘုရားတရားသံဃာနဲ့မိဘနှစ်ပါးကိုရိုသေစွာကန်တော့ပါတယ်ရှင်ဓမ္မဝိဟာရစာသင်တိုက်အတွက် – ၁၀သိန်း
ဂရုဏာကမ္ဘာဖောင်ဒေးရှင်းအတွက်အလှူငွေ- သိန်း၂၀
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက်အလှူငွေ- သိန်း၂၀
ရုပ်ရှင်သက်ကြီးအလှူငွေ- ၅သိန်း
စာပေသက်ကြီးအလှူငွေ- ၅သိန်း
မေတ္တာသင်္ဂဟအလှူငွေ- ၅သိန်း
တို့ကိုလှူဒါန်းပါတယ်ရှင်
မွေးနေ့ဆုတောင်းပေးကြသူများအားလုံးဆုတောင်းအတိုင်းထပ်တူရကြပါစေရှင်” ဆိုပြီး ပြောထားပါတယ်။
ခိုင်သင်းကြည်က အသက် ၄၈နှစ်ပြည့်မွေးနေ့ပွဲကို ချစ်ရသူများနဲ့ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။
သရုပ်ဆောင် အကယ်ဒမီ ခိုင်သင်းကြည် ရဲ့ မွေးနေ့အလှူ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Moekalay
Source;khin thin kyi