မင်္ဂလာ သက်တမ်း တစ်နှစ်ပြည့် သွားပြီ ဖြစ်တဲ့ ရွှေနှစ်ရွှေ

ေဇာ္ဂ်ီ / ယူနီကုဒ်

ေဇာ္ဂ်ီျဖင့္ဖတ္ရန္

အခ်စ္ ဆိုတာ မေမွ်ာ္လင့္ထားတဲ့ အခ်ိန္မွာ မေမွ်ာ္လင့္ထားတဲ့ သူနဲ႔ ျဖစ္ သြားႏိုင္တယ္ ဆိုတာ ကို သက္ေသျပ ခဲ့သူ ႏွစ္ဦးကေတာ့ ေရႊထူး နဲ႔ ေရႊမံႈရတီပါ။ ၂၀၁၈ ၊ ႏုိဝင္ဘာလမွာ ေဝဖန္မႈေတြ ၾကားထဲကေန လက္ထပ္ ပြဲကို အခမ္းနားဆံုး က်င္းပ ခဲ့တာလည္း ျဖစ္ပါတယ္။ လူငယ္ေတြ ျဖစ္ေပမဲ့ စိတ္ဓာတ္ၾကံ႔ခိုင္ တဲ့ သူတို႔ႏွစ္ဦးက ေတာ္ရံုတန္ရံု ယိုင္လဲသြားျခင္း မရွိ ခဲ့ပါဘူး။

သရုပ္ေဆာင္ဘဝ နဲ႔ အႏုပညာေလာကထဲ ေျခစံုပစ္ ဝင္လာသူ ေရႊမံႈက ခင္ပြန္းသည္ ရဲ႔ ပံ့ပိုးေပးမႈနဲ႔ သီခ်င္းေတြ သီဆို လာႏိုင္သလို အဆိုေတာ္ ေရႊထူးကလည္း သရုပ္ေဆာင္ေကာင္း တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ ႏွစ္ဦးသားရဲ႔ ေပါင္းစပ္မႈကေန အႏုပညာ အသီးအပြင့္ ထြက္ေနေသး တာမို႔ ပရိသတ္ကေတာ့ သူတို႔ႏွစ္ဦးကို ျပန္လည္ လက္ခံခဲ့ ပါတယ္။

တစ္ေယာက္မရွိရင္ တစ္ေယာက္ မေနႏိုင္ဘူး ဆုိတဲ့ ေရႊထူးတို႔ႏွစ္ေယာက္ သားက အင္းေလးမွာ Ro ေနၾကသလို ေရကူးကန္ထဲမွာ အမိုက္စား ပံုရိပ္ေတြကိုလည္း ေဝမွ်ခဲ့တာ ျဖစ္ပါတယ္။ ထိုင္းႏိုင္ငံကို အလည္အပတ္ ေရာက္ရွိေနတဲ့ ေရႊႏွစ္ေရႊက မဂၤလာႏွစ္ပတ္လည္မွာ Bowling ကစားေန ခဲ့ၾကတာ ျဖစ္ပါတယ္။

ေရႊထူးရဲ႔ အေကာင့္ မွာေတာ့ “1YearWedding Anniversary …Shwe & Shwe” လို႔ ေရးသားထားျပီး ခ်စ္ဇနီးနဲ႔ ဓာတ္ပံုေလးတြ ကို ေဝမွ်ထား ခဲ့ပါတယ္။ ေရႊမံႈရတီက လတ္တေလာမွာ ရုပ္ရွင္ကား ရိုက္ကူးေရးအတြက္ ျပင္ဆင္ေနျပီ ျဖစ္သလို ေရႊထူးကေတာ့ စတုတၳေျမာက္ ေသြးေၾကာမွ်င္ ရုပ္ရွင္ ဇာတ္ကားၾကီးမွာ ႏိုင္ႏိုင္း ၊ အိျႏၵာေက်ာ္ဇင္ ၊ ေမျမင့္မိုရ္တို႔နဲ႔ တြဲဖက္ျပီး ပါဝင္သရုပ္ေဆာင္သြားရမွာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးအတြက္ ေရႊႏွစ္ေရႊရဲ႔ မဂၤလာႏွစ္ပတ္လည္ ပံုရိပ္ေလးကို ေဝမွ်ေပးလိုက္ပါတယ္။

