မအူဝဲကို ကြည့်ရတာ အသက်ကြီးလာတယ်လို့ကို မထင်ရဘူး ဆိုတဲ့ နေတိုး

ေဇာ္ဂ်ီ / ယူနီကုဒ်

ယူနီကုဒ်ဖြင့်ဖတ်ရန်

နေတိုးကတော့ အိန္ဒြာကျော်ဇင်နဲ့သူနဲ့ အသက်ငါးနှစ်လောက် ကွာမယ်ထင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း မအူဝဲက အသက်ကြီးလာတယ်လို့ကို မထင်ရတာပါတဲ့။

နေတိုးကတော့ အိန္ဒြာကျော်ဇင်ရဲ့ နုပျိုမှုကို ပြောပြလာတာပါ။ သူနဲ့ အသက်ငါးနှစ်လောက် ကွာမယ်လို့ ထင်ရပေမယ့်လည်း အခုချိန်ထိ နုပျိုနေတဲ့ အိန္ဒြာကျော်ဇင်ကို အသက်ကြီးလာတယ်လို့ကို မမြင်မိဘူးလို့ ဆိုပါတယ်။

“ကိုနေတိုးဆိုပြီး မအူဝဲက နောက်နောက်ပြီးခေါ်တာ။ကျွန်တော်နဲ့ဆို ၅နှစ်လောက် ကွာမယ်ထင်တယ်။ သေချာတော့ မမေးမိဘူး။ အသက်မေးရင်တချို့ကျတော့ စိတ်ဆိုးတတ်လို့ မမေးဘူး(ရယ်လျက်)။ မအူဝဲက နုတယ်လို့ ပြောလို့ရတယ်။ အရင်တုန်းက မြင်ခဲ့တဲ့ ပုံစံအတိုင်းလေးလို့ပဲ ထင်မိပါတယ်။ ကြီးသွားတယ်လို့ မထင်မိဘူး” ဆိုပြီးနိုဝင်ဘာ(၂) ရက်နေ့က ပြုလုပ်ခဲ့တဲ့ Box no. 88 ပွဲမှာ ပြောပြခဲ့တာပါ။

အိန္ဒြာကျော်ဇင်ရဲ့ နုပျိုမှုကတော့ ပရိသတ်တွေအားကျရလောက်ပါတယ်။ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦး ဖြစ်ပေမယ့်လည်း အခုချိန်ထိ သူမရဲ့ အလှအပကို ထိန်းထားနိုင်တာကလည်း အံ့သြဖို့ ကောင်းလှပါတယ်။ သူမကတော့ အခုလိုနုပျိုနေတာ ပျော်ပျော်နေတတ်တာကြောင့်လို့ အင်တာဗျူး တော်တော်များများမှာ ဖြေဆိုဖူးတာ တွေ့ရပါတယ်။

မကြာခင်မှာလည်း သူတို့နှစ်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ Box No.88 ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ အတွဲသရုပ်ဆောင်မှုကို လွမ်းနေတဲ့ ပရိသတ်တွေအတွက် ဒီကားလေးက အလွမ်းပြေစေမှာပါ။

“၂၀၁၉မှာ အမနဲ့အတူ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားက နှစ်ကားပေါ့။ ဒီကားကတော့ ၂၀၁၉ အတွက် အမနဲ့ သရုပ်ဆောင်ထားတာ နောက်ဆုံးကားဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အရင်တုန်းကတည်းက မှတ်မှတ်ရရ ရှိခဲ့တယ်။ ကျွန်တော်တို့ကို ဟိုးအရင်ကတည်းက အားပေးလာတဲ့ ပရိသတ်တွေကိုလည်း ဒီကားလေးက အစ်မနဲ့ နှစ်ယောက် အရမ်းကြိုးစားထားတဲ့ ကားလေးဖြစ်တာကြောင့် အားပေးပါဦးလို့လည်း ပြောချင်ပါတယ်” လို့ နေတိုးက ဆိုပါတယ်။

နေတိုးနဲ့ အိန္ဒြာကျော်ဇင်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Box No.88 ဇာတ်ကားကို နိုဝင်ဘာ(၆) ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Credit : Cele Yatkwat

