စံပယ်(၉)ရွက် ဝမ်းကိုက်ပြတ်ဆေး

Zawgyi ဖြင့်ဖတ်ရန်

ဝမ်းကိုက်ရောဂါဖြစ်ရသည့် အကြောင်းအရင်း

ဝမ်းကိုက်ရောဂါသည် များသောအားဖြင့် ပတ်ဝန်းကျင်မသန့်ရှင်းမှုကြောင့်ဖြစ်ရပါသည်။ထို့ကြောင့် ပတ်ဝန်းကို တတ်နိုင်သမျှ သန့်ရှင်းအောင် ထားရပါမည်။
မသန့်ရှင်းသောရေကို သောက်သုံးမိလျှင်လည်း ဖြစ်တတ်ပါသည်။ထို့ကြောင့် ရေကိုကျိုချက်ပြီးမှ သောက်သုံးသင့်ပါသည်။

မသန့်ရှင်းသော ဟင်းသီးဟင်းရွက်များ ချက်ပြုတ်စားသောက်မိလျှင်လည်း ဖြစ်တတ်ပါသည်။ထို့ကြောင့် ဟင်းသီးဟင်းရွက်များကို စင်ကြယ်အောင်ဆေးပြီးမှ ချက်ပြုတ် စားသောက်သင့်ပါသည်။

မသန့်ရှင်းသော အစားအစာများမှလည်း ဖြစ်တတ်ပါသည်။ထို့ကြောင့် သန့်ရှင်းလတ်ဆတ်သော အစားအစာများသာ စားသုံးသင့်ပါသည်။
တိရစ္ဆာန်မှရရှိသော နို့ကြောင့်လည်း ဖြစ်တတ်ပါသည်။ထို့ကြောင့် ကြိုချက်ပြီးမှ သောက်သုံးသင့်ပါသည်။

တစ်ကိုယ်ရေမသန့်ရှင်းမှုကြောင့်လဲဖြစ်တတ်ပါသည်။ထို့ကြောင့် လက်ကိုစင်ကြယ်ကောင်ဆေးခြင်း ခြေသည်း လက်သည်းများညှပ်ခြင်းဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှု ပြုလုပ်သင့်ပါသည်။

ဝမ်းကိုက်ရောဂါ လက္ခဏများ

ဝမ်းသွားရာတွင် ဝမ်းများများမသွားရပဲ ဝမ်းနဲနဲမျှသာသွားပြီး တစ်နေ့လျှင် ခြောက်ကြိမ်မှ ဆယ်ကြိမ်အထိ အကျိအချွဲများသွားတတ်ပါသည်။
ဝမ်းသွားလျှင် ဝမ်းဗိုက်ရစ်ဆွဲပြီးမှ သွားတတ်ပါသည်။

တစ်ခါတစ်ရံမှာ အဖျားဝင်လာတတ်ပါသည်။ဆေးကုသမှုမခံယူပါက သွေးဝမ်းသွားသည်အထိ ဖြစ်တတ်ပါသည်။
ဝမ်းသွားရာတွင် အနီရောင် သို့မဟုတ် ညိုမဲသောအရောင်များဖြင့်လည်း သွားတတ်ပါသည်။

Aungthurain

ဝမ်းကိုက်ပြတ်ဆေး

တောနေလူတို့၏ အားကိုးဖွယ်ဆေးမြီးတိုလေးဖြစ်ပါသည်။ အထူးသဖြင့်တောတောင်ဒေသအနှံသွားရောက်၍စစ်ဆင်ရေး တာဝန်ထမ်းဆောင်ရသော စစ်သည်များ မကြာမဏ အစားအစာနှင့်ရေကြောင့် ဝမ်းကိုက်ခြင်းဖြစ်တတ်ကြပါသည်။

