တရုတ်နိုင်ငံမှ နာမည်ကြီးဂီတပညာရှင် ဝူဝေနဲ့အတူ ဖျော်ဖြေတင်ဆက်နေတဲ့ အေးမြဖြူရဲ့ ဗီဒီယို

ေဇာ္ဂ်ီ / ယူနီကုဒ်

ယူနီကုဒ်ဖြင့်ဖတ်ရန်

အသက်ငယ်ငယ်လေးနဲ့ ဆွဲဆောင်မှုအပြည့်ရှိပြီး ကြည့်လင်ပြတ်သားလှအသံလေးနဲ့ တည်ငြိမ်စွာ သီချင်းတွေကို သီဆိုနိုင်တဲ့ Myanmar Idol ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ အေးမြဖြူကတော့ တရုတ်နိုင်ငံမှ နာမည်ကြီးဂီတပညာရှင် ဝူဝေနဲ့အတူ ဖျော်ဖြေခဲ့ပါတယ်။သူတို့(၂)ဦးရဲ့ ဖျော်ဖြေမှုကိုတော့ “Chinese Sheng Virtuoso Wu Wei နဲ့ MEBC ကျောင်းသူ အေးမြဖြူတို့ရဲ့..မတူညီတဲ့ အသံတွေပေါင်းစပ်မှု… MusicArt Project Art director: Sigune von Osten (President of MEBC) ” လို့ MEBC – MusicArt Academy ရဲ့ တရားဝင် လူမှုကွန်ရက် စာမျက်နှာမှာ ဗီဒီယိုဖိုင်လေးနဲ့အတူ ဖော်ပြထားပါတယ်။

အေးမြဖြူကတော့ ငယ်စဉ်ကတည်းကသီချင်းဆိုပြိုင်ပွဲတွေမှာ ဆုတွေရခဲ့တဲ့ အဆိုရှင်လေးဖြစ်ခဲ့ပြီး အခုဆိုရင် ပရိသတ်တွေရှေ့ကို ပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့ ပြန်လည်ထွက်ပေါ်လာတဲ့သူလည်းဖြစ်ပါတယ်။သူမရဲ့အသက်ကတော့ (၁၆) နှစ်သာရှိသေးတဲ့အပြင် မိသားစုကလည်း သူမရဲ့ ဝါသနာကို ပံံ့ပိုးအားပေးတာကြောင့် အနုပညာအပေါ်အားစိုက်ကာ ကြိုးစားမယ့် ပြိုင်ပွဲဝင်တစ်ယောက်လို့ ဆိုရမှာပါ။လက်ရှိမှာတော့ သူမဟာ ပရိသတ်တွေရဲ့ Winner အဖြစ်ကြိုတင်ခန့်မှန်းရလောက်တဲ့အထိကို ပရိသတ်ရဲ့အားပေးချစ်ခင်မှုကိုရရှိထားပါတယ်။

အေးမြဖြူနဲ့ တရုတ်နိုင်ငံမှ နာမည်ကြီးဂီတပညာရှင် ဝူဝေတို့ရဲ့ ပူးပေါင်းဖျော်ဖြေထားတဲ့သီချင်းလေးကတော့ သာယာငြိမ့်ငြောင်းပြီး ကျက်သရေရှိလှပါတယ်။ ပရိသတ်ကြီးအတွက် တရုတ်နိုင်ငံမှ နာမည်ကြီးဂီတပညာရှင် ဝူဝေနဲ့အတူ ဖျော်ဖြေတင်ဆက်နေတဲ့ အေမြဖြူရဲ့ ဗီဒီယိုဖိုင်ကိုမျှဝေပေးလိုက်ပါတယ်။

Video ကြည့်ရန်

Source : Cele Gabar

ေဇာ္ဂ်ီျဖင့္ဖတ္ရန္

အသက္ငယ္ငယ္ေလးနဲ႔ ဆြဲေဆာင္မႈအျပည့္ရွိၿပီး ၾကည့္လင္ျပတ္သားလွအသံေလးနဲ႔ တည္ၿငိမ္စြာ သီခ်င္းေတြကို သီဆိုႏိုင္တဲ့ Myanmar Idol ၿပိဳင္ပြဲဝင္တစ္ေယာက္ျဖစ္တဲ့ ေအးျမျဖဴကေတာ့ တ႐ုတ္ႏိုင္ငံမွ နာမည္ႀကီးဂီတပညာရွင္ ဝူေဝနဲ႔အတူ ေဖ်ာ္ေျဖခဲ့ပါတယ္။သူတို႔(၂)ဦးရဲ႕ ေဖ်ာ္ေျဖမႈကိုေတာ့ “Chinese Sheng Virtuoso Wu Wei နဲ႔ MEBC ေက်ာင္းသူ ေအးျမျဖဴတို႔ရဲ႕..မတူညီတဲ့ အသံေတြေပါင္းစပ္မႈ… MusicArt Project Art director: Sigune von Osten (President of MEBC) ” လို႔ MEBC – MusicArt Academy ရဲ႕ တရားဝင္ လူမႈကြန္ရက္ စာမ်က္ႏွာမွာ ဗီဒီယိုဖိုင္ေလးနဲ႔အတူ ေဖာ္ျပထားပါတယ္။

ေအးျမျဖဴကေတာ့ ငယ္စဥ္ကတည္းကသီခ်င္းဆိုၿပိဳင္ပြဲေတြမွာ ဆုေတြရခဲ့တဲ့ အဆိုရွင္ေလးျဖစ္ခဲ့ၿပီး အခုဆိုရင္ ပရိသတ္ေတြေရွ႕ကို ၿပိဳင္ပြဲဝင္တစ္ေယာက္အေနနဲ႔ ျပန္လည္ထြက္ေပၚလာတဲ့သူလည္းျဖစ္ပါတယ္။သူမရဲ႕အသက္ကေတာ့ (၁၆) ႏွစ္သာရွိေသးတဲ့အျပင္ မိသားစုကလည္း သူမရဲ႕ ဝါသနာကို ပံံ့ပိုးအားေပးတာေၾကာင့္ အႏုပညာအေပၚအားစိုက္ကာ ႀကိဳးစားမယ့္ ၿပိဳင္ပြဲဝင္တစ္ေယာက္လို႔ ဆိုရမွာပါ။လက္ရွိမွာေတာ့ သူမဟာ ပရိသတ္ေတြရဲ႕ Winner အျဖစ္ႀကိဳတင္ခန္႔မွန္းရေလာက္တဲ့အထိကို ပရိသတ္ရဲ႕အားေပးခ်စ္ခင္မႈကိုရရွိထားပါတယ္။

ေအးျမျဖဴနဲ႔ တ႐ုတ္ႏိုင္ငံမွ နာမည္ႀကီးဂီတပညာရွင္ ဝူေဝတို႔ရဲ႕ ပူးေပါင္းေဖ်ာ္ေျဖထားတဲ့သီခ်င္းေလးကေတာ့ သာယာၿငိမ့္ေျငာင္းၿပီး က်က္သေရရွိလွပါတယ္။ ပရိသတ္ႀကီးအတြက္ တ႐ုတ္ႏိုင္ငံမွ နာမည္ႀကီးဂီတပညာရွင္ ဝူေဝနဲ႔အတူ ေဖ်ာ္ေျဖတင္ဆက္ေနတဲ့ ေအျမျဖဴရဲ႕ ဗီဒီယိုဖိုင္ကိုမွ်ေဝေပးလိုက္ပါတယ္။

Source : Cele Gabar