ရွှေမှုံရဲ့ ချစ်စရာအကောင်းဆုံးအချိန်လေးကို ပြောပြလိုက်တဲ့ ရွှေထူး

ေဇာ္ဂ်ီ / ယူနီကုဒ်

ယူနီကုဒ်ဖြင့်ဖတ်ရန်

မြန်မာနိုင်ငံရဲ့ လူငယ်အဆိုတော် တစ်ဦးဖြစ်တဲ့ ရွှေထူးကတော့ လတ်တလောမှာ သူရဲ့ချစ်ဇနီးလေးဖြစ်တဲ့ မင်းသမီးချောလေး ရွှေမှုံရတီကို ဆေးအကြီးကြီးထိုးလိုက်ပြန်ပါတယ်။ရွှေထူးနဲ့ရွှေမှုံရတီကတော့ လက်ရှိမှာ အိမ်ထောင်သက် (၁)ကျော်ရှိနေပြီဖြစ်ပြီး တစ်ယောက်ကို တစ်ယောက်မျက်စိအောက်ကအပျောက်မခံဘဲချစ်ကြတဲ့ သူတို့နှစ်ဦးဟာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်စုံတွဲတစ်တွဲလည်း ဖြစ်ပါတယ်။

မကြာခဏဆိုသလိုလည်း ချစ်စရာကောင်းလှတဲ့ ချစ်ဇနီးလေး ရွှေမှုံရတီကို စနောက်လေ့ရှိပြီး ရွှေမှုံရတီတစ်ယောက် စိတ်ဆိုးစိတ်ဆိုးစိတ်ကောက်ဖြစ်နေတာကိုပဲ ရွှေထူးတစ်ယောက် ကအချစ်တွေပိုနေခဲ့တာကိုလည်း ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါ။ရွှေထူးကတော့ စိတ်ဆိုးစိတ်ကောက်ဖြစ်သွားတဲ့ ချစ်ဇနီးလေးကိုချော့ရင်း အမျိုးသားထုကြီးကိုပါ မိန်းကလေးတွေကို ချော့နည်းတွေလည်း သင်ပေးလေ့ရှိပါသေးတယ်။

အခုတစ်ခေါက်မှာလည်း ရွှေထူးက ချစ်ဇနီးလေး မုန့်စားနေတဲ့ ပုံလေးတွေကို ဇနီးချောလေး မသိအောင်ရိုက်ပြီး “မိန်းကလေးတစ်ယောက်ဟာ သူစားချင်တဲ့ မုန့်ကိုစားနေရတဲ့အချိန်ဟာ ချစ်ဖို့အကောင်းဆုံးပာ “ဆိုပြီး ဆေးထိုးလိုက်ပြန်တာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးတွေထဲမှာရော စားချင်တာစားနေရရင် ချစ်ဖို့ကောင်းတဲ့ အစားတလိုင်းကောင်မလေးတွေရှိလား။

Source – Htoo Khant
CleoPaTra – CeleGabar

ဇော်ဂျီဖြင့်ဖတ်ရန်

“ချစ်ဇနီးချောလေး ရွှေမှုံကို ဆေးအကြီးကြီးထိုးလိုက်တဲ့ ရွှေထူး”




Source – Htoo Khant

CleoPaTra – CeleGabar