နာမည်ကြီးနေတဲ့ ထိုင်းမင်းသမီးလေး အိုးခိုင်မော့ မြန်မာပြည်ကိုရောက်ရှိနေ

ေဇာ္ဂ်ီ / ယူနီကုဒ်

ယူနီကုဒ်ဖြင့်ဖတ်ရန်

ပြည်တွင်းမှာ အိုးခိုင်မော့ မင်းသမီးလေးလို့ တင်စားခေါ်ဝေါ်နေကြတဲ့ ထိုင်းမင်းသမီးလေး Bow Maylada Susri တစ်ယောက် မြန်မာနိုင်ငံကိုရောက်ရှိနေတယ်လို့ သိရပါတယ်။ သူမကို ချစ်ခင်ကြတဲ့ ပရိသတ်တွေက Junction City မှာ တွေ့ရတဲ့ သူမနဲ့အတူ ဓါတ်ပုံတွဲရိုက်ပြီး တင်ခဲ့ကြတာကို တွေ့ရပါတယ်။

Bow Maylada Susri ဟာဆိုရင် မကြာသေးခင်ကမှ ဘွဲ့ရခဲ့တာဖြစ်ပြီး သူမကို Junction City မှာ ရိုးရိုးယဉ်ယဉ်လေး တွေ့မြင်ခဲ့ကြရတာဖြစ်ပါတယ်။ သူနဲ့တွေ့ဆုံခဲ့တဲ့ ပရိသတ်တစ်ဦးက သူမနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးကို သူမရဲ့ စတိုရီကနေ ဝေမျှထားတာ တွေ့ရပါတယ်။

သူမပါဝင်တဲ့ London Sweeties ဆိုတဲ့ အချစ်ဟာသကားလေးကို Friend zone နဲ့အပြိုင်ရုံတင်ခဲ့တာဖြစ်ပေမယ့် သူမရဲ့ ဇာတ်ကားက Friend zone လောက်လူမသိခဲ့ပါဘူး။ ဒါပေမယ့်နောက်ပိုင်းမှာ သူမကို လူတိုင်းသိစေခဲ့တဲ့ အိုးခိုင်မော့ ဆိုတဲ့ အပြောလေးက London Sweeties ဇာတ်ကားကိုရော သူမကိုပါ မြန်မာပြည်သူတွေ ချစ်ခင်စေခဲ့တာဖြစ်ပါတယ်။

London Sweeties ဇာတ်ကားထဲမှာ သူမက ပွန်ဆိုတဲ့ ကောင်မလေးနေရာကပါဝင်ထားပြီး အစ်မဖြစ်သူရှိရာ လန်ဒန်ကို သွားလည်ဖို့အကြောင်းဖန်လာချိန်မှာ သူမရဲ့ယောင်တတ်တဲ့အကျင့်လေးတွေ၊ အူတူတူအတတ အပြုအမူလေးတွေနဲ့ ချစ်စဖွယ ်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ထိုင်းမင်းသား မင်းသမီးတော်တော်များများ အခုလိုပဲ မြန်မာနိုင်ငံကို မကြာခဏလာလည်ကြလေ့ရှိတယ်။

ကဲ အိုးခိုင်မော့လေး မြန်မာပြည်ရောက်နေပြီတဲ့ သူ့ကို ဘယ်သူတွေများ Junction City မှာ သတိထားမိ တွေ့လိုက်ကြသေးလဲဟင်။

Credit-Cele Star

ေဇာ္ဂ်ီျဖင့္ဖတ္ရန္

ျပည္တြင္းမွာ အိုးခိုင္ေမာ့ မင္းသမီးေလးလို႔ တင္စားေခၚေဝၚေနၾကတဲ့ ထိုင္းမင္းသမီးေလး Bow Maylada Susri တစ္ေယာက္ ျမန္မာႏိုင္ငံကိုေရာက္ရွိေနတယ္လို႔ သိရပါတယ္။ သူမကို ခ်စ္ခင္ၾကတဲ့ ပရိသတ္ေတြက Junction City မွာ ေတြ႕ရတဲ့ သူမနဲ႔အတူ ဓါတ္ပုံတြဲ႐ိုက္ၿပီး တင္ခဲ့ၾကတာကို ေတြ႕ရပါတယ္။

Bow Maylada Susri ဟာဆိုရင္ မၾကာေသးခင္ကမွ ဘြဲ႕ရခဲ့တာျဖစ္ၿပီး သူမကို Junction City မွာ ႐ိုး႐ိုးယဥ္ယဥ္ေလး ေတြ႕ျမင္ခဲ့ၾကရတာျဖစ္ပါတယ္။ သူနဲ႔ေတြ႕ဆုံခဲ့တဲ့ ပရိသတ္တစ္ဦးက သူမနဲ႔ ႐ိုက္ကူးထားတဲ့ ဓာတ္ပုံေလးကို သူမရဲ႕ စတိုရီကေန ေဝမွ်ထားတာ ေတြ႕ရပါတယ္။

သူမပါဝင္တဲ့ London Sweeties ဆိုတဲ့ အခ်စ္ဟာသကားေလးကို Friend zone နဲ႔အၿပိဳင္႐ုံတင္ခဲ့တာျဖစ္ေပမယ့္ သူမရဲ႕ ဇာတ္ကားက Friend zone ေလာက္လူမသိခဲ့ပါဘူး။ ဒါေပမယ့္ေနာက္ပိုင္းမွာ သူမကို လူတိုင္းသိေစခဲ့တဲ့ အိုးခိုင္ေမာ့ ဆိုတဲ့ အေျပာေလးက London Sweeties ဇာတ္ကားကိုေရာ သူမကိုပါ ျမန္မာျပည္သူေတြ ခ်စ္ခင္ေစခဲ့တာျဖစ္ပါတယ္။

London Sweeties ဇာတ္ကားထဲမွာ သူမက ပြန္ဆိုတဲ့ ေကာင္မေလးေနရာကပါဝင္ထားၿပီး အစ္မျဖစ္သူရွိရာ လန္ဒန္ကို သြားလည္ဖို႔အေၾကာင္းဖန္လာခ်ိန္မွာ သူမရဲ႕ေယာင္တတ္တဲ့အက်င့္ေလးေတြ၊ အူတူတူအတတ အျပဳအမူေလးေတြနဲ႔ ခ်စ္စဖြယ ္သ႐ုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

ထိုင္းမင္းသား မင္းသမီးေတာ္ေတာ္မ်ားမ်ား အခုလိုပဲ ျမန္မာႏိုင္ငံကို မၾကာခဏလာလည္ၾကေလ့ရွိတယ္။

ကဲ အိုးခိုင္ေမာ့ေလး ျမန္မာျပည္ေရာက္ေနၿပီတဲ့ သူ႔ကို ဘယ္သူေတြမ်ား Junction City မွာ သတိထားမိ ေတြ႕လိုက္ၾကေသးလဲဟင္။

Credit-Cele Star