You are here
Home > အနုပညာ > ဖေဖေမြင့်မြတ်ရဲ့လက်ကိုဆွဲပြီး သွားချင်တဲ့နေရာတွေကိုလျှောက်သွားကာ အရမ်းပျော်ရွှင်နေတဲ့ မြတ်သူလေး

ဖေဖေမြင့်မြတ်ရဲ့လက်ကိုဆွဲပြီး သွားချင်တဲ့နေရာတွေကိုလျှောက်သွားကာ အရမ်းပျော်ရွှင်နေတဲ့ မြတ်သူလေး




credit-myanmarload

UNICODE

ပရိသတ်ကြီးရေ အကယ်ဒမီမြင့်မြတ်ကတော့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး မိသားစုအတွက်လိုလေသေးမရှိအောင်ဂရုစိုက်စောင့်ရှောက်ပေးတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။မြင့်မြတ်က ချစ်စရာကောင်းတဲ့သားသားလေးရယ် ချစ်ဇနီးရယ်နဲ့အတူ ပျော်ရွှင်အေးချမ်းစွာနဲ့ ဘဝခရီးကိုလျှောက်လှမ်းနေတာပါ။သားလေးမြတ်သူကလည်း အရမ်းချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေက ဂျူနီယာမြင့်မြတ်လေးဆိုပြီး အရမ်းချစ်ကြပါတယ်။

မြင့်မြတ်ကလည်း သားလေးကိုမျက်စိအောက်ကအပျောက်မခံဘဲ ရှုတင်တွေကိုလည်းခေါ်သွားလေ့ရှိသလို အားတဲ့အချိန်တိုင်းလည်း မြတ်သူလေးနဲ့အတူတူဆော့ကစားပေးပြီး ထိန်းကျောင်းပါတယ်နော်။မြတ်သူလေးကတော့ ဖြူဖြူဖွေးဖွေးလုံးလုံးလေးနဲ့ အရမ်းပဲချစ်ဖို့ကောင်းပြီး တီတီတာတာစကားလေးတွေပြောတတ်တာကြောင့် မြင့်မြတ်တို့တစ်မိသားစုလုံးရဲ့ အသည်းကျော်လေးဖြစ်ပါတယ်။

မြတ်သူလေးက ကားမောင်းရတာကိုအရမ်းကြိုက်နှစ်သက်ပြီး ဖေဖေနဲ့အတူတူဆော့ကစားနေရရင်လည်း ပျော်ရွှင်နေတတ်ပါတယ်နော်။မြတ်သူလေးကတော့ လမ်းလျှောက်တတ်တဲ့အရွယ်ရောက်နေပြီဖြစ်လို့ အခုဆိုရင်လည်း ဖေဖေ့ရဲ့လက်ကိုဆွဲကို ပျော်ပျော်ရွှင်ရွှင်လမ်းလျှောက်နေပြီး သားလေးကိုကြည့်ကာပီတိဖြစ်နေတဲ့ ဖေဖေမြင့်မြတ်ရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Top
//doruffleton.com/4/3018672