“အလှအပ အတွက် လက်သည်းနီ ဆိုးပြီးနောက် ခန္ဓာကိုယ် မှာဘာတွေ ပျက်စီးသလဲဆိုတာ”

ေဇာ္ဂ်ီ / ယူနီကုဒ်

ဇော်ဂျီဖြင့်ဖတ်ရန်





Unicode Version ဖြင့် ဖတ်ပါ
★★★

လက်သည်းလေးတွေကို အရောင်လှလှလေးတွေ ဆိုးကြသလို အရုပ်လေးတွေနဲ့လည်း ပုံဖော်ဆိုးကြပါတယ်။ လက်သည်းနီဆိုးဆေးတွေမှာ ဓါတုပစ္စည်းတွေ ပါဝင်တာကြောင့် ထိခိုက်တာတွေ ရှိနိုင်တယ်လို့ အကြမ်းဖျင်း သိထားကြပါတယ်။ ဘယ်လိုဓါတုပစ္စည်းတွေက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာတွေကို ထိခိုက်စေသလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

လက်သည်းနီမှာ ပါဝင်တဲ့ ဖော်မလင်ဟာ သွေးနဲ့ဆိုင်သော ရောဂါများနဲ့ ပန်းနာ ရင်ကျပ်ရောဂါ ကို ဖြစ်စေနိုင်ပါတယ်။လက်သည်းနီတွေ လက်သည်းမှာ ကြာကြာခံဖို့နဲ့ ဆိုးတဲ့အခါ ချောမွေ့မှုဖြစ်နေအောင် Toluene လို့ ခေါ်တဲ့ ဓါတုပစ္စည်းတွေ ပါဝင်ပါတယ်။ Toluence ဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို လျော့ကျစေတဲ့အပြင် ဆံပင်ကျွတ်ခြင်းကိုတောင် ဖြစ်စေပါတယ်။

DBPကိုတော့ လက်သည်းနီအရောင်တောက်ပနေစေဖို့ အတွက် ထုတ်လုပ်သူတွေက အသုံးပြုကြတာ ဖြစ်ပါတယ်။ DBPကတော့ ဟော်မုန်းနဲ့ မျိုးပွားအင်္ဂါတွေကို အဆိပ်အတောက် ဖြစ်စေပြီး အမျိုးသမီးတွေအတွက် ကလေးရဖို့ကိုတောင် အနှောင့်အယှက် ပြုပါတယ်။

Credit:ဖြိုးပြည့်သူ(မိုမိုလေး)