
Source – Lwin Moe’s FB,CRD-Myanmarload
UNICODE
ပါးလေးဖောင်းဖောင်းလေးနဲ့ ပရိသတ်တွေသာမကပဲ အနုပညာရှင်တိုင်းကပါ အသည်းတုန်အောင် ချစ်နေရသူလေးကတော့ ယွန်းဝတီလွင်မိုးရဲ့ သားချောလေး Liam လေးပါ။ သူ့ရဲ့လှုပ်ရှားမှုတိုင်းဟာလည်း လူတိုင်းကို အသည်းယားပြီး အချစ်ပိုစေတာပါ။
အဖွားဖြစ်သူကလည်း သားလေးရဲ့ လှုပ်ရှားမှုဗီဒီယိုတိုင်းကို ပရိသတ်တွေအတွက် ဝေမျှပေးလေ့ရှိတာပါ။ ဖိုးဖိုးနဲ့ဖွားဖွားဟာလည်း တစ်ဦးတည်းသော မြေးလေးဖြစ်တာကြောင့် ချစ်မဝဖြစ်နေရတာပါ။ သားလေးဟာလည်း သူ့ရဲ့ ကစားစရာလေးများနဲ့ ကစားနေရရင်ကို ပျော်ရွှင်နေတဲ့သူတစ်ယောက်ပါ။
အခုမှာလည်း သရုပ်ဆောင်လွင်မိုးရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ ဒါကတော့ ” ဘယ်လိုလုပ်မလည်းတနှစ်နဲ့နှစ်လမပြည့်သေးဘူးဖုံးဘယ်လိုနှိပ်ရတယ်ဆိုတာသိနေတယ်” ဆိုပြီး ရေးသားထားတာဖြစ်ပြီး မြေးလေးက သူ့ရဲ့ဖုန်းလေးကိုယူကာလျှောက်ကလိနေတာပါ။ ပရိသတ်တွေအတွက် Liam လေးရဲ့ဗီဒီယိုလေးကိုတစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။