ဆရာဦးထွန်းလွင်ကြွေလွင့်သွားတာနဲ့ပတ်သက်ပြီး ဝမ်းနည်းစကားတွေရင်ဖွင့်လာတဲ့ အနုပညာရှင်များ

ေဇာ္ဂ်ီ / ယူနီကုဒ်

ေဇာ္ဂ်ီျဖင့္ဖတ္ရန္

မိုးေလဝသႏွင့္ ဇလေဗဒ ပညာရွင္ ေဒါက္တာ ဦးထြန္းလြင္ ကြယ္လြန္သြားျခင္းဟာ ျမန္မာနို္င္ငံရဲ႕ အစားထိုးမရနုိင္တဲ့ ဆံုးရံႈးမႈၾကီးပါ။ ဆရာၾကီးရဲ႔ အခ်ိန္နဲ႔ တစ္ေျပးညီ မိုးေလဝသ သံုးသပ္ခ်က္ေတြကို မွီခိုအားကိုးေနရတဲ့ ပင္လယ္ငါးဖမ္းလုပ္ငန္းလုပ္ကိုင္သူေတြနဲ႔ ေတာင္သူလယ္သမားေတြအတြက္လည္း အားကိုးရာမဲ့သြားရတဲ့ ဝမ္းနည္းစရာျဖစ္ရပ္ၾကီးဆိုရင္မမွားပါဘူး။ဆရာၾကီး ေဝဒနာခံစားရလို႔ ေဆးရံုတက္ေရာက္ ကုသစဥ္မွာ ကြယ္လြန္သြားျပီဆိုတဲ့ ေကာလဟာလ သတင္းေတြထြက္လာခဲ့ေသးေေပမယ့္လည္း သတင္းမွား ျဖစ္ေၾကာင္း သမီးျဖစ္သူက ျပန္လည္ေခ်ပခဲ့တာေၾကာင့္ စိတ္ပူေနၾကတဲ့ ျပည္သူေတြက ဆရာၾကီး က်န္းမာေနေသးတယ္ဆိုျပီး စိတ္ေအးလက္ေအး ေနေနခ်ိန္မွာပဲ သတင္းဆိုးၾကီးက ျဗဳန္းဆို ေရာက္လာခဲ့တာပါ။

ျပီးခဲ့တဲ့ နုိဝင္ဘာလ ေလးရက္ေန႔ ညေန (၆) နာရီ (၅၇) မိနစ္မွာ ဆရာၾကီး ကြယ္လြန္အနိစၥ ေရာက္သြားျပီျဖစ္ေၾကာင္း မိသားစုက အတည္ျပဳေပးခဲ့တဲ့ သတင္းေတြတက္လာျပီးေနာက္ ျပည္သူေတြအားလံုးဝမ္းနည္းေနၾကတာပါ။  ပိုျပီး ဝမ္းနည္းစရာေကာင္းတဲ့ ဗီဒီယိုေလးကေတာ့ တာဝန္ေက်လြန္းတဲ့ ဆရာဦးထြန္းလြင္က ေဝဒနာေတြ ခံစားရင္းတန္းလန္းနဲ႔ေတာင္ မိုးေလဝသ သတင္းေတြကို ေယာင္ျပီး ေျပာေနေပးတာ ျဖစ္ပါတယ္။ အဲဒီ  video ေလးကုိျမင္ျပီးတဲ့ေနာက္မွာ အားလံုးက ေျဖမဆည္နုိင္ေအာင္ဝမ္းနည္းေနၾကတာပါ။ အနုပညာရွင္ေတာ္ေတာ္မ်ားမ်ားကလည္း လူမႈကြန္ယက္မွာ ဝမ္းနည္းေၾကာင္းရင္ဖြင့္စကားေတြတင္ထားၾကတာလည္းေတြ႕ရပါတယ္။

ပရိသတ္ေတြခ်စ္တဲ့ ေတးသံရွင္စည္သူလြင္က ဦးထြန္းလြင္ေၾကြလြင့္သြားတဲ့အတြက္ ဝမ္းနည္းေၾကာင္းကုိ သူ႔ရဲ႕ လူမႈကြန္ယက္မွာ “ဆရာႀကီးဦးထြန္းလြင္ကိုဆုံးရႈံးလိုက္ရတဲ့အတြက္ဝမ္းနည္းရပါတယ္။ေကာင္းရာဘုံဘဝမွာေအးခ်မ္းစြာအနားယူႏိုင္ပါေစ။”လိုု႔ေရးသားထားျပီး အဆိုေတာ္ ထန္ပါးကလည္း ဆရာၾကီးရဲ႕ ေဝဒနာခံစားေနရတာေတာင္ မိုးေလဝသခန္႔မွန္းခ်က္ေတြေျပာေနတဲ့ video ေလးကို share ျပီး  “ဆရာၾကီးေရ မယံုနုိင္ပါဘူးဗ်ာ ဆရာၾကီးဦးထြန္းလြင္ RIP”လို႔ ေရးထားတာလည္းေတြ႕ရပါတယ္။

ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ မင္းသမီး စံရတီိမုိးျမင့္ကလည္း သူမရဲ႕ လူမႈကြန္ယက္မွာ ဦးထြန္းလြင္ရဲ႕ ဓာတ္ပံုနဲ႔အတူ “ႏိုင္ငံအတြက္တန္ဖိုးမျဖတ္ႏိုင္ေလာက္ေအာင္ အဖိုးတန္လြန္းတဲ့ဆရာ ေနာက္ဆံုးအခ်ိန္ထိတာဝန္ေက်ခဲ့တဲ့ဆရာ အေကာင္းဆံုးဘဝမွာဆက္႐ွင္သန္ပါဆရာ”ဆိုတဲ့စာေလးနဲ႔ ဆုေတာင္းေပးထားျပန္ပါတယ္။ ဒါ့အျပင္ အဆိုေတာ္သရုပ္ေဆာင္ထြန္းထြန္းကေတာ့ မိုးေလဝသသတင္းေတြေယာင္ျပီးေျပာေနရွာတဲ့ ဦးထြန္းလြင္ရဲ႕ Video ေလးေတြကုိ share ထားျပီး “ေကာင္းရာသုဂတိလားပါေစ ခင္ဗ်ာ”လို႔ ဆုေတာင္းေပးထားတာေလးကုိလည္းေတြ႕ရပါတယ္။

လက္ရွိမွာေတာ့ ျပည္သူေတြအားလံုးက ဦးထြန္းလြင္ေၾကြလြင့္သြားျခင္းအတြက္ မိသားစုနဲ႔ထပ္တူ ဝမ္းနည္းပူေဆြးေနၾကျပီး ဦးထြန္းလြင္ကုိ ေကာင္းရာသုဂတိလားပါေစလို႔ဆုေတာင္းေပးေနၾကပါတယ္။ နုိင္ငံေတာ္အတြက္ေနာက္ဆံုးအခ်ိန္အထိတာဝန္ေက်ခဲ့တဲ့ လူသူေတာ္ေကာင္းၾကီးဦးထြန္းလြင္ကေတာ့ အခုအခ်ိန္ဆိုရင္ နတ္ဘံုနတ္နန္းမွာေရာက္ေနမွာအမွန္ပါပဲ။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးလည္း ဦးထြန္းလြင္အတြက္ရင္ထဲက ခံစားခ်က္ေလးေတြမွ်ေဝေပးခဲ့ၾကပါဦး။

ယူနီကုဒ်ဖြင့်ဖတ်ရန်

မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ဦးထွန်းလွင် ကွယ်လွန်သွားခြင်းဟာ မြန်မာနိုင်ငံရဲ့ အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုကြီးပါ။ ဆရာကြီးရဲ့ အချိန်နဲ့ တစ်ပြေးညီ မိုးလေဝသ သုံးသပ်ချက်တွေကို မှီခိုအားကိုးနေရတဲ့ ပင်လယ်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ တောင်သူလယ်သမားတွေအတွက်လည်း အားကိုးရာမဲ့သွားရတဲ့ ဝမ်းနည်းစရာဖြစ်ရပ်ကြီးဆိုရင်မမှားပါဘူး။ဆရာကြီး ဝေဒနာခံစားရလို့ ဆေးရုံတက်ရောက် ကုသစဉ်မှာ ကွယ်လွန်သွားပြီဆိုတဲ့ ကောလဟာလ သတင်းတွေထွက်လာခဲ့သေးေပေမယ့်လည်း သတင်းမှား ဖြစ်ကြောင်း သမီးဖြစ်သူက ပြန်လည်ချေပခဲ့တာကြောင့် စိတ်ပူနေကြတဲ့ ပြည်သူတွေက ဆရာကြီး ကျန်းမာနေသေးတယ်ဆိုပြီး စိတ်အေးလက်အေး နေနေချိန်မှာပဲ သတင်းဆိုးကြီးက ဗြုန်းဆို ရောက်လာခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ လေးရက်နေ့ ညနေ (၆) နာရီ (၅၇) မိနစ်မှာ ဆရာကြီး ကွယ်လွန်အနိစ္စ ရောက်သွားပြီဖြစ်ကြောင်း မိသားစုက အတည်ပြုပေးခဲ့တဲ့ သတင်းတွေတက်လာပြီးနောက် ပြည်သူတွေအားလုံးဝမ်းနည်းနေကြတာပါ။ ပိုပြီး ဝမ်းနည်းစရာကောင်းတဲ့ ဗီဒီယိုလေးကတော့ တာဝန်ကျေလွန်းတဲ့ ဆရာဦးထွန်းလွင်က ဝေဒနာတွေ ခံစားရင်းတန်းလန်းနဲ့တောင် မိုးလေဝသ သတင်းတွေကို ယောင်ပြီး ပြောနေပေးတာ ဖြစ်ပါတယ်။ အဲဒီ video လေးကိုမြင်ပြီးတဲ့နောက်မှာ အားလုံးက ဖြေမဆည်နိုင်အောင်ဝမ်းနည်းနေကြတာပါ။ အနုပညာရှင်တော်တော်များများကလည်း လူမှုကွန်ယက်မှာ ဝမ်းနည်းကြောင်းရင်ဖွင့်စကားတွေတင်ထားကြတာလည်းတွေ့ရပါတယ်။

