ချစ်စနိုးဦး ရဲ့မင်္ဂလာ ညစာစားပွဲကို အတူတွဲပြီးတက်ရောက် လာခဲ့တဲ့ ဟိန်းဝေယံ နဲ့ စွဲညို့ရှင် တို့မောင်နှမနှစ်ယောက်

ေဇာ္ဂ်ီ / ယူနီကုဒ်

ေဇာ္ဂ်ီျဖင့္ဖတ္ရန္

မင္းသားေခ်ာေလး ဟိန္းေဝယံ ကေတာ့ ဗီဒီယို ဇာတ္ကားေလးေတြနဲ႔ ပရိသတ္ေတြၾကားမွာ သည္းသည္းလႈပ္ေရပန္းစားကာ ေအာင္ျမင္ လာခဲ့တာ ျဖစ္ပါတယ္။ ဟိန္းေဝယံက ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ဆက္လက္႐ိုက္ကူးေနသလို ဇာတ္လမ္းတြဲေလးေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္ေန ရပါတယ္။ ေခ်ာေမာခန႔္ညားၿပီး ေယာက္်ားပီသတဲ့ ႐ုပ္ရည္မ်ိဳး ကိုပိုင္ဆိုင္ထားတဲ့ ဟိန္းေဝယံက မိန္းကေလးပရိသတ္ေတြ အမ်ားဆုံး အားေပးခ်စ္ခင္ရတဲ့ မင္းသားတစ္လက္ပဲ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ ဟိန္းေဝယံက “တစ္ဦး တည္းေသာ ဣတၳိယ” ႐ုပ္ရွင္ဇာတ္ကားႀကီးကို ေ႐ႊထူး၊ ဝတ္မႈန္ေ႐ႊရည္ တို႔နဲ႔အတူ႐ိုက္ကူးဖို႔ လက္ခံထားရတာ ျဖစ္ပါတယ္။ ပြဲအခမ္းအနားေလးေတြလည္း ဆက္တိုက္တက္ေရာက္ေနရတဲ့ ဟိန္းေဝယံက အခုလည္း မင္းသမီးေခ်ာခ်စ္စႏိုးဦးရဲ႕မဂၤလာပြဲကို တက္ေရာက္ခ်ီးျမႇင့္ခဲ့ပါတယ္။ ဟိန္းေဝယံက ညီမေလးျဖစ္သူ စြဲညိဳ႕ရွင္နဲ႔အတူတြဲၿပီး ခ်စ္စႏိုးဦး ရဲ႕မဂၤလာပြဲကို တက္ေရာက္ခဲ့တာပဲ ျဖစ္ပါတယ္။

ခမ္းနားလွပတဲ့ဖက္ရွင္ေတြနဲ႔ စတိုင္က်ေနၾကတဲ့ ဟိန္းေဝယံတို႔ေမာင္ႏွမႏွစ္ေယာက္ကေတာ့ ပြဲတက္လာသူပရိသတ္ေတြရဲ႕အာ႐ုံကို ဖမ္းစားႏိုင္ ခဲ့ပါတယ္။ ဟိန္းေဝယံကလည္း အေနာက္တိုင္းဝတ္စုံေလးနဲ႔ သန႔္ျပန႔္ေခ်ာေမာေနသလို ညီမေလးစြဲညိဳ႕ရွင္ကလည္း ပြဲတက္ဂါဝန္ေလးနဲ႔ အရမ္းကိုေတာက္ပေနခဲ့တာ ျဖစ္ပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ ခ်စ္စႏိုးဦးရဲ႕မဂၤလာပြဲကိုတက္ေရာက္ခဲ့တဲ့ ဟိန္းေဝယံ တို႔ေမာင္ႏွမရဲ႕ပုံရိပ္ေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

crd : celefamily

ယူနီကုဒ်ဖြင့်ဖတ်ရန်

မင်းသားချောလေး ဟိန်းဝေယံ ကတော့ ဗီဒီယို ဇာတ်ကားလေးတွေနဲ့ ပရိသတ်တွေကြားမှာ သည်းသည်းလှုပ်ရေပန်းစားကာ အောင်မြင် လာခဲ့တာ ဖြစ်ပါတယ်။ ဟိန်းဝေယံက ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်လက်ရိုက်ကူးနေသလို ဇာတ်လမ်းတွဲလေးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေ ရပါတယ်။ ချောမောခန့်ညားပြီး ယောက်ျားပီသတဲ့ ရုပ်ရည်မျိုး ကိုပိုင်ဆိုင်ထားတဲ့ ဟိန်းဝေယံက မိန်းကလေးပရိသတ်တွေ အများဆုံး အားပေးချစ်ခင်ရတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဟိန်းဝေယံက “တစ်ဦး တည်းသော ဣတ္ထိယ” ရုပ်ရှင်ဇာတ်ကားကြီးကို ရွှေထူး၊ ဝတ်မှုန်ရွှေရည် တို့နဲ့အတူရိုက်ကူးဖို့ လက်ခံထားရတာ ဖြစ်ပါတယ်။ ပွဲအခမ်းအနားလေးတွေလည်း ဆက်တိုက်တက်ရောက်နေရတဲ့ ဟိန်းဝေယံက အခုလည်း မင်းသမီးချောချစ်စနိုးဦးရဲ့မင်္ဂလာပွဲကို တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။ ဟိန်းဝေယံက ညီမလေးဖြစ်သူ စွဲညို့ရှင်နဲ့အတူတွဲပြီး ချစ်စနိုးဦး ရဲ့မင်္ဂလာပွဲကို တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

ခမ်းနားလှပတဲ့ဖက်ရှင်တွေနဲ့ စတိုင်ကျနေကြတဲ့ ဟိန်းဝေယံတို့မောင်နှမနှစ်ယောက်ကတော့ ပွဲတက်လာသူပရိသတ်တွေရဲ့အာရုံကို ဖမ်းစားနိုင် ခဲ့ပါတယ်။ ဟိန်းဝေယံကလည်း အနောက်တိုင်းဝတ်စုံလေးနဲ့ သန့်ပြန့်ချောမောနေသလို ညီမလေးစွဲညို့ရှင်ကလည်း ပွဲတက်ဂါဝန်လေးနဲ့ အရမ်းကိုတောက်ပနေခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်စနိုးဦးရဲ့မင်္ဂလာပွဲကိုတက်ရောက်ခဲ့တဲ့ ဟိန်းဝေယံ တို့မောင်နှမရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

crd : celefamily