You are here
Home > အနုပညာ > ေဖေဖမရွိေတာ့တာေၾကာင့္ သီတင္းကြၽတ္တိုင္းမွာ မိသားစုမစုံလင္ဘူးလို႔ဆိုလာတဲ့ ပိုးၾကာျဖဴခင္

ေဖေဖမရွိေတာ့တာေၾကာင့္ သီတင္းကြၽတ္တိုင္းမွာ မိသားစုမစုံလင္ဘူးလို႔ဆိုလာတဲ့ ပိုးၾကာျဖဴခင္

ပိုးၾကာျဖဴခင္ကေတာ့ MRTV-4 ကထုတ္လႊင့္ျပသတဲ့ “ဝကၤပါစံအိမ္”၊”မိုးေကာင္းကင္အိမ္မက္”၊”ၾကယ္ကေလးရဲ႕ေကာင္းကင္”စတဲ့ဇာတ္လမ္တြဲေတြကေန ပရိသတ္ေတြရဲ႕ ရင္ထဲကအခ်စ္ေတြကို သိမ္းပိုက္ထားႏိုင္တဲ့ မင္းသမီးေခ်ာေလးတစ္လက္ပဲျဖစ္ပါတယ္။”မိုးေကာင္းကင္အိမ္မက္”႐ုပ္သံဇာတ္လမ္းတြဲကေတာ့ သူမရဲ႕နာမည္အရင္းထက္ “ဆိုင္းမိုင္”လို႔ ပရိသတ္ေတြ ခ်စ္စႏိုးနဲ႔ေခၚဆိုၾကတဲ့အထိကို ေအာင္ျမင္ခဲ့တဲ့ ဇာတ္လမ္းတြဲတစ္တြဲပါ။ ဒါေပမဲ့လည္း သူမအတြက္ကေတာ့ ဒီဇာတ္လမ္းေလး ဇာတ္သိမ္းပိုင္းလႊင့္ခဲ့တဲ့ေန႔ (၂၀၁၈)ခုႏွစ္၊စက္တင္ဘာလ (၁၇)ရက္ေန႔ကေတာ့ ပိုးၾကာျဖဴခင္ရဲ႕ေဖေဖ ကြယ္လြန္ခဲ့တာလည္းျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ပိုးၾကာျဖဴခင္ရဲ႕ ေဖေဖကြယ္လြန္ခဲ့တာဟာ တစ္ႏွစ္ေက်ာ္ခဲ့ၿပီျဖစ္ၿပီး တစ္ႏွစ္ျပည့္ေျမာက္တဲ့ ေန႔ေလးမွာလည္း ဖခင္အတြက္ ရည္စူးၿပီး အလႉအတန္းေတြျပဳလုပ္ေပးခဲ့ပါေသးတယ္။ သီတင္းကြၽတ္တိုင္းမွာ မိသားစုစုံစုံလင္လင္ရွိခဲ့ေပမယ့္ ဒီႏွစ္ေတြမွာ စုံစုံလင္လင္မရွိေတာ့တာေၾကာင့္ ဝမ္းနည္းေနရတဲ့ အေၾကာင္းကို “မႏွစ္ကေတာ့ ပါပါးဆုံးၿပီးတာ မၾကာေသးေပမဲ့ ဖားကန႔္ကို သြားေနရတာေၾကာင့္ ေယာက္်ားဆုံးတာ ပူပူေႏြးေႏြးျဖစ္ေနတဲ့ အခါက်ေတာ့ မသိသာလိုက္ဘူး။ ဒီႏွစ္ကေတာ့ အရမ္းသိသာသြားၿပီ အမ်ိဳးေတြက လာကန္ေတာ့တဲ့ အခါက်ရင္ တစ္ေယာက္တည္းလည္း အကန္ေတာ့မခံႏိုင္ဘူး။ အဲ့တာေၾကာင့္ Stayေရွာင္မယ္လို႔စဥ္းစားထားေပမဲ့ ေရွာင္မယ္မေရွာင္ဘူးကေတာ့ မေသခ်ာေသးပါဘူး။”လို႔ ပိုးၾကာျဖဴခင္ရဲ႕ မိခင္ျဖစ္သူကဝမ္းနည္းစြာနဲ႔ ရင္ဖြင့္လာတာပဲျဖစ္ပါတယ္။

ပိုးၾကာျဖဴခင္ ကိုယ္တိုင္ကေတာ့ သီတင္းကြၽတ္မွာ မိသားစုစုံစုံလင္လင္မရွိႏိုင္ေတာ့ေပမဲ့လည္း “အခုလာမယ့္ သီတင္းကြၽတ္မွာေတာ့ ကမာၻေပၚမွာရွိတဲ့ မိဘေတြေရာ၊ မိဘေတြကို ခ်စ္တဲ့ သားသမီးေတြေရာ ကိုယ္ခ်စ္တဲ့မိသားစု ေတြနဲ႔ သိုက္သိုက္ဝန္းဝန္း၊ခ်စ္ခ်စ္ခင္ခင္နဲ႔ ဆုံေတြ႕ႏိုင္ပါေစလို႔” ဆုေတာင္းေပးထားပါေသးတယ္။CeleGabar ပရိသတ္ႀကီးေရ ေဖေဖ့ကို လြမ္းေနတဲ့ ဆိုင္းမိုင္ေလးအတြက္ အားေပးစကားေလးေတြေျပာသြားေပးပါဦးေနာ္။

