ကွယ်လွန်သူ သမီးလေးကို ရည်စူးပြီး ကထိန်ခင်းအလှူပြုလုပ်မယ့် ပရဟိတမင်းသမီး ခိုင်နှင်းဝေ

ေဇာ္ဂ်ီ / ယူနီကုဒ်

ယူနီကုဒ်ဖြင့်ဖတ်ရန်

ခိုကိုးရာမဲ့ လူမမယ်ကလေးတွေကို ပြူစုစောင့်ရှောက်မှုတွေပေးအပ်နေတဲ့ ပရဟိတမိခင်ကြီးလို့တောင် ခေါ်ဆိုရတဲ့ မင်းသမီး ခိုင်နှင်းဝေကတော့ လက်ရှိမှာ ကထိန်ခင်းအလှူလေးကို ကျင်းပပြုခဲ့ပြန်ပါတယ်။မြန်မာတို့ရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာဖြစ်တဲ့ ကထိန်ခင်းခြင်း မင်္ဂလာကို ခိုင်နှင်းဝေက သူမွေးစားစောင့်ရှောက်ထားတဲ့ ကလေးတွေထဲက သမီးလေးတစ်ယောက်ရဲ့ ကွယ်လွန်ခြင်း (၁၄)လပြည့်ကို ရည်းစူးပြုလုပ်တာလည်း အပါအဝင်ဖြစ်ပါတယ်။

ခိုင်နှင်းဝေဟာ ပရဟိတလုပ်ငန်းတွေကို ကိုယ်တိုင်ကိုယ်ကျ ကူညီမှုတွေလိုအပ်နေတဲ့ ဒေသတွေအထိကို သွားရောက်ကူညီပေးနေတာဖြစ်ပြီး လူမမယ် မိဘမဲ့ကလေးတွေကိုလည်း “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ”ကိုလည်း ဖွင့်လှစ်ထားကာ ဂေဟာက ကလေးတွေကို သားသမီး အရင်းသဖွယ်ပြုစုရှောက်မှုတွေပေးနေတာလည်း ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။

အခုလို ကွယ်လွန်သွားတဲ့ သမီးလေးတစ်ယောက်အတွက် ရည်းစူးပြုလုပ်တဲ့ ကထိန်ခင်းအလှူပွဲကိုတော့ လာမယ့် နိုဝင်ဘာလ (၁၀) (၁၁)ရက်နေ့တွေမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ဇေယျာသီရိမြို့နယ်၊သုခရတနာကျောင်းတိုက်မှာ ကထိန်ခင်းမှာလို့လည်း သိရှိရပါတယ်။ ပရိသတ်ကြီးရေ သမီးလေးအတွက် ရည်စူးပြီး အလှူပြုလုပ်ပေးသွားမယ့် ခိုင်နှင်းဝေရဲ့ မွန်မြတ်တဲ့ စိတ်ထားလေးကို သာဓုခေါ်သွားပေးပါဦးနော်…

ေဇာ္ဂ်ီျဖင့္ဖတ္ရန္

ခိုကိုးရာမဲ့ လူမမယ္ကေလးေတြကို ျပဴစုေစာင့္ေရွာက္မႈေတြေပးအပ္ေနတဲ့ ပရဟိတမိခင္ႀကီးလို႔ေတာင္ ေခၚဆိုရတဲ့ မင္းသမီး ခိုင္ႏွင္းေဝကေတာ့ လက္ရွိမွာ ကထိန္ခင္းအလႉေလးကို က်င္းပျပဳခဲ့ျပန္ပါတယ္။ျမန္မာတို႔ရဲ႕ ဓေလ့ထုံးတမ္းအစဥ္အလာျဖစ္တဲ့ ကထိန္ခင္းျခင္း မဂၤလာကို ခိုင္ႏွင္းေဝက သူေမြးစားေစာင့္ေရွာက္ထားတဲ့ ကေလးေတြထဲက သမီးေလးတစ္ေယာက္ရဲ႕ ကြယ္လြန္ျခင္း (၁၄)လျပည့္ကို ရည္းစူးျပဳလုပ္တာလည္း အပါအဝင္ျဖစ္ပါတယ္။

ခိုင္ႏွင္းေဝဟာ ပရဟိတလုပ္ငန္းေတြကို ကိုယ္တိုင္ကိုယ္က် ကူညီမႈေတြလိုအပ္ေနတဲ့ ေဒသေတြအထိကို သြားေရာက္ကူညီေပးေနတာျဖစ္ၿပီး လူမမယ္ မိဘမဲ့ကေလးေတြကိုလည္း “ခိုင္ႏွင္းေဝ ရင္ေသြးေလးမ်ားေဂဟာ”ကိုလည္း ဖြင့္လွစ္ထားကာ ေဂဟာက ကေလးေတြကို သားသမီး အရင္းသဖြယ္ျပဳစုေရွာက္မႈေတြေပးေနတာလည္း ပရိသတ္ေတြသိရွိၿပီးသားျဖစ္မွာပါ။

အခုလို ကြယ္လြန္သြားတဲ့ သမီးေလးတစ္ေယာက္အတြက္ ရည္းစူးျပဳလုပ္တဲ့ ကထိန္ခင္းအလႉပြဲကိုေတာ့ လာမယ့္ ႏိုဝင္ဘာလ (၁၀) (၁၁)ရက္ေန႔ေတြမွာ က်င္းပျပဳလုပ္မွာျဖစ္ၿပီး ေဇယ်ာသီရိၿမိဳ႕နယ္၊သုခရတနာေက်ာင္းတိုက္မွာ ကထိန္ခင္းမွာလို႔လည္း သိရွိရပါတယ္။ ပရိသတ္ႀကီးေရ သမီးေလးအတြက္ ရည္စူးၿပီး အလႉျပဳလုပ္ေပးသြားမယ့္ ခိုင္ႏွင္းေဝရဲ႕ မြန္ျမတ္တဲ့ စိတ္ထားေလးကို သာဓုေခၚသြားေပးပါဦးေနာ္…