ပြတ်သွားတဲ့ ရည်းစားဟောင်းနဲ့ပတ်သက်ပြီးပြောလိုက်တဲ့ နွယ်ဒါလီထွန်း
ေဇာ္ဂ်ီ / ယူနီကုဒ်
ဇော်ဂျီဖြင့်ဖတ်ရန်
ယူနီကုဒ်ဖြင့်ဖတ်ရန်
နွယ်ဒါလီထွန်းဟာဆိုရင် ပြစ်မျိုးမှဲ့မထင်ချောမောလှပတဲ့မော်ဒယ်လေးတစ်ဦးဖြစ်ပြီး တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ရရှိပိုင်ဆိုင်ထားသူလေးလည်းဖြစ်ပါတယ်။ နွယ်ဒါလီထွန်းဟာလွန်ခဲ့တဲ့နှစ်အတန်ကြာကတည်းက အနုပညာလောကထဲမှာအောင်မြင်ကျော်ကြားလာသူဖြစ်ပြီးအခုအချိန်အထိလည်း အောင်မြင်မှုကိုထိန်းသိမ်းထားနိုင်သလိုအသက်ကြီးသွားတယ်ရယ်လို့လည်းမရှိပဲ အမြဲတမ်းဆယ်ကျော်သက်ကောင်မလေးလို လှပနုပျိုနေတာကြောင့်လည်း vampire များလားလို့ ပရိသတ်တွေစနောက်တာကိုခံနေရသူလေးလည်းဖြစ်ပါတယ်။
နွယ်ဒါလီထွန်းဟာ ပုရိသတွေအိပ်မက်ထဲက ယမင်းရုပ်လေးဖြစ်ပေမယ့်လည်း သူမရဲ့အချစ်ရေးကိုတော့ သိုသိပ်စွာနေတတ်သူဖြစ်ပြီး ပရိသတ်တွေရှေ့ချပြတတ်သူမဟုတ်ပါဘူး။ သူမကိုပိုင်ဆိုင်ရတဲ့ ပုရိသကတော့ ကံအကောင်းဆုံးဖြစ်မှာ ပြောစရာမလိုဘူးဆိုရမှာပါ။ နွယ်ဒါလီထွန်းက လက်ရှိမှာအနုပညာအလုပ်တွေဇယ်ဆက်သလိုလုပ်နေပြီး ပရိသတ်တွေအတွက်လည်း အနုပညာလှုပ်ရှားမှုလေးတွေနဲ့ဓာတ်ပုံလေးတွေကို သူမရဲ့ လူမှုကွန်ယက်မှာတင်ပေးလေ့ရှိပါတယ်။
နွယ်ဒါလီထွန်းဟာ မကြာသေးမီကလည်း သူမရဲ့ လူမှုကွန်ယက်မှာ ဓာတ်ပုံလေးတွေတင်ပေးထားပြီး သူမရဲ့အချစ်ရေးကိုသိချင်နေကြတဲ့ ပရိသတ်ကြီးအတွက် ရင်ထဲက ခံစားချက်တချို့တလေကိုလည်းလှစ်ဟပြခဲ့ပါသေးတယ်။ နွယ်ဒါလီထွန်းက ဓာတ်ပုံလှလှလေးတွေနဲ့အတူ “ကြိုက်သလိုစပါပြတ်သွားတဲ့ရည်းစားဟောင်းနဲ့ လာမစပါနဲ့” လို့ တင်ထားခဲ့တာပါ။ အဲဒီပို့စ်အောက်မှာ သူမရဲ့ သူငယ်ချင်းတွေနဲ့ အနုပညာမောင်နှမတွေက ဝင်ပြီး comment လေးတွေပေးထားတာလည်းတွေ့ရပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော နွယ်ဒါလီထွန်းကိုချစ်ကြလား။ ဒါလီလေးရဲ့ နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကိုရော အားပေးဖို့အသင့်ပဲလား။ပြောခဲ့ကြပါဦး။