အဖိုးတန်လက်ဝတ်ရတနာတွေကို ထည်လဲဝတ်ဆင်ပြီး တလက်လက်တောက်ပစွာအလှတွေပိုနေတဲ့ ဆုအိမ့်စံ

ေဇာ္ဂ်ီ / ယူနီကုဒ်

ဇော်ဂျီဖြင့်ဖတ်ရန်




Source: Hsu Eaint San’s FB,CRD-Myanmarload

ယူနီကုဒ်ဖြင့်ဖတ်ရန်

မင်းသမီးချောလေး ဆုအိမ့်စံကတော့ ဘိုမရုပ်လေးလို ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ အချိုးအစား ပြေပြစ်တဲ့ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေရတဲ့ ဆုအိမ့်စံက ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆုအိမ့်စံက ဆွဲဆောင်မှုအပြည့်ရှိတဲ့ ကောက်ကြောင်းအလှနဲ့ ပုရိသတွေရဲ့စိတ်အာရုံကို ဖမ်းစားထားနိုင်တာလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဆုအိမ့်စံက ပွဲအခမ်းအနားတွေတက်ရောက်နေရတဲ့အပြင် ”Dancing With The Stars” ဆိုတဲ့အစီအစဉ်မှာလည်း ပါဝင်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ အခုလည်း ဆုအိမ့်စံက ရင်ခုန်စွဲမက်ဖွယ်ကောင်းတဲ့ အလှတရားတွေနဲ့ ပရိသတ်တွေကိုအချစ်ပိုစေခဲ့ပြန်ပါတယ်။ ဆုအိမ့်စံက တန်ဖိုးကြီးလက်ဝတ်ရတနာတွေကို ထည်လဲဝတ်ဆင်ပြီး အလှပုံလေးတွေ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ဆုအိမ့်စံကတော့ အဖိုးတန်လက်ဝတ်ရတနာတွေနဲ့ တလက်လက်တောက်ပနေပြီး အရမ်းကို ခမ်းနားလှပနေတာ ဖြစ်ပါတယ်။ ဆုအိမ့်စံရဲ့ဝင်းဝါလှပတဲ့ အသားအရေလေးကလည်း ဘယ်လိုလက်ဝတ်ရတနာမျိုးနဲ့မဆို လိုက်ဖက်တင့်တယ်နေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဆုအိမ့်စံရဲ့အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။