ေဇာ္ဂ်ီျဖင့္ဖတ္ရန္

ေနတိုးကေတာ့ အိျႏၵာေက်ာ္ဇင္နဲ႔သူနဲ႔ အသက္ငါးႏွစ္ေလာက္ ကြာမယ္ထင္တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္လည္း မအူဝဲက အသက္ႀကီးလာတယ္လို႔ကို မထင္ရတာပါတဲ့။

ေနတိုးကေတာ့ အိျႏၵာေက်ာ္ဇင္ရဲ႕ ႏုပ်ိဳမႈကို ေျပာျပလာတာပါ။ သူနဲ႔ အသက္ငါးႏွစ္ေလာက္ ကြာမယ္လို႔ ထင္ရေပမယ့္လည္း အခုခ်ိန္ထိ ႏုပ်ိဳေနတဲ့ အိျႏၵာေက်ာ္ဇင္ကို အသက္ႀကီးလာတယ္လို႔ကို မျမင္မိဘူးလို႔ ဆိုပါတယ္။

“ကိုေနတိုးဆိုၿပီး မအူဝဲက ေနာက္ေနာက္ၿပီးေခၚတာ။ကြၽန္ေတာ္နဲ႔ဆို ၅ႏွစ္ေလာက္ ကြာမယ္ထင္တယ္။ ေသခ်ာေတာ့ မေမးမိဘူး။ အသက္ေမးရင္တခ်ိဳ႕က်ေတာ့ စိတ္ဆိုးတတ္လို႔ မေမးဘူး(ရယ္လ်က္)။ မအူဝဲက ႏုတယ္လို႔ ေျပာလို႔ရတယ္။ အရင္တုန္းက ျမင္ခဲ့တဲ့ ပုံစံအတိုင္းေလးလို႔ပဲ ထင္မိပါတယ္။ ႀကီးသြားတယ္လို႔ မထင္မိဘူး” ဆိုၿပီးႏိုဝင္ဘာ(၂) ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ Box no. 88 ပြဲမွာ ေျပာျပခဲ့တာပါ။

အိျႏၵာေက်ာ္ဇင္ရဲ႕ ႏုပ်ိဳမႈကေတာ့ ပရိသတ္ေတြအားက်ရေလာက္ပါတယ္။ အိမ္ေထာင္ရွင္အမ်ိဳးသမီးတစ္ဦး ျဖစ္ေပမယ့္လည္း အခုခ်ိန္ထိ သူမရဲ႕ အလွအပကို ထိန္းထားႏိုင္တာကလည္း အံ့ၾသဖို႔ ေကာင္းလွပါတယ္။ သူမကေတာ့ အခုလိုႏုပ်ိဳေနတာ ေပ်ာ္ေပ်ာ္ေနတတ္တာေၾကာင့္လို႔ အင္တာဗ်ဴး ေတာ္ေတာ္မ်ားမ်ားမွာ ေျဖဆိုဖူးတာ ေတြ႕ရပါတယ္။

မၾကာခင္မွာလည္း သူတို႔ႏွစ္ဦး ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Box No.88 ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီး ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးရဲ႕ အတြဲသ႐ုပ္ေဆာင္မႈကို လြမ္းေနတဲ့ ပရိသတ္ေတြအတြက္ ဒီကားေလးက အလြမ္းေျပေစမွာပါ။

“၂၀၁၉မွာ အမနဲ႔အတူ သ႐ုပ္ေဆာင္ခဲ့တဲ့ ဇာတ္ကားက ႏွစ္ကားေပါ့။ ဒီကားကေတာ့ ၂၀၁၉ အတြက္ အမနဲ႔ သ႐ုပ္ေဆာင္ထားတာ ေနာက္ဆုံးကားျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း အရင္တုန္းကတည္းက မွတ္မွတ္ရရ ရွိခဲ့တယ္။ ကြၽန္ေတာ္တို႔ကို ဟိုးအရင္ကတည္းက အားေပးလာတဲ့ ပရိသတ္ေတြကိုလည္း ဒီကားေလးက အစ္မနဲ႔ ႏွစ္ေယာက္ အရမ္းႀကိဳးစားထားတဲ့ ကားေလးျဖစ္တာေၾကာင့္ အားေပးပါဦးလို႔လည္း ေျပာခ်င္ပါတယ္” လို႔ ေနတိုးက ဆိုပါတယ္။

ေနတိုးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ အဓိက ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Box No.88 ဇာတ္ကားကို ႏိုဝင္ဘာ(၆) ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။

Credit : Cele Yatkwat