ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲပေး အခမ်းအနားမှာ ဂျိုကာ ဖွေးဖွေး ဖြူဖြူထွေးတို့နဲ့အတူ တစ်ယောက်နဲ့တစ်ယောက် အူတက်အောင် ခွီနေကြတဲ့ လွှမ်းပိုင်

ေဇာ္ဂ်ီ / ယူနီကုဒ်

ဇော်ဂျီဖြင့်ဖတ်ရန်





CRD-Myanmarload

ယူနီကုဒ်ဖြင့်ဖတ်ရန်

ဂီတပိုင်းမှာ အမိုက်စားတေးသီချင်းကောင်းလေးတွေနဲ့ အောင်မြင်မှုတွေအခိုင်အမာရရှိထားပြီး သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတဲ့ အနုပညာရှင်ကတော့ အဆိုတော် သရုပ်ဆောင်မင်းသားချော လွှမ်းပိုင်ပဲ ဖြစ်ပါတယ်..။

အလန်းစားသီချင်းစာသားတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲနေရာယူထားတဲ့ လွှမ်းပိုင်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာကိုလည်း ဆက်တိုက်ရိုက်ကူးလာပြီး မကြာခင်မှာလည်း “ရောသမမွှေ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးတော့မှာ ဖြစ်ပါတယ်နော်..။ပရိသတ်တွေရဲ့အချစ်တော် လွှမ်းပိုင်ကတော့ ဒီကနေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ “ရောသမမွှေ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲပေးအခမ်းအနားလေးကိုလည်း အခြားအနုပညာရှင်များနဲ့အတူ တက်ရောက်ရင်း ပျော်နေရပါတယ်နော်..။

ကန်တော့ပွဲပေး အခမ်းအနားလေးကို တက်ရောက်ရင်း ဂျိုကာ ဖွေးဖွေး ဖြူဖြူထွေးတို့နဲ့အတူ တစ်ယောက်နဲ့တစ်ယောက် ရယ်စရာလေးတွေပြောကာ စနောက်ရင်း အူတက်နေအောင် ခွီနေရတာပဲ ဖြစ်ပါတယ်နော်..။အခမ်းအနားပွဲတက်ရင်း ချစ်ပရိသတ်တွေနဲ့အတူ ဓာတ်ဖမ်းထားကြတဲ့ အမှတ်တရပုံရိပ်လေးတွေအပြင် ရယ်ပြုံးပျော်ရွှင်နေကြတဲ့ သူတို့ရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေက သဘောကျနေကြပါတယ်နော်..။

တစ်ယောက်နဲ့တစ်ယောက် စနောက်ရင်း ခွီနေကြတဲ့ အမှတ်တရပုံရိပ်လေးတွေနဲ့ လွှမ်းပိုင်ရဲ့ ပွဲတက်ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။