တပ်မတော်သားဘ၀ စစ်ဆင်ရေးတာဝန်ထမ်းဆောင်စဉ် ကာလတစ်လျောက် ဝမ်းကိုက်ခြင်း၊ဝမ်းဖေါဝမ်းရောင်ခြင်းဖြစ ် သည်နှင့် ကျွန်တော်ကုသပေးသောဆေးမြီးတိုမှာ စံပယ်ရွက်ပင်ဖြစ်ပါသည်။

ကျွန်တော်ကိုယ်တိုင်လည်း ဝမ်းကိုက်သလိုလိုဖြစ်သည်နှင့် စံပယ်ရွက်ဆေးဖြင့်သာ ဝမ်းကိုက်ခြင်းအမြဲပျောက်ကင်း ခဲ့သည် သာဖြစ်ပါသည်။
အကြိမ်ကြိမ်ပျောက်ကင်းခဲ့သော အကြိမ်ပေါင်းလည်း မနည်းတော့သည်မို့ ခေတ်မီသိပ္ပံဆေးဝါးတို့ဖြင့် ကုသရန်ခက်ခဲနေသူများ လွယ်ကူစွာ ကုသပျောက်ကင်း နိုင်ပါရန် လက်ဆင့်ကမ်းဝေငှပေးခြင်းဖြစ်ပါသည်။

ဆေးနည်း
★★★
★★★★★★★
★★★★★★★★★★

စံပယ်ရွက်နု(၉)ရွက်အားခူးပြီး ရေစင်အောင်ဆေးကာ ရေနွေးဖြင့် နံက်တစ်ကြိမ်ညနေတစ်ကြိမ်ဝါးစား၍သောက်ပေးခြင်းးသာဖြစ်ပါသည်။
လိုသူတို့သုံးစိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ….။
ရဲမျိုးသူ(ဗောဓိမြိုင်)

ေဇာ္ဂ်ီဗားရွင္း

ဝမ္းကိုက္ေရာဂါျဖစ္ရသည့္ အေၾကာင္းအရင္း
ဝမ္းကိုက္ေရာဂါသည္ မ်ားေသာအားျဖင့္ ပတ္ဝန္းက်င္မသန႔္ရွင္းမႈေၾကာင့္ျဖစ္ရပါသည္။ထို႔ေၾကာင့္ ပတ္ဝန္းကို တတ္ႏိုင္သမွ် သန႔္ရွင္းေအာင္ ထားရပါမည္။
မသန႔္ရွင္းေသာေရကို ေသာက္သုံးမိလွ်င္လည္း ျဖစ္တတ္ပါသည္။ထို႔ေၾကာင့္ ေရကိုက်ိဳခ်က္ၿပီးမွ ေသာက္သုံးသင့္ပါသည္။

မသန႔္ရွင္းေသာ ဟင္းသီးဟင္း႐ြက္မ်ား ခ်က္ျပဳတ္စားေသာက္မိလွ်င္လည္း ျဖစ္တတ္ပါသည္။ထို႔ေၾကာင့္ ဟင္းသီးဟင္း႐ြက္မ်ားကို စင္ၾကယ္ေအာင္ေဆးၿပီးမွ ခ်က္ျပဳတ္ စားေသာက္သင့္ပါသည္။

မသန႔္ရွင္းေသာ အစားအစာမ်ားမွလည္း ျဖစ္တတ္ပါသည္။ထို႔ေၾကာင့္ သန႔္ရွင္းလတ္ဆတ္ေသာ အစားအစာမ်ားသာ စားသုံးသင့္ပါသည္။
တိရစာၦန္မွရရွိေသာ ႏို႔ေၾကာင့္လည္း ျဖစ္တတ္ပါသည္။ထို႔ေၾကာင့္ ႀကိဳခ်က္ၿပီးမွ ေသာက္သုံးသင့္ပါသည္။

တစ္ကိုယ္ေရမသန႔္ရွင္းမႈေၾကာင့္လဲျဖစ္တတ္ပါသည္။ထို႔ေၾကာင့္ လက္ကိုစင္ၾကယ္ေကာင္ေဆးျခင္း ေျခသည္း လက္သည္းမ်ားညႇပ္ျခင္းျဖင့္ တစ္ကိုယ္ေရသန႔္ရွင္းမႈ ျပဳလုပ္သင့္ပါသည္။

