
သူ႔အေၾကာင္း ရုပ္ရွင္ရုိက္ဖုိ႔ အလွဴခံေနတာကုိ သိရင္ ဗုိလ္ခ်ဳပ္ ဘာလုပ္မလဲ….
ေဟ့ေကာင္ ထြန္းလွ ဘယ္သူ႔ဆီကမွ ဘာမွမေတာင္းနဲ႔။ အကူအညီတစ္ခုေပးၿပီး အခြင့္အေရးေတြ လာလာေတာင္းၾကမွာ။ ဒါမ်ိဳး ငါမႀကိဳက္ဘူး။ မင္းအိမ္ကိုလည္းမွာထား အားလံုးကိုလည္းမွာထား။ အိမ္ကိုလာလွဴ တဲ့ ဆီပံုး ေျမပဲပံုးအေကာင္းစားေတြ အိမ္ေပၚက ကန္ခ်ပစ္ဖူးတယ္။
ရုပ္ရွင္ႀကိဳက္ေပမယ့္ တစ္မတ္တန္းကပဲၾကည့္ႏိုင္တယ္။ မဂၤလာေဆာင္မွာ ေရႊႀကိဳးတားတာကိုလည္း ဆြဲၿပီး လႊင့္ပစ္ဖူးတယ္။ အိမ္ကို ဝတ္ေကာင္းစားလွေတြနဲ႔ လာကန္ေတာ့တဲ့ ဗိုလ္ေတြကိုလည္း မင္းတို႔အဝတ္ေတြအခုခြ်တ္ ငါ့အဝတ္ေတြနဲ႔လဲစမ္းဆိုၿပီး လဲၿပီးမွကန္ေတာ့ခံတယ္။ တစ္တိုင္းျပည္လံုးဒုကၡေရာက္ေနတာကို မင္းတို႔က ဒီလိုေက်ာ့ေမာ့ေအာင္ ေနေနရသလားတဲ့။
၅၀၀၀ ဆိုတဲ့မဂၤလာဒံုကေျမ မဝယ္ႏိုင္ခဲ့ဘူး။ ေပးစမ္းဟဲ့ဆို ဘယ္ႏွဧကယူယူ ရႏိုင္ရဲ႕သားနဲ႔။ ထြန္းလွ မနက္ကတည္းက ဘဲဥဟင္းဆိုေတာ့ ထမင္းစားမေကာင္းဘူး လကုန္ခါနီးဆိုေတာ့ ဒီလိုပဲေပါ့ ဆိတ္သားခပတ္စားခ်င္တယ္ကြာ ပိုက္ဆံပါလားတဲ့။
သူေ႒းေတြက ဗိုလ္ခ်ဳပ္အတြက္ဆို ေမာ္ေတာ္ကား ဘယ္ႏွစီးျဖစ္ျဖစ္ လႊတ္မွာပါလို႔ ေျပာေပမယ့္ ကားစုတ္ေပၚက လမ္းဆင္းေလွ်ာက္ခဲ့တာ ေတာင္းရမွာကိုရွက္လို႔ပါ။ သူ႔အေၾကာင္းရုပ္ရွင္ရိုက္ဖို႔ အလွဴ ခံတာကိုသိရင္ ဗိုလ္ခ်ဳပ္စိတ္တိုမယ္ထင္တယ္။
Unicode Version ဖြင့် ဖတ်ပါ
★★★
သူ့အကြောင်း ရုပ်ရှင်ရိုက်ဖို့ အလှူခံနေတာကို သိရင် ဗိုလ်ချုပ် ဘာလုပ်မလဲ….
ဟေ့ကောင် ထွန်းလှ ဘယ်သူ့ဆီကမှ ဘာမှမတောင်းနဲ့။ အကူအညီတစ်ခုပေးပြီး အခွင့်အရေးတွေ လာလာတောင်းကြမှာ။ ဒါမျိုး ငါမကြိုက်ဘူး။ မင်းအိမ်ကိုလည်းမှာထား အားလုံးကိုလည်းမှာထား။ အိမ်ကိုလာလှူ တဲ့ ဆီပုံး မြေပဲပုံးအကောင်းစားတွေ အိမ်ပေါ်က ကန်ချပစ်ဖူးတယ်။
ရုပ်ရှင်ကြိုက်ပေမယ့် တစ်မတ်တန်းကပဲကြည့်နိုင်တယ်။ မင်္ဂလာဆောင်မှာ ရွှေကြိုးတားတာကိုလည်း ဆွဲပြီး လွှင့်ပစ်ဖူးတယ်။ အိမ်ကို ဝတ်ကောင်းစားလှတွေနဲ့ လာကန်တော့တဲ့ ဗိုလ်တွေကိုလည်း မင်းတို့အဝတ်တွေအခုချွတ် ငါ့အဝတ်တွေနဲ့လဲစမ်းဆိုပြီး လဲပြီးမှကန်တော့ခံတယ်။ တစ်တိုင်းပြည်လုံးဒုက္ခရောက်နေတာကို မင်းတို့က ဒီလိုကျော့မော့အောင် နေနေရသလားတဲ့။
၅၀၀၀ ဆိုတဲ့မင်္ဂလာဒုံကမြေ မဝယ်နိုင်ခဲ့ဘူး။ ပေးစမ်းဟဲ့ဆို ဘယ်နှဧကယူယူ ရနိုင်ရဲ့သားနဲ့။ ထွန်းလှ မနက်ကတည်းက ဘဲဥဟင်းဆိုတော့ ထမင်းစားမကောင်းဘူး လကုန်ခါနီးဆိုတော့ ဒီလိုပဲပေါ့ ဆိတ်သားခပတ်စားချင်တယ်ကွာ ပိုက်ဆံပါလားတဲ့။
သူဋ္ဌေးတွေက ဗိုလ်ချုပ်အတွက်ဆို မော်တော်ကား ဘယ်နှစီးဖြစ်ဖြစ် လွှတ်မှာပါလို့ ပြောပေမယ့် ကားစုတ်ပေါ်က လမ်းဆင်းလျှောက်ခဲ့တာ တောင်းရမှာကိုရှက်လို့ပါ။ သူ့အကြောင်းရုပ်ရှင်ရိုက်ဖို့ အလှူ ခံတာကိုသိရင် ဗိုလ်ချုပ်စိတ်တိုမယ်ထင်တယ်။