crd : burmeseasia

ယူနီကုဒ်ဖြင့်ဖတ်ရန်

အချစ် ဆိုတာ မမျှော်လင့်ထားတဲ့ အချိန်မှာ မမျှော်လင့်ထားတဲ့ သူနဲ့ ဖြစ် သွားနိုင်တယ် ဆိုတာ ကို သက်သေပြ ခဲ့သူ နှစ်ဦးကတော့ ရွှေထူး နဲ့ ရွှေမှုံရတီပါ။ ၂၀၁၈ ၊ နိုဝင်ဘာလမှာ ဝေဖန်မှုတွေ ကြားထဲကနေ လက်ထပ် ပွဲကို အခမ်းနားဆုံး ကျင်းပ ခဲ့တာလည်း ဖြစ်ပါတယ်။ လူငယ်တွေ ဖြစ်ပေမဲ့ စိတ်ဓာတ်ကြံ့ခိုင် တဲ့ သူတို့နှစ်ဦးက တော်ရုံတန်ရုံ ယိုင်လဲသွားခြင်း မရှိ ခဲ့ပါဘူး။

သရုပ်ဆောင်ဘဝ နဲ့ အနုပညာလောကထဲ ခြေစုံပစ် ဝင်လာသူ ရွှေမှုံက ခင်ပွန်းသည် ရဲ့ ပံ့ပိုးပေးမှုနဲ့ သီချင်းတွေ သီဆို လာနိုင်သလို အဆိုတော် ရွှေထူးကလည်း သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ နှစ်ဦးသားရဲ့ ပေါင်းစပ်မှုကနေ အနုပညာ အသီးအပွင့် ထွက်နေသေး တာမို့ ပရိသတ်ကတော့ သူတို့နှစ်ဦးကို ပြန်လည် လက်ခံခဲ့ ပါတယ်။

တစ်ယောက်မရှိရင် တစ်ယောက် မနေနိုင်ဘူး ဆိုတဲ့ ရွှေထူးတို့နှစ်ယောက် သားက အင်းလေးမှာ Ro နေကြသလို ရေကူးကန်ထဲမှာ အမိုက်စား ပုံရိပ်တွေကိုလည်း ဝေမျှခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ ရွှေနှစ်ရွှေက မင်္ဂလာနှစ်ပတ်လည်မှာ Bowling ကစားနေ ခဲ့ကြတာ ဖြစ်ပါတယ်။

ရွှေထူးရဲ့ အကောင့် မှာတော့ “1YearWedding Anniversary …Shwe & Shwe” လို့ ရေးသားထားပြီး ချစ်ဇနီးနဲ့ ဓာတ်ပုံလေးတွ ကို ဝေမျှထား ခဲ့ပါတယ်။ ရွှေမှုံရတီက လတ်တလောမှာ ရုပ်ရှင်ကား ရိုက်ကူးရေးအတွက် ပြင်ဆင်နေပြီ ဖြစ်သလို ရွှေထူးကတော့ စတုတ္ထမြောက် သွေးကြောမျှင် ရုပ်ရှင် ဇာတ်ကားကြီးမှာ နိုင်နိုင်း ၊ အိန္ဒြာကျော်ဇင် ၊ မေမြင့်မိုရ်တို့နဲ့ တွဲဖက်ပြီး ပါဝင်သရုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ရွှေနှစ်ရွှေရဲ့ မင်္ဂလာနှစ်ပတ်လည် ပုံရိပ်လေးကို ဝေမျှပေးလိုက်ပါတယ်။

crd : burmeseasia