အပူပင်ကင်းကင်းနဲ့ အိပ်ပျော်နေတဲ့ ခေတ်နဲ့သစ်ရဲ့ ချစ်စရာVideo

ေဇာ္ဂ်ီ / ယူနီကုဒ်

ဇော်ဂျီဖြင့်ဖတ်ရန်





ယူနီကုဒ်ဖြင့်ဖတ်ရန်

ခေတ်နဲ့ သစ် ဆိုတာနဲ့ ချစ်သုဝေနဲ့ လင်းလင်းရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ဆိုတာကို အားလုံးသော ပရိသတ်တွေ သိပြီးဖြစ်ပါတယ်။ ခေတ်နဲ့သစ်ကတော့ မိဘနှစ်ယောက်စလုံးရဲ့ ချစ်စရာကောင်းတဲ့ အမွေတွေကို ရရှိထားကြတဲ့သူလေးတွေ ဖြစ်ပါတယ်။ ခေတ်နဲ့ သစ်ဟာ ဘယ်လောက်ထိ ချစ်ဖို့ကောင်းလဲဆိုတာကိုလည်း ပရိသတ်ကြီးကို အထူးတလည်ပြောပြနေစရာမလိုပါဘူး ။ အခုကျနော်တို့ ပြောချင်လွန်းလို့ ကမိတ်ဆွေတွေကို ဖော်ပြပေးသွားချင်တဲ့ အကြောင်းရာလေးကတော့ ခေတ်နဲ့ သစ်ရဲ့ အပူပင်မရှိဘဲ အိပ်နေတဲ့ ချစ်စရာကောင်းတဲ့ Video လေးပဲ ဖြစ်ပါတယ် ။

ခေတ်နဲ့သစ်ဟာဆိုရင်တော့ မွေးကင်းစ ပိစိကလေးအရွယ်ကတည်းက ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရထားသူလေးတွေဖြစ်ပြီး တစ်နေ့တစ်ခြား ပိုပြီးကြီးပြင်းလာလေလေ တောက်တက်တောက်တက်နဲ့ အသည်းယားစရာအမူအရာလေးတွေ ပိုတတ်လာပြီး မြင်ရသူအပေါင်းရဲ့အသည်းကိုခြွေနိုင်လေလေပါ ။ ခေတ်လေးနဲ့သစ်လေးက ကျောင်းစာမှာလည်းထူးချွန်သလို တစ်ယောက်နဲ့ တစ်ယောက် ညှာတာထောက်ထားရ ကောင်းမှန်းလည်းသိပြီး ငယ်ငယ်လေးတွေနဲ့ အချင်းချင်းကူညီဖေးမပြီး စာနာစိတ်ထားတတ်သူလေးတွေဖြစ်ကြောင်းလည်း ကလေးတွေရဲ့ video လေးတွေထဲမှာမြင်နိုင်ပါတယ်။

ခတ်လေးနဲ့သစ်လေးဟာ ချစ်ဖို့ကောင်းလွန်းလို့ တစ်နိုင်ငံလုံးက အသည်းတုန်အူတုန်ဝိုင်းချစ်နေရတဲ့ အမြွှာလေးတွေဖြစ်ပြီး အခုကတည်းက ကြော်ငြာတွေရိုက်နေရပြီဖြစ်တဲ့ အနုပညာရှင်ပေါက်စလေးတွေလည်းဖြစ်ပါတယ်။ အရွယ်လေးရလာလေ ချစ်စရာပိုကောင်းလေ ဆိုတဲ့ ကလေးလေးလေးနှစ်ယောက်ရဲ့ အခု Video လေးထဲမှာတော့ ဘာမှအပူပင်မရှိသောက မရှိဘဲ အိပ်နေတဲ့ခေတ်နဲ့ သစ်ကို တွေ့ရမှဖြစ်ရပါတယ်။

ခေတ်နဲ့သစ် ရဲ့ဒီVideo လေးကိုကြည့်ပြီး တကယ့်ကို ချစ်စရာကောင်းပြီး အပင်ပြီးတဲ့ ကလေးလေးနှစ်ယောက်ကတော့ ပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ဘုံဆိုတဲ့ သီချင်းထဲက စာသားလေးတွေကို ပြန်အမှတ်ရသွားစေမှာအသေချာပါပဲ ။ သူတို့ရဲ့မေမေချစ်သုဝေနဲ့ ဖေဖေလင်းလင်းလို နိုင်ငံကျော်အဆိုတော်တွေ သရုပ်ဆောင်တွေဖြစ်မလား ဆိုတာကိုလည်း ခေတ်နဲ့သစ်ကို ချစ်ကြတဲ့ ပရိသတ်တွေက စိတ်ဝင်စားနေကြပြီထင်ပါတယ်။ သူတို့ကတော့ ငယ်ရွယ်စဉ်ကတည်းက ကြော်ငြာအချို့ကို လက်ခံရိုက်ကူးနေပြီဖြစ်ပါတယ်။ ခေတ်နဲ့သစ် ဘယ်လောက်ချစ်ဖို့ကောင်းလဲဆိုတဲ့ အကောင်းတွေကိုလည်း ပြန်လည်ဝေမျှပေးသွားကြပါဦးနော်။