ပရိသတ်တွေချစ်တဲ့ တေးသံရှင်စည်သူလွင်က ဦးထွန်းလွင်ကြွေလွင့်သွားတဲ့အတွက် ဝမ်းနည်းကြောင်းကို သူ့ရဲ့ လူမှုကွန်ယက်မှာ “ဆရာကြီးဦးထွန်းလွင်ကိုဆုံးရှုံးလိုက်ရတဲ့အတွက်ဝမ်းနည်းရပါတယ်။ကောင်းရာဘုံဘဝမှာအေးချမ်းစွာအနားယူနိုင်ပါစေ။”လို့ရေးသားထားပြီး အဆိုတော် ထန်ပါးကလည်း ဆရာကြီးရဲ့ ဝေဒနာခံစားနေရတာတောင် မိုးလေဝသခန့်မှန်းချက်တွေပြောနေတဲ့ video လေးကို share ပြီး “ဆရာကြီးရေ မယုံနိုင်ပါဘူးဗျာ ဆရာကြီးဦးထွန်းလွင် RIP”လို့ ရေးထားတာလည်းတွေ့ရပါတယ်။

ပရိသတ်တွေရဲ့အချစ်တော် မင်းသမီး စံရတီမိုးမြင့်ကလည်း သူမရဲ့ လူမှုကွန်ယက်မှာ ဦးထွန်းလွင်ရဲ့ ဓာတ်ပုံနဲ့အတူ “နိုင်ငံအတွက်တန်ဖိုးမဖြတ်နိုင်လောက်အောင် အဖိုးတန်လွန်းတဲ့ဆရာ နောက်ဆုံးအချိန်ထိတာဝန်ကျေခဲ့တဲ့ဆရာ အကောင်းဆုံးဘဝမှာဆက်ရှင်သန်ပါဆရာ”ဆိုတဲ့စာလေးနဲ့ ဆုတောင်းပေးထားပြန်ပါတယ်။ ဒါ့အပြင် အဆိုတော်သရုပ်ဆောင်ထွန်းထွန်းကတော့ မိုးလေဝသသတင်းတွေယောင်ပြီးပြောနေရှာတဲ့ ဦးထွန်းလွင်ရဲ့ Video လေးတွေကို share ထားပြီး “ကောင်းရာသုဂတိလားပါစေ ခင်ဗျာ”လို့ ဆုတောင်းပေးထားတာလေးကိုလည်းတွေ့ရပါတယ်။

လက်ရှိမှာတော့ ပြည်သူတွေအားလုံးက ဦးထွန်းလွင်ကြွေလွင့်သွားခြင်းအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းပူဆွေးနေကြပြီး ဦးထွန်းလွင်ကို ကောင်းရာသုဂတိလားပါစေလို့ဆုတောင်းပေးနေကြပါတယ်။ နိုင်ငံတော်အတွက်နောက်ဆုံးအချိန်အထိတာဝန်ကျေခဲ့တဲ့ လူသူတော်ကောင်းကြီးဦးထွန်းလွင်ကတော့ အခုအချိန်ဆိုရင် နတ်ဘုံနတ်နန်းမှာရောက်နေမှာအမှန်ပါပဲ။ ပြောချင်လွန်းလို့ပရိသတ်ကြီးလည်း ဦးထွန်းလွင်အတွက်ရင်ထဲက ခံစားချက်လေးတွေမျှဝေပေးခဲ့ကြပါဦး။