ကျေးဇူးရှင်မိဘတွေအတွက် မွန်မြတ်တဲ့ သစ္စာပြုလှူဒါန်းမှုပြုလုပ်ခဲ့တဲ့ ဇင်ဇင်ဇော်မြင့်

ေဇာ္ဂ်ီ / ယူနီကုဒ်

ယူနီကုဒ်ဖြင့်ဖတ်ရန်

ရိုးရိုးယဉ်ယဉ်လေးနဲ့ သဘာဝကျတဲ့သရုပ်ဆောင်မှုတွေကို ပုံဖော်နိုင်သူ မြန်မာပြည်က အမျိုးသမီးရုပ်ရှင်သရုပ်ဆောင်ကို ညွှန်းပါဆိုရင် မင်းသမီး ဇင်ဇင်ဇော်မြင့် ကို ချန်ထားခဲ့လို့မရပါဘူး။

ရုပ်ရှင်ပရိသတ်တွေကြားမှာ အစွဲလန်းကြီးစွဲလန်းခဲ့ရတဲ့ အနုပညာရှင်တဦးလို့ ထူးပြီးပြောစရာမလိုအောင်ကို ညှို့အားပြင်းခြင်း၊ ချစ်စရာကောင်းခြင်းတွေနဲ့အတူ လူအများ အပေါ်မှာ ဆွဲငင်ထားနိုင်ခဲ့သူ ဖြစ်ပါတယ်။

သရုပ်ဆောင်ဘဝနောက်ပိုင်းမှာတော့ အိမ်ထောင်မှု၊ ကလေးကိစ္စတွေနဲ့အတူ ဘဝရပ်တည်မှုတွေကြောင့် အနုပညာလှုပ်ရှားမှုတွေ နည်းပါးသွားခဲ့သလို ပရိသတ်မြင်ကွင်းကနေလည်း ခဏတာ ပျောက်ကွယ်သွားခဲ့တဲ့ ဇင်ဇင်ဇော်မြင့်ဟာ လက်ရှိအချိန်မှာ Zz Jems and Jewellery လက်ဝတ်ရတနာလုပ်ငန်းကို လုပ်ကိုင်နေတာဖြစ်သလို ခင်ပွန်းသည် ကိုချမ်းကျော်ကျော်ပိုင် နဲ့အတူ သာယာတဲ့မိသားစုဘဝကို တည်ဆောက်ထားနိုင်သူဖြစ်ပြီး သူတို့ရဲ့မိသားစုဘဝလေးမှာ ချစ်ရတဲ့ သားကြီး၊ သားငယ် သားရင်သွေးလေးနှစ်ဦးကိုပါ ရရှိပိုင်ဆိုင်ထားပြီး အိမ်ထောင်ရေးဆည်းလည်းသံလေးနဲ့ ပြည့်စုံလို့နေပါတယ်။

အခုအခါမှာတော့ ဇင်ဇင်ဇော်မြင့် ရဲ့ သာဓုခေါ်ဖွယ်ရာ သစ္စာပြုလှူဒါန်းမှုကို ဖော်ပြပေးချင်တာဖြစ်ပြီး မင်းသမီးဟာ ကွယ်လွန်သွားတဲ့ ကျေးဇူးရှင်မိဘတွေအတွက် သစ္စာပြုလှူဒါန်းမှုပြုလုပ်ခဲ့တာကို တွေ့ခဲ့ရတာမို့ အားလုံးကို မျှဝေပေးလိုက်ပါရစေ။

၂၀၁၄ ခုနှစ်ကကွယ်လွန်သွားခဲ့တဲ့ အနှိုင်းမဲ့ ကျေးဇူးရှင်တွေဖြစ်သူ ဖခင် ဦးဇော်မြင့်နဲ့ မိခင် ဒေါ်ညွန့်ညွန့်သန်းတို့အတွက် ရည်စူးပြီး ကျေးဇူးတော်ရှင် သစ်တံခါး ဆရာတော်ဘုရားကြီးရဲ့ အဓိဌာန် အောင်ပွဲထွက်ပွဲမတိုင်မီမှာ တန်ဖိုးကြီး ရတနာလက်စွပ်တွေကို သွားရောက် သစ္စာပြုလှုဒါန်းခဲ့ပြီး ပူဇော်ဆုတောင်း ကုသိုလ်ပြုခဲ့တာဖြစ်ပါတယ်။

အခုနှစ်အတွင်းမှာပဲ ကွယ်လွန်သွားတဲ့ခင်ပွန်းသည်ရဲ့ မိခင်ဖြစ်သူအတွက်လည်း ရောက်ရာဘုံဘဝကနေ သာဓု ခေါ်ဆိုနိုင်အောင် ရည်စူးလှူဒါန်းခဲ့ခြင်းဖြစ်ပြီး စစ်မှန် တဲ့သစ္စာတရားကုသိုလ်ကြောင့်ထပ်တူရကြပါစေသားလို့ ဆုတောင်း အမျှပေးဝေသွားခဲ့တာပါ။ မြင်ရကြားရသူတိုင်းအတွက် ကြည်နူးစရာမိသားစုလေးရဲ့ ကြည်နူးစရာ အလှူအတန်း မြင်ကွင်းလေးတွေကိုလည်း တင်ဆက်ပေးလိုက်ရပါတယ်…ချစ်ပရိသတ်ကြီးရေ။ မွန်မြတ်တဲ့လုပ်ရပ်အဖြစ် သာဓုခေါ်ဖွယ်ရာဖြစ်ပါတယ်။

