မြန်မာအိုင်ဒေါက အေးမြဖြူ ငယ်စဉ်အချိန်က ဂီတတံခါးလေးဖွင့်ပါဦးအစီအစဉ်မှာ ပြိုင်ပွဲဝင်ခဲ့တဲ့ ဗီဒီယို

ေဇာ္ဂ်ီ / ယူနီကုဒ်

ယူနီကုဒ်ဖြင့်ဖတ်ရန်

လက်ရှိမြန်မာ့ရုပ်သံအစီအစဉ်တွေမှာ ပြသနေတဲ့ Myanmar Idol Season 4 မှာဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲဝင် ယမင်းရုပ်လေး အေးမြဖြူ တစ်ယောက်ကတော့ပုရိသတွေက ဝန်းရံလာတဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမရဲ့ကြည်လင်တဲ့မျက်နှာလေးနဲ့ အေးမြတဲ့အပြုံးလေးတွေ၊ စူးရှတဲ့အသံလေးတွေကြောင့် ပုရိသတွေကတော့သူမကို သီချင်းဆိုတတ်တဲ့ယမင်းရုပ်လေးလို့ တင်စားခံရသူလေးလည်းဖြစ်ပါတယ်။

သူမဟာဆိုရင် ဂီတအနုပညာကိုဝါသနာခံပါသူဖြစ်ပြီးတော့ ကလေးဘဝကတည်းကဆိုကရေးတီးတွေမှာ ဆုတွေကိုယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ သူမက တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့်သူတွေကို စာပြပေးတဲ့အလုပ်ကို လုပ်ကိုင်တယ်လို့သိရပါတယ်။(စာသင်ချင်သူတွေ လက်ထောင်)

သူမကို ချစ်မြတ်နိုးတဲ့ ပရိသတ်တွေ အားလုံးအတွက် သူငယ်ငယ်က ပြိုင်ပွဲဝင်သီဆိုခဲ့တဲ့ ရုပ်သံအဟောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ ငယ်ငယ်ကတည်းက ချစ်စရာကောင်းတဲ့ အေးမြဖြူလေးကတော့ နာမည်နဲ့လည်း လိုက်ဖက်လွန်းပါတယ်။ အခုလာမယ့် Myanmar Idol မှာလည်း Winner ဖြစ်ပါစေနော်။

Video ကြည့်ရန်

ဇော်ဂျီဖြင့်ဖတ်ရန်




Video ကြည့်ရန်