Source : Exclusive On CeleGabar
Chilli – CeleGabar
ယူနီကုတ္ျဖင့္ဖတ္ရန္။

“ဖေဖေမရှိတော့တာကြောင့် သီတင်းကျွတ်တိုင်းမှာ မိသားစုမစုံလင်ဘူးလို့ဆိုလာတဲ့ ပိုးကြာဖြူခင်”

ပိုးကြာဖြူခင်ကတော့ MRTV-4 ကထုတ်လွှင့်ပြသတဲ့ “ဝင်္ကပါစံအိမ်”၊”မိုးကောင်းကင်အိမ်မက်”၊”ကြယ်ကလေးရဲ့ကောင်းကင်”စတဲ့ဇာတ်လမ်တွဲတွေကနေ ပရိသတ်တွေရဲ့ ရင်ထဲကအချစ်တွေကို သိမ်းပိုက်ထားနိုင်တဲ့ မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။”မိုးကောင်းကင်အိမ်မက်”ရုပ်သံဇာတ်လမ်းတွဲကတော့ သူမရဲ့နာမည်အရင်းထက် “ဆိုင်းမိုင်”လို့ ပရိသတ်တွေ ချစ်စနိုးနဲ့ခေါ်ဆိုကြတဲ့အထိကို အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်တွဲပါ။ ဒါပေမဲ့လည်း သူမအတွက်ကတော့ ဒီဇာတ်လမ်းလေး ဇာတ်သိမ်းပိုင်းလွှင့်ခဲ့တဲ့နေ့ (၂၀၁၈)ခုနှစ်၊စက်တင်ဘာလ (၁၇)ရက်နေ့ကတော့ ပိုးကြာဖြူခင်ရဲ့ဖေဖေ ကွယ်လွန်ခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ပိုးကြာဖြူခင်ရဲ့ ဖေဖေကွယ်လွန်ခဲ့တာဟာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်ပြီး တစ်နှစ်ပြည့်မြောက်တဲ့ နေ့လေးမှာလည်း ဖခင်အတွက် ရည်စူးပြီး အလှူအတန်းတွေပြုလုပ်ပေးခဲ့ပါသေးတယ်။ သီတင်းကျွတ်တိုင်းမှာ မိသားစုစုံစုံလင်လင်ရှိခဲ့ပေမယ့် ဒီနှစ်တွေမှာ စုံစုံလင်လင်မရှိတော့တာကြောင့် ဝမ်းနည်းနေရတဲ့ အကြောင်းကို “မနှစ်ကတော့ ပါပါးဆုံးပြီးတာ မကြာသေးပေမဲ့ ဖားကန့်ကို သွားနေရတာကြောင့် ယောက်ျားဆုံးတာ ပူပူနွေးနွေးဖြစ်နေတဲ့ အခါကျတော့ မသိသာလိုက်ဘူး။ ဒီနှစ်ကတော့ အရမ်းသိသာသွားပြီ အမျိုးတွေက လာကန်တော့တဲ့ အခါကျရင် တစ်ယောက်တည်းလည်း အကန်တော့မခံနိုင်ဘူး။ အဲ့တာကြောင့် Stayရှောင်မယ်လို့စဉ်းစားထားပေမဲ့ ရှောင်မယ်မရှောင်ဘူးကတော့ မသေချာသေးပါဘူး။”လို့ ပိုးကြာဖြူခင်ရဲ့ မိခင်ဖြစ်သူကဝမ်းနည်းစွာနဲ့ ရင်ဖွင့်လာတာပဲဖြစ်ပါတယ်။

ပိုးကြာဖြူခင် ကိုယ်တိုင်ကတော့ သီတင်းကျွတ်မှာ မိသားစုစုံစုံလင်လင်မရှိနိုင်တော့ပေမဲ့လည်း “အခုလာမယ့် သီတင်းကျွတ်မှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ မိဘတွေရော၊ မိဘတွေကို ချစ်တဲ့ သားသမီးတွေရော ကိုယ်ချစ်တဲ့မိသားစု တွေနဲ့ သိုက်သိုက်ဝန်းဝန်း၊ချစ်ချစ်ခင်ခင်နဲ့ ဆုံတွေ့နိုင်ပါစေလို့”
ဆုတောင်းပေးထားပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ ဖေဖေ့ကို လွမ်းနေတဲ့ ဆိုင်းမိုင်လေးအတွက် အားပေးစကားလေးတွေပြောသွားပေးပါဦးနော်။

Source : Exclusive On CeleGabar
Chilli – CeleGabar

Top
//doruffleton.com/4/3018672