ေဇာ္ဂ်ီျဖင့္ဖတ္ရန္

႐ိုး႐ိုးယဥ္ယဥ္ေလးနဲ႔ သဘာဝက်တဲ့သ႐ုပ္ေဆာင္မႈေတြကို ပုံေဖာ္ႏိုင္သူ ျမန္မာျပည္က အမ်ိဳးသမီး႐ုပ္ရွင္သ႐ုပ္ေဆာင္ကို ၫႊန္းပါဆိုရင္ မင္းသမီး ဇင္ဇင္ေဇာ္ျမင့္ ကို ခ်န္ထားခဲ့လို႔မရပါဘူး။

႐ုပ္ရွင္ပရိသတ္ေတြၾကားမွာ အစြဲလန္းႀကီးစြဲလန္းခဲ့ရတဲ့ အႏုပညာရွင္တဦးလို႔ ထူးၿပီးေျပာစရာမလိုေအာင္ကို ညႇိဳ႕အားျပင္းျခင္း၊ ခ်စ္စရာေကာင္းျခင္းေတြနဲ႔အတူ လူအမ်ား အေပၚမွာ ဆြဲငင္ထားႏိုင္ခဲ့သူ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ဘဝေနာက္ပိုင္းမွာေတာ့ အိမ္ေထာင္မႈ၊ ကေလးကိစၥေတြနဲ႔အတူ ဘဝရပ္တည္မႈေတြေၾကာင့္ အႏုပညာလႈပ္ရွားမႈေတြ နည္းပါးသြားခဲ့သလို ပရိသတ္ျမင္ကြင္းကေနလည္း ခဏတာ ေပ်ာက္ကြယ္သြားခဲ့တဲ့ ဇင္ဇင္ေဇာ္ျမင့္ဟာ လက္ရွိအခ်ိန္မွာ Zz Jems and Jewellery လက္ဝတ္ရတနာလုပ္ငန္းကို လုပ္ကိုင္ေနတာျဖစ္သလို ခင္ပြန္းသည္ ကိုခ်မ္းေက်ာ္ေက်ာ္ပိုင္ နဲ႔အတူ သာယာတဲ့မိသားစုဘဝကို တည္ေဆာက္ထားႏိုင္သူျဖစ္ၿပီး သူတို႔ရဲ႕မိသားစုဘဝေလးမွာ ခ်စ္ရတဲ့ သားႀကီး၊ သားငယ္ သားရင္ေသြးေလးႏွစ္ဦးကိုပါ ရရွိပိုင္ဆိုင္ထားၿပီး အိမ္ေထာင္ေရးဆည္းလည္းသံေလးနဲ႔ ျပည့္စုံလို႔ေနပါတယ္။

အခုအခါမွာေတာ့ ဇင္ဇင္ေဇာ္ျမင့္ ရဲ႕ သာဓုေခၚဖြယ္ရာ သစၥာျပဳလႉဒါန္းမႈကို ေဖာ္ျပေပးခ်င္တာျဖစ္ၿပီး မင္းသမီးဟာ ကြယ္လြန္သြားတဲ့ ေက်းဇူးရွင္မိဘေတြအတြက္ သစၥာျပဳလႉဒါန္းမႈျပဳလုပ္ခဲ့တာကို ေတြ႕ခဲ့ရတာမို႔ အားလုံးကို မွ်ေဝေပးလိုက္ပါရေစ။

၂၀၁၄ ခုႏွစ္ကကြယ္လြန္သြားခဲ့တဲ့ အႏႈိင္းမဲ့ ေက်းဇူးရွင္ေတြျဖစ္သူ ဖခင္ ဦးေဇာ္ျမင့္နဲ႔ မိခင္ ေဒၚၫြန႔္ၫြန႔္သန္းတို႔အတြက္ ရည္စူးၿပီး ေက်းဇူးေတာ္ရွင္ သစ္တံခါး ဆရာေတာ္ဘုရားႀကီးရဲ႕ အဓိဌာန္ ေအာင္ပြဲထြက္ပြဲမတိုင္မီမွာ တန္ဖိုးႀကီး ရတနာလက္စြပ္ေတြကို သြားေရာက္ သစၥာျပဳလႈဒါန္းခဲ့ၿပီး ပူေဇာ္ဆုေတာင္း ကုသိုလ္ျပဳခဲ့တာျဖစ္ပါတယ္။

အခုႏွစ္အတြင္းမွာပဲ ကြယ္လြန္သြားတဲ့ခင္ပြန္းသည္ရဲ႕ မိခင္ျဖစ္သူအတြက္လည္း ေရာက္ရာဘုံဘဝကေန သာဓု ေခၚဆိုႏိုင္ေအာင္ ရည္စူးလႉဒါန္းခဲ့ျခင္းျဖစ္ၿပီး စစ္မွန္ တဲ့သစၥာတရားကုသိုလ္ေၾကာင့္ထပ္တူရၾကပါေစသားလို႔ ဆုေတာင္း အမွ်ေပးေဝသြားခဲ့တာပါ။ ျမင္ရၾကားရသူတိုင္းအတြက္ ၾကည္ႏူးစရာမိသားစုေလးရဲ႕ ၾကည္ႏူးစရာ အလႉအတန္း ျမင္ကြင္းေလးေတြကိုလည္း တင္ဆက္ေပးလိုက္ရပါတယ္…ခ်စ္ပရိသတ္ႀကီးေရ။ မြန္ျမတ္တဲ့လုပ္ရပ္အျဖစ္ သာဓုေခၚဖြယ္ရာျဖစ္ပါတယ္။