ဘွဲ့ရသွားပြီဖြစ်တဲ့ တူချောလေးနဲ့ တူမချောလေးကို ပွဲထုတ်မိတ်ဆက်လိုက်တဲ့ ထက်ထက်မိုးဦး

ေဇာ္ဂ်ီ / ယူနီကုဒ်

ယူနီကုဒ်ဖြင့်ဖတ်ရန်

သရုပ်ဆောင်ထက်ထက်မိုးဦးက ဒီနေ့မှာ ဘွဲ့ရသွားပြီဖြစ်တဲ့ တူချောလေးနဲ့ တူမချောလေးကို ပွဲထုတ်မိတ်ဆက်ပြလိုက်ပါတယ်။ တူလေးက ဒီနေ့ဘွဲ့ယုူတဲ့နေ့ဖြစ်ပြီး တူမလေးကတော့ အတူလိုက်ပါလာတာပဲ ဖြစ်ပါတယ်။

သူမအစ်ကိုရဲ့ ရင်သွေးလေးတွေဖြစ်ပြီး သူမရဲ့ တူနဲ့ တူမတော်တဲ့သူတွေကို ထက်ထက်က ဘွဲ့ယူရာမှာ အတူလိုက်ပါပေးခဲ့ရင်း ယောင်းမ၊ တူ၊ တူမတွေနဲ့အတူတူ ပျော်ရွှင်စွာ live လွှင့်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ဗီဒီယိုလေးထဲမှာ ထက်ထက်တစ်ယောက် အရမ်းပျော်နေတာကို တွေ့ရပြီး ထက်ထက်က သူမကိုယ်တိုင် ပညာရေးအားနည်းခဲ့လို့ တစ်ခြားသူတွေအတွက် ပညာရေးကိုအလေးပေး ကူညီလေ့ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။

သရုပ်ဆောင်ထက်ထက်မိုးဦးဟာ လက်ရှိအချိန်မှာ အိမ်ထောင်ရေးကံမကောင်းခဲ့သလို သမီးလေးဖြစ်သူနဲ့လည်း အဆက်အသွယ် မရဘူးလို့ အင်တာဗျူးတစ်ချို့မှာ ဖြေထားတာ တွေ့ရပါတယ်။ သူမကတော့ သူမရဲ့ သမီးလေးကို အသက်လောက်ချစ်တယ်လို့လည်း ထက်ထက်က ဆိုထားတာပါ။

ထက်ထက်မိုးဦးအနေနဲ့ သာသနာ့ဘောင်ဝင်ရာကနေ ထွက်လာပြီးချိန်ကစပြီး အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လို လုပ်ကိုင်နေတာတွေ့ရပြီး ဆိုရှယ်မီဒီယာကိုရော Tik tok ကိုပါ အဆင်ပြေပြေ အသုံးပြုလာနိုင်တာကြောင့် သူမရဲ့ ပရိသတ်တွေက သူမအတွက် ဝမ်းသာနေကြတာဖြစ်ပါတယ်။ ထက်ထက်ရဲ့ တူလေး ဘွဲ့ယူပြီးချိန် သူမတို့ တူဝရီးတွေရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Video ကြည့်ရန်

Credit- We Love Cele

ေဇာ္ဂ်ီျဖင့္ဖတ္ရန္

သ႐ုပ္ေဆာင္ထက္ထက္မိုးဦးက ဒီေန႔မွာ ဘြဲ႕ရသြားၿပီျဖစ္တဲ့ တူေခ်ာေလးနဲ႔ တူမေခ်ာေလးကို ပြဲထုတ္မိတ္ဆက္ျပလိုက္ပါတယ္။ တူေလးက ဒီေန႔ဘြဲ႕ယုူတဲ့ေန႔ျဖစ္ၿပီး တူမေလးကေတာ့ အတူလိုက္ပါလာတာပဲ ျဖစ္ပါတယ္။

သူမအစ္ကိုရဲ႕ ရင္ေသြးေလးေတြျဖစ္ၿပီး သူမရဲ႕ တူနဲ႔ တူမေတာ္တဲ့သူေတြကို ထက္ထက္က ဘြဲ႕ယူရာမွာ အတူလိုက္ပါေပးခဲ့ရင္း ေယာင္းမ၊ တူ၊ တူမေတြနဲ႔အတူတူ ေပ်ာ္႐ႊင္စြာ live လႊင့္ခဲ့တာျဖစ္ပါတယ္။ သူမရဲ႕ ဗီဒီယိုေလးထဲမွာ ထက္ထက္တစ္ေယာက္ အရမ္းေပ်ာ္ေနတာကို ေတြ႕ရၿပီး ထက္ထက္က သူမကိုယ္တိုင္ ပညာေရးအားနည္းခဲ့လို႔ တစ္ျခားသူေတြအတြက္ ပညာေရးကိုအေလးေပး ကူညီေလ့ရွိသူတစ္ဦးလည္း ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ထက္ထက္မိုးဦးဟာ လက္ရွိအခ်ိန္မွာ အိမ္ေထာင္ေရးကံမေကာင္းခဲ့သလို သမီးေလးျဖစ္သူနဲ႔လည္း အဆက္အသြယ္ မရဘူးလို႔ အင္တာဗ်ဴးတစ္ခ်ိဳ႕မွာ ေျဖထားတာ ေတြ႕ရပါတယ္။ သူမကေတာ့ သူမရဲ႕ သမီးေလးကို အသက္ေလာက္ခ်စ္တယ္လို႔လည္း ထက္ထက္က ဆိုထားတာပါ။

ထက္ထက္မိုးဦးအေနနဲ႔ သာသနာ့ေဘာင္ဝင္ရာကေန ထြက္လာၿပီးခ်ိန္ကစၿပီး အႏုပညာလႈပ္ရွားမႈေတြ ဆက္တိုက္လို လုပ္ကိုင္ေနတာေတြ႕ရၿပီး ဆိုရွယ္မီဒီယာကိုေရာ Tik tok ကိုပါ အဆင္ေျပေျပ အသုံးျပဳလာႏိုင္တာေၾကာင့္ သူမရဲ႕ ပရိသတ္ေတြက သူမအတြက္ ဝမ္းသာေနၾကတာျဖစ္ပါတယ္။ ထက္ထက္ရဲ႕ တူေလး ဘြဲ႕ယူၿပီးခ်ိန္ သူမတို႔ တူဝရီးေတြရဲ႕ ဗီဒီယိုဖိုင္ေလးကိုလည္း ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Video ၾကည့္ရန္

Credit- We Love Cele