
လူတွေကို အမြဲတမ်းပြုံးပျော်ရွှင်အောင် ဟာသတွေနဲ့ သရုပ်ဆောင်ပြီး ပျော်ရွှင်စေခဲ့တဲ့ ဟာသ သရုပ်ဆောင် ကစ်ကစ်ဟာ ကျန်းမာရေးမကောင်းဖြစ်ပြီး ဆေးရုံမှာ ကုသမှု ခံနေရပါတယ်။
သူမဟာ ကျောက်ရောဂါဝေဒါနာကို ခံစားနေရတာပါ။ ပရိတ်သတ်ကြီးချစ်တဲ့ ကစ်ကစ်ကို အားလုံးက ဝိုင်းဝန်းပြီး စုပေါင်း အလှူငွေလေးတွေလည်း လှူဒါန်းထားပါတယ်။ ဒ့ါအပြင် သူမ စပြီး ရောဂါ ဝေဒါနာခံစားနေကတည်းက သူမ ဘေးနားမှာ အစ အဆုံး လိုက်လံ ပြုစုပေးနေတဲ့ မော်ဒယ် သရုပ်ဆောင် တစ်ယောက်ရှိပါတယ်။ သူမကတော့ ခင်သဇင်ပဲ ဖြစ်ပါတယ်။ ယခုအခါမှာတော့ ခင်သဇင်ဟာ သရုပ်ဆောင် ကစ်ကစ်နဲ့ ပတ်သတ်ပြီး လူမှုကွန်ယက်မှာ ငွေလိမ်ခံခဲ့ရကြောင်း၊ ဒီငွေများကို လိမ်လည်သွားသူကိုလည်း ပြန်လည်ပေးဖို့ မေတ္တာရပ်ခံတဲ့ တောင်းပန်ထားတဲ့ Post တစ်ခုကိုလည်း တင်ထားပါတယ်။ ဒီငွေတွေဟာလည်း ပရိတ်သတ်ကြီးက လှူဒါန်းထားတဲ့ ငွေများဖြစ်ကြောင်းလည်း ရှင်းလင်ထားပါသေးတယ်။
ခင်သဇင်က ယခုကဲ့သို့ တင်ထားခဲ့ပါတယ်။ “လူတွေလည်း ကြောက်ဖို့ကောင်းလိုက်တာ လူမမာ ဆီက အလှူငွေတွေကို လိမ်ပြန်ပြီ မလုပ်သင့်တာကို လုပ်ကြတယ် လူမမာက သူတို့ အားကိုးပြီး ငွေလည်း သူတို့ဆီ အပ်ထားပါတယ် ကိုယ့်အလှူငွေလေးတွေကို ကိုယ်ပြန်တောင်းနေရတာ အကြွေးတောင်းသလို ပြန်တောင်းနေရတာ တစ်နှစ်ပြည့်တော့မယ်တဲ့ သူဒီိကိစ္စ ပြောပြောနေတာ ကြာပြီ ကိုယ်လည်း တနေ့ပြန်ရနိုးနဲ့ သူ့ကိုပဲ နှစ်သိမ့် လာခဲ့တာ အခုတော့ ကြားထဲက မြင်နေ ကြားနေရတာ မနေနိုင်လို့ ရေးလိုက်ပြီကွယ်
သူ့ခမျာလည်း ကျောက်ကပ် လေး အစားထိုးချင်ရှာတော့ ရသမျှ အလှူငွေလေးတွေကို ပွားစေချင်လို့ ယုံကြည်အားကိုးပြီး ပုံမိကာမှ ဒီလိုအဖြစ်ဆိုးတွေ ကြုံရရှာတယ် ဘယ်ဘဝ ဝဠ်ကြွေးတွေလဲ အမရယ် တကယ် စိတ်မကောင်းပါဘူး အခု ဒီ post ကို ဖတ်ရတဲ့ ကာယကံရှင် ငွေယူသွားတဲ့ အမလည်း အကုသိုလ် မယူပါနဲ့လို့ေ သသေချာချာလေး ပြန်ပေးပေးပါလို့ သဇင် ကြားထဲက တောင်းပန်ပါတယ် အမ တို့က ပိုက်ဆံ အသင့် အတင့်ရှိပြီး အဆင်ပြေနေသူတွေပဲ လူမမာရဲ့ မရှိမဲ့ ရှိမဲ့ငွေလေးတွေ ကိုတော့ပြန်ပေးလိုက်ကြပါကွယ် ဟိုမှာ မအိပ်နိုင် မစားနိုင်နဲ့ဒီကိစ္စ ကိုပဲ တကျီကျီ ဖြစ်ပြီး ရောဂါက ထပ်ဖောက်တော့မယ် မလုပ်ကြပါနဲ့ ကြားထဲက တောင်းပန်တာပါ ပြန်ပေးပေးလိုက်ပါနော် “
ပရိတ်သတ်ကြီးရေ ဟာသ သရုပ်ဆောင် ကစ်ကစ်ကို အရင်လိုပဲ ပရိတ်သတ်ကြီးကို ပြုံးပျော်အောင် သရုပ်ဆောင်မှုတွေ ပြန်လုပ်ပေးပါလို့၊ ဒီလို လုပ်ပေးနိုင်ဖို့ ထာဝရကျန်းမာပါစေလို့ ဆုတောင်းပေးကြရအောင်နော်။
Writer – ME( Shwe Yaung Lan )