ဘယ်တော့ စားရမလဲလို့မေးနေတဲ့ သူတွေကို ရက်အတိအကျ နဲ့ပါ အဖြေပေး လိုက်တဲ့ နေခြည်ဦး

ေဇာ္ဂ်ီ / ယူနီကုဒ်

ေဇာ္ဂ်ီျဖင့္ဖတ္ရန္

ခ်စ္စရာေကာင္းလြန္းတဲ့ အမူအရာေလးေတြေၾကာင့္ ပရိသတ္ေတြ အသည္းတယားယားျဖစ္ေနရတဲ့ ေနျခည္ဦး ကေတာ့ သူမကို စေနာက္ေနတဲ့ သူေတြကို ျပန္လည္ အ႐ႊန္းေဖာက္ခဲ့ပါတယ္။ ျမန္မာလူမ်ိဳးေတြ မွာ အပ်ိဳႀကီး လူပ်ိဳႀကီးေတြကို အၿမဲတမ္း စေနာက္တတ္တဲ့ စကားေလးတစ္ခြန္းက ” ဘယ္ေတာ့စားရမွာလဲ ” ဆိုတဲ့စကားေလးပါပဲ။ အိမ္ေထာင္ျပဳသင့္တဲ့ အ႐ြယ္ေရာက္ ေနတဲ့ လူလြတ္ေတြကို ဒီစကားေလး နဲ႔အၿမဲတမ္းစေနာက္ခဲ့ၾကပါတယ္။

ခ်ီခ်ီ႕ကိုလည္း ခင္မင္ရသူေတြကေနာက္လိုက္ ပုံပါပဲ။ ခ်ီတစ္ေယာက္ကေတာ့ ေနာက္ေျပာင္တဲ့ စကားေလးကို ခပ္႐ႊတ္႐ႊတ္ေလး ျပန္ေျဖထားတာပဲျဖစ္ပါတယ္။ ” ဘယ္ေတာ့စားရမလဲဆိုေတာ့ ၂၀၂၀ January ၂၅ ရက္ေန႔ ” ဆိုၿပီး သူမရဲ႕လူမႈကြန္ယက္မွာ စာေလး တင္လိုက္တာပဲျဖစ္ပါတယ္ ပရိသတ္ေတြကေတာ့ သူမတကယ္ပဲ အိမ္ေထာင္ျပဳေတာ့ မွာ လားဆိုၿပီး ရင္ခုန္သြားခဲ့ ေပမယ့္ တကယ္တမ္းေတာ့ ဒါဟာသူမ ရဲ႕ေမြးေန႔ရက္ ျဖစ္ပါသတဲ့ ပရိသတ္ႀကီးေရ။

ခ်ီကေတာ့ထုံးစံ အတိုင္းေနာက္ေနဆဲ ေပ်ာ္ေနဆဲ ပဲေနာ္။ သို႔ေလာသို႔ေလာျဖစ္ေနတဲ့ သူမ ရဲ႕ Chillies ေတြကို ” အဲ့ဒါေမြးေန႔ဘဲ အဲ့ေန႔ေကြၽးမယ္ လာစား ” ဆိုၿပီး ျပန္လည္ရွင္းျပ ခဲ့ပါေသးတယ္။ အဲ့လိုခ်စ္ဖို႔ေကာင္းတဲ့ ခ်ီခ်ီ မို႔လို႔ Chillies ေတြရဲ႕ အသည္းေက်ာ္ေလးျဖစ္ေနတာ မဆန္းပါဘူးေနာ္။

Photo – Nay Chi Oo,CRD-Cele Zone
ယူနီကုဒ်ဖြင့်ဖတ်ရန်

ချစ်စရာကောင်းလွန်းတဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေ အသည်းတယားယားဖြစ်နေရတဲ့ နေခြည်ဦး ကတော့ သူမကို စနောက်နေတဲ့ သူတွေကို ပြန်လည် အရွှန်းဖောက်ခဲ့ပါတယ်။ မြန်မာလူမျိုးတွေ မှာ အပျိုကြီး လူပျိုကြီးတွေကို အမြဲတမ်း စနောက်တတ်တဲ့ စကားလေးတစ်ခွန်းက ” ဘယ်တော့စားရမှာလဲ ” ဆိုတဲ့စကားလေးပါပဲ။ အိမ်ထောင်ပြုသင့်တဲ့ အရွယ်ရောက် နေတဲ့ လူလွတ်တွေကို ဒီစကားလေး နဲ့အမြဲတမ်းစနောက်ခဲ့ကြပါတယ်။

ချီချီ့ကိုလည်း ခင်မင်ရသူတွေကနောက်လိုက် ပုံပါပဲ။ ချီတစ်ယောက်ကတော့ နောက်ပြောင်တဲ့ စကားလေးကို ခပ်ရွှတ်ရွှတ်လေး ပြန်ဖြေထားတာပဲဖြစ်ပါတယ်။ ” ဘယ်တော့စားရမလဲဆိုတော့ ၂၀၂၀ January ၂၅ ရက်နေ့ ” ဆိုပြီး သူမရဲ့လူမှုကွန်ယက်မှာ စာလေး တင်လိုက်တာပဲဖြစ်ပါတယ် ပရိသတ်တွေကတော့ သူမတကယ်ပဲ အိမ်ထောင်ပြုတော့ မှာ လားဆိုပြီး ရင်ခုန်သွားခဲ့ ပေမယ့် တကယ်တမ်းတော့ ဒါဟာသူမ ရဲ့မွေးနေ့ရက် ဖြစ်ပါသတဲ့ ပရိသတ်ကြီးရေ။

ချီကတော့ထုံးစံ အတိုင်းနောက်နေဆဲ ပျော်နေဆဲ ပဲနော်။ သို့လောသို့လောဖြစ်နေတဲ့ သူမ ရဲ့ Chillies တွေကို ” အဲ့ဒါမွေးနေ့ဘဲ အဲ့နေ့ကျွေးမယ် လာစား ” ဆိုပြီး ပြန်လည်ရှင်းပြ ခဲ့ပါသေးတယ်။ အဲ့လိုချစ်ဖို့ကောင်းတဲ့ ချီချီ မို့လို့ Chillies တွေရဲ့ အသည်းကျော်လေးဖြစ်နေတာ မဆန်းပါဘူးနော်။

Photo – Nay Chi Oo,CRD-Cele Zone