သူငယ်ချင်းဖြစ်သူ ရှဲဒိုးရဲ့သား စေ့စပ်ပွဲနေ့မှာ တမလွန်က သူငယ်ချင်း ရှဲဒိုး ထံစားရေးခဲ့တဲ့ ကောင်းကျော်

ေဇာ္ဂ်ီ / ယူနီကုဒ်

ယူနီကုဒ်ဖြင့်ဖတ်ရန်

သို့

တမလွန်က သူငယ်ချင်း ရှဲဒိုး ???

ဒီနေ့ မင်းရဲ့တစ်ဦးတည်းသောသားလေး
ကောင်းဇင်ဟိန်းရဲ့ အချိန်တန်အရွယ်ရောက်လို့ သူချစ်တဲ့ ချစ်သူလေးကို စေ့စပ် တောင်းရမ်းတဲ့ ပွဲလေးကို မင်းကိုသိပ်ချစ်ခဲ့ကြတဲ့ သူငယ်ချင်း ရဲဘော်ရဲဘက်
တွေ မင်းကိုယ်စား မင်းသားလေးမျက်နှာမငယ်ရအောင် သွားပြီး စေ့စပ် တောင်းရမ်းပေးခဲ့တယ်နော် သူငယ်ချင်း ????
တို့အထဲက အကိုအကြီးဆုံးဖြစ်တဲ့ ကိုငြိမ်းချမ်းကတော့ ရုတ်တစ်ရက် ဖျော်ဖြေရေးပေါ်လာလို့ မလိုက်ပါနိုင်ခဲ့ဘူးပေါ့ကွာ

မင်းရဲ့ကိုယ်စား မင်းရဲ့ သား

ငါတို့ရဲ့ သား ကောင်းဇင်းဟိန်းအတွက်
ငါတို့ တတ်နိုင်တာလေးတွေ လုပ်ပေး
တယ်နော်သူငယ်ချင်း ?????

ဒီပွဲမှာ ငါတို့ မင်္ဂလာစကားပြောနေတော့
မင်းသိပ်ချစ်တဲ့ မင်းမိန်းမ သက်မွန်ညွန့်
ခေါ် မလှလှညွှန့် မင်းကိုသတိရပြီး မျက်ရည်တွေ ကျနေတာမြင်ရတော့ ငါတို့
ပါမျက်ရည်မကျမိအောင် ထိန်းခဲ့ရတယ်
သူငယ်ချင်းရယ် ????

10-11-2019 နေ့မှာ မင်းရဲ့သား
မင်္ဂလာဆောင်မှာနော် သူငယ်ချင်း
အဲ့ဒီရက်မှာ ပွဲတွေ အသီးသီးရှိနေကြလို့
ငါတို့ လာနိုင်ချင်မှ လာနိုင်မယ်သူငယ်ချင်းရေ မင်းကို ကြိုပြီးတောင်းပန်ပါတယ်
သူငယ်ချင်းရယ် ?????

အခုလဲ ငါတို့လုပ်ပေးနိုင်တာလေးကို
မရှိတော့တဲ့သူငယ်ချင်းအတွက် လုပ်ပေးလိုက်တယ်နော်သူငယ်ချင်း

ရွှေညီကိုအဖွဲ့ရဲ့ ရွှေညီအမ တွေပါ
ပါဝင်ပေးခဲ့တယ်နော် သူငယ်ချင်း
တမလွန်က အချစ်ဆုံး သူငယ်ချင်း
ရှဲဒို (ခ)လှမြင့် (ခ)သာကျော်(ခ)ကျော်ဆန်း ကျေနပ် ဝမ်းမြောက်ပါသူငယ်ချင်း ရေ

ကောင်းကျော်
(ရွှေညီကို)အဖွဲ့သားဟောင်း
3-11-2019

ဇော်ဂျီဖြင့်ဖတ်ရန်

သို့




တယ်နော်သူငယ်ချင်း ?????

သူငယ်ချင်းရယ် ????

သူငယ်ချင်းရယ် ?????



ကောင်းကျော်
3-11-2019