ဝမ္းကိုက္ေရာဂါ လကၡဏမ်ား

ဝမ္းသြားရာတြင္ ဝမ္းမ်ားမ်ားမသြားရပဲ ဝမ္းနဲနဲမွ်သာသြားၿပီး တစ္ေန႔လွ်င္ ေျခာက္ႀကိမ္မွ ဆယ္ႀကိမ္အထိ အက်ိအခြၽဲမ်ားသြားတတ္ပါသည္။
ဝမ္းသြားလွ်င္ ဝမ္းဗိုက္ရစ္ဆြဲၿပီးမွ သြားတတ္ပါသည္။

တစ္ခါတစ္ရံမွာ အဖ်ားဝင္လာတတ္ပါသည္။ေဆးကုသမႈမခံယူပါက ေသြးဝမ္းသြားသည္အထိ ျဖစ္တတ္ပါသည္။
ဝမ္းသြားရာတြင္ အနီေရာင္ သို႔မဟုတ္ ညိဳမဲေသာအေရာင္မ်ားျဖင့္လည္း သြားတတ္ပါသည္။
Aungthurain

ဝမ္းကိုက္ျပတ္ေဆး

ေတာေနလူတို႔၏ အားကိုးဖြယ္ေဆးၿမီးတိုေလးျဖစ္ပါသည္။ အထူးသျဖင့္ေတာေတာင္ေဒသအႏွံသြားေရာက္၍စစ္ဆင္ေရး တာဝန္ထမ္းေဆာင္ရေသာ စစ္သည္မ်ား မၾကာမဏ အစားအစာႏွင့္ေရေၾကာင့္ ဝမ္းကိုက္ျခင္းျဖစ္တတ္ၾကပါသည္။

တပ္မေတာ္သားဘ၀ စစ္ဆင္ေရးတာဝန္ထမ္းေဆာင္စဥ္ ကာလတစ္ေလ်ာက္ ဝမ္းကိုက္ျခင္း၊ဝမ္းေဖါဝမ္းေရာင္ျခင္းျဖစ ္ သည္ႏွင့္ ကြၽန္ေတာ္ကုသေပးေသာေဆးၿမီးတိုမွာ စံပယ္႐ြက္ပင္ျဖစ္ပါသည္။

ကြၽန္ေတာ္ကိုယ္တိုင္လည္း ဝမ္းကိုက္သလိုလိုျဖစ္သည္ႏွင့္ စံပယ္႐ြက္ေဆးျဖင့္သာ ဝမ္းကိုက္ျခင္းအၿမဲေပ်ာက္ကင္း ခဲ့သည္ သာျဖစ္ပါသည္။
အႀကိမ္ႀကိမ္ေပ်ာက္ကင္းခဲ့ေသာ အႀကိမ္ေပါင္းလည္း မနည္းေတာ့သည္မို႔ ေခတ္မီသိပၸံေဆးဝါးတို႔ျဖင့္ ကုသရန္ခက္ခဲေနသူမ်ား လြယ္ကူစြာ ကုသေပ်ာက္ကင္း ႏိုင္ပါရန္ လက္ဆင့္ကမ္းေဝငွေပးျခင္းျဖစ္ပါသည္။

ေဆးနည္း

★★★
★★★★★★★
★★★★★★★★★★

စံပယ္႐ြက္ႏု(၉)႐ြက္အားခူးၿပီး ေရစင္ေအာင္ေဆးကာ ေရေႏြးျဖင့္ နံက္တစ္ႀကိမ္ညေနတစ္ႀကိမ္ဝါးစား၍ေသာက္ေပးျခင္းးသာျဖစ္ပါသည္။
လိုသူတို႔သုံးစိတ္ႏွလုံး႐ႊင္ၿပဳံးႏိုင္ပါေစ….။
ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)