ကလေးလေးတစ်ယောက် လွတ်လပ်ပေါ့ပါးပြီး ချစ်ဖို့ကောင်းလွန်းနေတဲ့ ရွှေကစ်လေး

ေဇာ္ဂ်ီ / ယူနီကုဒ်

ယူနီကုဒ်ဖြင့်ဖတ်ရန်

ကလေးလေးတစ်ယောက် လွတ်လပ်ပေါ့ပါးပြီး ချစ်ဖို့ကောင်းလွန်းနေတဲ့ ရွှေကစ်လေး

ရွှေကစ်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်တွေရဲ့ အသည်းကျော်လေး ဝတ်မှုံရွှေရည်ကတော့ အောင်မြင်တဲ့ ထိပ်တန်းမင်းသမီးလေးတစ်ဦးဖြစ်သလို ကလေးလေး တစ်ယောက်လိုလည်း ချစ်ဖို့ကောင်းသူလေးပါ..။

ကျော့ရှင်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ ရွှေကစ်လေးကတော့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံးလှလှလေးတွေအပြင် အသည်းယားစရာအမူအရာလေးတွေနဲ့လည်း ဖမ်းစားတတ်သူလေးလည်း ဖြစ်ပါတယ်..။

ဒိတ်ဒိတ်ကြဲမင်းသမီးချောလေးအဖြစ် အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ ရွှေကစ်လေးဟာ အခမ်းအနားပွဲတော်တော်များမျာကို တက်ရောက်နေပြီး Oppo ရဲ့ ပွဲလေးကိုလည်း တက်ရောက်ခဲ့ပြန်ပါတယ်..။

Oppo ရဲ့ အခမ်းအနားပွဲလေးဖြစ်တဲ့ Oppo Reno 2 2F First Sale Event ပွဲလေးကို အခြားအနုပညာရှင်မင်းသားချောလေးနှစ်ယောက်နဲ့အတူ တက်ရောက်ခဲ့တာဖြစ်ပြီး ကျော့ရှင်းစွာလှနေတဲ့ ရွှေကစ်လေးကတော့ ကလေးလေးတစ်ယောက်လိုလည်း ချစ်ဖို့ကောင်းနေပါတယ်နော်..။

အစိမ်းရောင်ဖက်ရှင်လေးနဲ့ ကျော့ရှင်းစွာ လှရက်လွန်းနေပြီး ချစ်စရာ အပြုံးချိုချိုလေးနဲ့ မြင်သူတိုင်းကို ရင်အေးစေတဲ့ သူမရဲ့ ပုံရိပ်လေးကိုတော့ ပရိသတ်တွေတိုင်း အချစ်ပိုနေကြမှာပါနော်..။

ဒီကနေ့လေးမှာတော့ ချစ်ရတဲ့ အသည်းကျော်ရွှေကစ်လေးရဲ့ ချစ်စရာပွဲတက်ပုံရိပ်လေးတွေကိုလည်း အားလုံးအတွက် မျှဝေပေးလိုက်တာမို့ အသည်းလေးတွေ ပေးသွားဖို့ မမေ့ပါနဲ့ဦးနော်..။

ဇော်ဂျီဖြင့်ဖတ်ရန်






