စပွန်ဆာယူတယ် ဆိုပြီးဝိုင်းပုတ်ခက် တဲ့အပေါ် ဒဲ့ရှင်း လိုက်တဲ့ M RTV 4 ရုပ်သံဇာတ်လမ်းတွဲများရဲ့ ပင်တိုင်မင်းသမီး

ေဇာ္ဂ်ီ / ယူနီကုဒ်

ယူနီကုဒ်ဖြင့်ဖတ်ရန်

စပွန်ဆာယူတယ် ဆိုပြီးဝိုင်းပုတ်ခက် တဲ့အပေါ် ဒဲ့ရှင်း လိုက်တဲ့ M RTV 4 ရုပ်သံဇာတ်လမ်းတွဲများရဲ့ ပင်တိုင်မင်းသမီး

M RTV 4 ရုပ်သံဇာတ်လမ်းတွဲများရဲ့ ပင်တိုင်မင်းသမီးတစ်လက် အဖြစ် အနုပညာလောကထဲတွင် ရပ်တည်နေသူများထဲက တစ်ယောက်အပါအဝင်ဖြစ်ပြီး သူမရဲ့ ထူးခြားတဲ့ အနုပညာစွမ်းရည်များကြောင့် ပရိသတ်အခိုင်အမာရရှိထားတဲ့ ခေးဆက်သွင်ကတော့ နာမည်ရလာတဲ့ မင်သမီးတိုင်းရင်ဆိုင်ရတဲ့ စပွန်ဆာယူတယ်လို့ ဝေဖန်ခံရမှုကို စတင်ခံနေရပြီလည်းဖြစ်ပါတယ်။

လက်ရှိမှတော့ စပွန်ဆာ ယူတယ်ဆိုပြီးဝိုင်းပုတ်ခက်တဲ့အပေါ် သူကတော့ “နောက်ကွယ်မှာပဲပြောပြော ရှေ့မှာပဲ ပြောပြော ဘယ်သူနဲ့မှ ဘယ်လိုမှ ပတ်သတ်ခြင်း မရှိတဲ့အတွက် လိပ်ပြာသန့်ပါတယ်….။

ကိုယ့်မှာ ရန်သူမရှိတဲ့အတွက် လူတိုင်းက ကိုယ့်အတွက်မိတ်ဆွေ ဖြစ်နိုင်ပါတယ်… လူမြင်ကွင်းမှာပဲ သွားလာပါတယ် သူငယ်ချင်းတွေကလည်း မှဲ့တစ်ပေါက်မစွန်းအောင် စောင့်ရှောက်နေပါတယ်..ဘယ်နိုင်ငံခြားမှလည်း မထွက်နိုင်သလို ဘယ် ၃ထပ်တိုက်ကြီးမှလည်း ဝုန်းကနဲ အမွေရသလို မဆောက်နိုင်သေးပါဘူး။

ဘရန်းဒတ် စလင်းဘတ်တွေလည်း အလုံး ၄၀လောက် မကိုင်နိုင်သေးပါဘူး အိမ်က ကားတစ်စီးတောင် အကိုနဲ့လုစီးနေရလို့ နယ်သွားဖို့ ကားသတ်သတ်ငှားစီးထားရတာပါဆင့် တော်သေးပြီ ကျိုင်းဇူးပါဆင့်” လို့သူရဲ့ လူမှုကွန်ရက် စာမျက်နာမှ ပညာသားပါပါ ဒဲ့ရှင်းလိုက်ပါတယ်။

သူကတော့ မကြာသေးမီကမှ ထုတ်လွှင့်ပြသခဲ့တဲ့ စာရေးဆရာမကြီး မစန္ဒာ ရဲ့အောင်မြင်ကျော်ကြာသော “နှင်းဆီ” ဝတ္ထုအားပြန်လည်ပုံဖော်ရိုက်ကူးထားသည့် “နှင်းဆီ”ရုပ်သံဇာတ်လမ်းတွဲကြီးမှာလည်း အဓိကဇာတ်ကောင်ဖြစ်တဲ့ ” မမနှင်း” ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားသူလည်းဖြစ်ပါတယ်။

ပရိသတ်ကြီးရေ လူတွေကတော့ခက်တယ်နော် နည်းနည်းလေးအောင်မြင်တာနဲ့ ဝေဖန်တိုက်ခိုက်ကြတော့တာပဲ။

ဇော်ဂျီဖြင့်ဖတ်ရန်





