ဒေါက်တာဦးထွန်းလွင်အတွက် နောက်ဆုံးဆုတောင်းစကားလေးပြောခဲ့တဲ့ စံရတီမိုးမြင့်

ေဇာ္ဂ်ီ / ယူနီကုဒ်

ယူနီကုဒ်ဖြင့်ဖတ်ရန်

ဒီကနေ့ နိုဝင်ဘာလ (၄) ရက်နေ့ကတော့ တစ်နိုင်ငံလုံးက ပြည်သူတွေ ဝမ်းနည်းကြေကွဲရတဲ့ နေ့လေးတစ်နေ့ပါပဲ။ အကြောင်းကတော့ မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ပညာရှင်ကြီး ဦးထွန်းလွင်တစ်ယောက် ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ပြီဆိုတဲ့ သတင်းစကားကြောင့်ပဲ ဖြစ်ပါတယ်။

တိုင်းပြည်အတွက် များစွာ အကျိုးပြုခဲ့တဲ့ ပညာရှင်ကြီးတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အတွက် အားလုံးက ဝမ်းနည်း ပူဆွေးနေကြတာပဲ ဖြစ်ပါတယ်။

ပြည်သူတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ မင်းသမီးချော စံရတီမိုးမြင့်ကလည်း ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာကြီး ဦးထွန်းလွင်အတွက် အခုလိုပဲ စိတ်မကောင်းစကားလေး ဆိုထားပါတယ်။

“နိုင်ငံအတွက်တန်ဖိုးမဖြတ်နိုင်လောက်အောင် အဖိုးတန်လွန်းတဲ့ဆရာ၊ နောက်ဆုံးအချိန်ထိတာဝန်ကျေခဲ့တဲ့ဆရာ၊ အကောင်းဆုံးဘဝမှာ ဆက်ရှင်သန်ပါဆရာ” ဆိုပြီး ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။

ဆရာကြီး ဦးထွန်းလွင်ကတော့ သူချစ်တဲ့ အလုပ်တွေနဲ့ မိသားစုတွေကို အပြီးတိုင် နှုတ်ဆက်သွားပြီပဲ ဖြစ်ပါတယ်။ ဆရာကြီးဦးထွန်းလွင်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပါတယ်။

Source : momolay

ဇော်ဂျီဖြင့်ဖတ်ရန်






Source : momolay