တစ်ယောက်ကိုတစ်ယောက် ချစ်ချစ်ခင်ခင်နဲ့အနမ်းလေးတွေပေးနေကြတဲ့ ခင်ဝင့်ဝါနဲ့ထက်ထက်ထွန်းရဲ့ဗီဒီယိုဖိုင်လေး

ေဇာ္ဂ်ီ / ယူနီကုဒ်

ေဇာ္ဂ်ီျဖင့္ဖတ္ရန္

သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး ထက္ထက္ထြန္းကေတာ့ ေမာ္ဒယ္၊ အလွမယ္တစ္ဦးအျဖစ္ ပရိသတ္ေတြနဲ႔ရင္းႏွီးမႈစတင္ရရွိခဲ့တာ ျဖစ္ပါတယ္။ အခုေနာက္ပိုင္းမွာဆိုရင္လည္း ထက္ထက္ထြန္းက သ႐ုပ္ေဆာင္တစ္ဦးအျဖစ္ ဇာတ္ကားေတြ ဇာတ္လမ္းတြဲေတြ ႐ိုက္ကူးေနရၿပီျဖစ္ပါတယ္။ ယခုလက္ရွိမွာ ထုတ္လႊင့္ျပသေနတဲ့ ” အၾကင္နာျမစ္ဖ်ား ” ဆိုတဲ့ ဇာတ္လမ္းတြဲေလးမွာလည္း ထက္ထက္ထြန္းက ပါဝင္သ႐ုပ္ေဆာင္ထားရပါတယ္။

ဒီဇာတ္လမ္းတြဲေလးမွာေတာ့ ထက္ထက္ထြန္းနဲ႔အတူ မိုးယံဇြန္၊ ေဝလွ်ံ ၊ ခင္ဝင့္ဝါတို႔လည္း ပါဝင္သ႐ုပ္ေဆာင္ထားၾကတာ ျဖစ္ပါတယ္။ အခုလည္း ထက္ထက္ထြန္းက ခင္ဝင့္ဝါနဲ႔အတူ အမွတ္တရ႐ိုက္ကူးထားတဲ့ ပုံရိပ္ေလးေတြနဲ႔ ဗီဒီယိုဖိုင္ေလးကို ပရိသတ္ေတြအတြက္ မွ်ေဝေပးထားပါတယ္။ ထက္ထက္ထြန္းက ” ခ်ယ္ရီေလးနဲ႔ ေခ်ာစုေလး ဘယ္လိုေရွ႕ဆက္မလည္း အၾကင္နာျမစ္ဖ်ားရယ္ ” ဆိုၿပီး တင္ထားတာ ျဖစ္ပါတယ္။

ခ်ယ္ရီနဲ႔ေခ်ာစုအျဖစ္ သ႐ုပ္ေဆာင္ထားၾကတဲ့ ထက္ထက္ထြန္းနဲ႔ ခင္ဝင့္ဝါတို႔ႏွစ္ေယာက္က အျပင္မွာလည္း တကယ့္ကိုခင္မင္ရင္းႏွီးၾကတဲ့ အႏုပညာညီအစ္မေတြ ျဖစ္ၾကပါတယ္။ အခုလည္း သူမတို႔ႏွစ္ေယာက္က ခ်စ္ခ်စ္ခင္ခင္နဲ႔ အနမ္းေလးေတြေပးၿပီး အခ်င္းခ်င္းစေနာက္က်ီစယ္ေနၾကတာ ျဖစ္ပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ ခင္ဝင့္ဝါနဲ႔ ထက္ထက္ထြန္းတို႔ႏွစ္ေယာက္ရဲ႕ခ်စ္စရာပုံရိပ္ေလးေတြနဲ႔ ဗီဒီယိုဖိုင္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Photo & Video Credit-Htet Htet Htun’s FB,CRD-Myanmar Load

ယူနီကုဒ်ဖြင့်ဖတ်ရန်

သရုပ်ဆောင် မင်းသမီးချောလေး ထက်ထက်ထွန်းကတော့ မော်ဒယ်၊ အလှမယ်တစ်ဦးအဖြစ် ပရိသတ်တွေနဲ့ရင်းနှီးမှုစတင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင်လည်း ထက်ထက်ထွန်းက သရုပ်ဆောင်တစ်ဦးအဖြစ် ဇာတ်ကားတွေ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။ ယခုလက်ရှိမှာ ထုတ်လွှင့်ပြသနေတဲ့ ” အကြင်နာမြစ်ဖျား ” ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာလည်း ထက်ထက်ထွန်းက ပါဝင်သရုပ်ဆောင်ထားရပါတယ်။

ဒီဇာတ်လမ်းတွဲလေးမှာတော့ ထက်ထက်ထွန်းနဲ့အတူ မိုးယံဇွန်၊ ဝေလျှံ ၊ ခင်ဝင့်ဝါတို့လည်း ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ အခုလည်း ထက်ထက်ထွန်းက ခင်ဝင့်ဝါနဲ့အတူ အမှတ်တရရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။ ထက်ထက်ထွန်းက ” ချယ်ရီလေးနဲ့ ချောစုလေး ဘယ်လိုရှေ့ဆက်မလည်း အကြင်နာမြစ်ဖျားရယ် ” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။

ချယ်ရီနဲ့ချောစုအဖြစ် သရုပ်ဆောင်ထားကြတဲ့ ထက်ထက်ထွန်းနဲ့ ခင်ဝင့်ဝါတို့နှစ်ယောက်က အပြင်မှာလည်း တကယ့်ကိုခင်မင်ရင်းနှီးကြတဲ့ အနုပညာညီအစ်မတွေ ဖြစ်ကြပါတယ်။ အခုလည်း သူမတို့နှစ်ယောက်က ချစ်ချစ်ခင်ခင်နဲ့ အနမ်းလေးတွေပေးပြီး အချင်းချင်းစနောက်ကျီစယ်နေကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခင်ဝင့်ဝါနဲ့ ထက်ထက်ထွန်းတို့နှစ်ယောက်ရဲ့ချစ်စရာပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Htet Htet Htun’s FB,CRD-Myanmar Load