“ဇာတ်ကောင်စရိုက်ပီပြင်အောင် သွားတွေနီဖို့အတွက် အချိန်ပြည့်ကွမ်းဝါးခဲ့ရတဲ့ အိန္ဒြာကျော်ဇင်”

ေဇာ္ဂ်ီ / ယူနီကုဒ်

ယူနီကုဒ်ဖြင့်ဖတ်ရန်

အနုပညာကဝေလို့ တင်စားခေါ်ဝေါ်နေကြတဲ့ အိန္ဒြာကျော်ဇင်ကတော့ ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် လက်ရှိအချိန်ထိအောင်မြင်မှုကိုထိန်းထားနိုင်ဆဲလို့ဆိုရမှာပါ။ ကျရာဇာတ်ကောင်အတိုင်း လိုက်ပါစီးမျောပြီး ခံစားနိုင်တာကြောင့် ခေတ်ပြိုင်အနုပညာရှင်တွေကြားမှာ အောင်မြင်မှုလမ်းကြောင်းပေါ်မှာ တစ်ယောက်ထဲကျန်ခဲ့တဲ့သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။

ဒါ့အပြင် ကလေးနှစ်ယောက်အမေဖြစ်ပေမယ့်လည်း သွယ်လျလှပတဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် မိန်းကလေးတွေလေးစားအားကျနေရသူလည်းဖြစ်ပါတယ်။ လက်ရှိမှာ အကယ်ဒမီဆုနှစ်ဆုကို ရရှိထားတာဖြစ်ပြီး အခုရုံတင်တော့မှာဖြစ်တဲ့ “ရိုးမပေါ် ကျတဲ့မျက်ရည်” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပီပြင်လွန်းလှတဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်အချို့ကအကယ်ဒမီမှန်းထားကြတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင် မြင့်မြတ်၊ခိုင်သင်းကြည်တို့နဲ့အတူ တွဲဖက်ညီစွာသရုပ်ဆောင်ထားတဲ့ အူဝဲကိုတွေ့ရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားမှာဆိုရင်လည်း အိန္ဒြာကျော်ဇင်ဟာ ယောကျ်ားလျာကိုတိုးနေရာကနေ သရုပ်ဆောင်ထားတာဖြစ်ပြီး ကိုတိုးနဲ့တူအောင် အဝတ်အစား၊ မိတ်ကပ်အစစအရာရာသေချာပြင်ဆင်ထားတာကိုတွေ့ရမှာပါ။ ဒါ့အပြင် ကိုတိုးရဲ့ဇာတ်ကောင်နဲ့တူညီအောင် “သွားတွေနီအောင် အချိန်ပြည့်ကွမ်းတွေဝါး”ရတယ်ဆိုပြီး သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားမျှဝေခဲ့တာဖြစ်ပါတယ်။ဒီဇာတ်ကားဟာဆိုရင် (၁၉၈၀)ခုနှစ်က ဖြစ်ရပ်မှန်တစ်ခုကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး (၇.၁၁.၂၀၁၉)မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

Source – Eaindra Kyaw Zin
Rainbow – Cele Gabar

ေဇာ္ဂ်ီျဖင့္ဖတ္ရန္

“ဇာတ္ေကာင္စ႐ိုက္ပီျပင္ေအာင္ သြားေတြနီဖို႔အတြက္ အခ်ိန္ျပည့္ကြမ္းဝါးခဲ့ရတဲ့ အိျႏၵာေက်ာ္ဇင္”

အႏုပညာကေဝလို႔ တင္စားေခၚေဝၚေနၾကတဲ့ အိျႏၵာေက်ာ္ဇင္ကေတာ့ ပီျပင္ေျပာင္ေျမာက္လွတဲ့ သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ လက္ရွိအခ်ိန္ထိေအာင္ျမင္မႈကိုထိန္းထားႏိုင္ဆဲလို႔ဆိုရမွာပါ။ က်ရာဇာတ္ေကာင္အတိုင္း လိုက္ပါစီးေမ်ာၿပီး ခံစားႏိုင္တာေၾကာင့္ ေခတ္ၿပိဳင္အႏုပညာရွင္ေတြၾကားမွာ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚမွာ တစ္ေယာက္ထဲက်န္ခဲ့တဲ့သ႐ုပ္ေဆာင္တစ္ေယာက္လည္းျဖစ္ပါတယ္။

ဒါ့အျပင္ ကေလးႏွစ္ေယာက္အေမျဖစ္ေပမယ့္လည္း သြယ္လ်လွပတဲ့ ခႏၶာကိုယ္အခ်ိဳးအစားေၾကာင့္ မိန္းကေလးေတြေလးစားအားက်ေနရသူလည္းျဖစ္ပါတယ္။ လက္ရွိမွာ အကယ္ဒမီဆုႏွစ္ဆုကို ရရွိထားတာျဖစ္ၿပီး အခု႐ုံတင္ေတာ့မွာျဖစ္တဲ့ “႐ိုးမေပၚ က်တဲ့မ်က္ရည္” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာလည္း ပီျပင္လြန္းလွတဲ့သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ ပရိသတ္အခ်ိဳ႕ကအကယ္ဒမီမွန္းထားၾကတာျဖစ္ပါတယ္။ ဒီဇာတ္ကားမွာဆိုရင္ ျမင့္ျမတ္၊ခိုင္သင္းၾကည္တို႔နဲ႔အတူ တြဲဖက္ညီစြာသ႐ုပ္ေဆာင္ထားတဲ့ အူဝဲကိုေတြ႕ရမွာျဖစ္ပါတယ္။

ဒီဇာတ္ကားမွာဆိုရင္လည္း အိျႏၵာေက်ာ္ဇင္ဟာ ေယာက်္ားလ်ာကိုတိုးေနရာကေန သ႐ုပ္ေဆာင္ထားတာျဖစ္ၿပီး ကိုတိုးနဲ႔တူေအာင္ အဝတ္အစား၊ မိတ္ကပ္အစစအရာရာေသခ်ာျပင္ဆင္ထားတာကိုေတြ႕ရမွာပါ။ ဒါ့အျပင္ ကိုတိုးရဲ႕ဇာတ္ေကာင္နဲ႔တူညီေအာင္ “သြားေတြနီေအာင္ အခ်ိန္ျပည့္ကြမ္းေတြဝါး”ရတယ္ဆိုၿပီး သူ႔ရဲ႕ေဖ့ဘြတ္ခ္စာမ်က္ႏွာမွာ ေရးသားမွ်ေဝခဲ့တာျဖစ္ပါတယ္။ဒီဇာတ္ကားဟာဆိုရင္ (၁၉၈၀)ခုႏွစ္က ျဖစ္ရပ္မွန္တစ္ခုကို အေျခခံ႐ိုက္ကူးထားတာျဖစ္ၿပီး (၇.၁၁.၂၀၁၉)မွာ ႐ုံတင္ျပသေတာ့မွာျဖစ္ပါတယ္။

Source – Eaindra Kyaw Zin
Rainbow – Cele Gabar