လတိုင်းထီပေါက်တဲ့အပြင် အခုလမှာလည်း အောင်ဘာလေထီဆု(၃)ဆုတောင် ဆွတ်ခူးရရှိခဲ့ပြန်တဲ့ ရတနာမိုင်

ေဇာ္ဂ်ီ / ယူနီကုဒ်

ယူနီကုဒ်ဖြင့်ဖတ်ရန်

လတိုင်းထီပေါက်တဲ့အပြင် အခုလမှာလည်း အောင်ဘာလေထီဆု(၃)ဆုတောင် ဆွတ်ခူးရရှိခဲ့ပြန်တဲ့ ရတနာမိုင်

အဆိုတော်၊ သရုပ်ဆောင် မင်းသမီးချောလေး ရတနာမိုင်ကတော့ ရုပ်ရည်လေးကချောမောလှပသလို အသံကလည်း နားဆင်သူတွေရဲ့ရင်ထဲထိစွဲစေလောက်အောင် သာယာချိုမြနေတာ ဖြစ်ပါတယ်။ ရတနာမိုင်က အချစ်သီချင်းကောင်းလေးတွေကို သီဆိုတတ်သလို တစ်ကိုယ်တော်အခွေတွေလည်း ထွက်ရှိအောင်မြင်ခဲ့ပါယ်။ လက်ရှိမှာလည်း ရတနာမိုင်က တေးသီချင်းလေးတွေ သီဆိုဖျော်ဖြေရင်း အနုပညာအလုပ်တွေလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ရတနာမိုင်က အောင်ဘာလေထီနဲ့ပတ်သက်ရင် တကယ့်ကိုကံကောင်းသူလေးလို့တောင် ဆိုနိုင်ပါတယ်။ ရတနာမိုင်က လစဉ်လတိုင်းဆိုသလို အောင်ဘာလေထီဆုတွေ တစ်ဆုထက်မနည်း ဆွတ်ခူးရရှိနေတာပဲ ဖြစ်ပါတယ်။ ယခုနိုဝင်ဘာလအစမှာဆိုရင်လည်း ရတနာမိုင်က (၁) သိန်းဆု(၁)ဆု ၊ ငါးသောင်းဆု (၂) ဆု စုစုပေါင်းထီဆုသုံးဆုတိတိ ထပ်မံကံထူးခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ရတနာမိုင်က ” တောင်ကြီးကနေအိမ်ပြန်ရောက်ရောက်ချင်းထီတိုက်လိုက်တာ ၁ သိန်းဆု ၁ ဆု ငါးသောင်းဆု ၂ ဆု အများကြီး ပေါက်ပါလားနော် အလှူတွေအများကြီးလုပ်ရအောင် နောက်လဆို သိန်း ၁ သောင်းခွဲပေါက်မှပဲတင်တော့မျယ်နော် ps-ထီထိုးတဲ့ဆိုင်ကဖုန်းလေးတောင်မဆက်ဘူး ကိုယ်ပြန်တိုက်ကြည့်လို့ပေါ့ ” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ လတိုင်းထီကံကောင်းတဲ့ ရတနာမိုင်ကိုကြည့်ပြီး အားကျနေရတာပဲ ဖြစ်ပါတယ်။

ဇော်ဂျီဖြင့်ဖတ်ရန်



