“မိန်းမယူချင်နေပါပြီ” ဆိုတဲ့ ပရိသတ်အချစ်တော် အဆိုတော် G Fatt

ေဇာ္ဂ်ီ / ယူနီကုဒ်

ယူနီကုဒ်ဖြင့်ဖတ်ရန်

ကြွေလောက်တဲ့သီချင်းတွေကိုစာသားအလန်းတွေနဲ့အထာကျကျရေးဖွဲ့သီဆိုတတ်တဲ့အဆိုတော်GFattကတော့လူငယ်ဆန်လွန်းတဲ့သူ့ရဲ့အနုပညာကြောင့်ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားတာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ G Fatt ဟာ G Fatt One Man Show in Mandalay ပွဲကြီးအတွက် ပြင်ဆင်နေတာပဲဖြစ်ပါတယ်။

G Fatt ကတော့ ဝါအကျွတ်မှာ မင်္ဂလာပွဲတွေတက်ရင်း အားကျနေရပါတယ်။ G Fatt ကမင်္ဂလာပွဲတစ်ခုကိုသွားရင်း “မိန်းမယူချင်နေပါပြီ” ဆိုပြီး My Day မှာတင်ထားတာပဲဖြစ်ပါတယ်။

G Fatt နဲ့ နန်းဆုတို့ရဲ့ အချစ်ရေးဟာ ချစ်သူသက်တမ်း ၂ နှစ်ကျော်ခဲ့ပြီဖြစ်ပေမယ့် မကြာခင်အချိန်က အရမ်းချစ်ကြလို့ ဖြစ်တဲ့ ပြသနာလေးတွေကြောင့် ပရိသတ်တွေကြားမှာတော့ ထင်ကြေးအမျိုးမျိုးပေးနေကြတာပဲဖြစ်ပါတယ်။ ဘယ်လိုပဲထင်ကြေးပေးနေကြပါစေ G Fatt ကတော့ နန်းဆုရဲ့ Birthday ည ၁၂ တိတိ မှာ မွေးနေ့ဆုတောင်းပေးခဲ့ပါသေးတယ်။ ပရိသတ်ကြီးရော G Fatt ကို မိန်းမယူစေချင်ပြီလား ပြောခဲ့ကြပါဦးနော်။

ဇော်ဂျီဖြင့်ဖတ်ရန်


