ဒီကနေ့ တည်ငြိမ်အေးချမ်းစွာ သာသနာ့ဘောင်ဝင်ရောက်သွားတဲ့ သရုပ်ဆောင်သူရိယရဲ့ ဗီဒီယိုဖိုင်

ေဇာ္ဂ်ီ / ယူနီကုဒ်

ယူနီကုဒ်ဖြင့်ဖတ်ရန်

ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ မင်းသားတစ်ဦးဖြစ်တဲ့ သူရိယက အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ငယ်စဉ်ကတည်းက ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။ လက်ရှိမှာအချိန်ထိ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း ပရိသတ်တွေရဲ့ အားပေး ယုံကြည်မှုတွေကို ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေသိကြတဲ့ အတိုင်း သူရိယလို့ပြောလိုက်ရင် အနုပညာစုံတွဲလေးတွေကြားမှာ တစ်ယောက်ကို တစ်ယောက်အရမ်းချစ်ကြပြီး လိုက်ဖက်လွန်းတဲ့ သူရိယနဲ့ ဆုအိမ်စံတို့ စုံတွဲလေးကို မြင်မိကြမှာပါ။

တစ်ယောက်ကို တစ်ယောက်တစ်ဘဝလုံးစာ လက်တွဲသွားဖို့အတွက် ဆုံးဖြတ်ခဲ့ပြီး စေ့စပ်ပြီးနောက်မှာတော့ ပရိသတ်တွေလုံးဝကိုမထင်မှတ်ထားတဲ့ စေ့စပ်ကြောင်းလမ်းဖျက်သိမ်းလိုက်တဲ့ သတင်းထွက်ပေါ်လာပြီနောက်မှာ မင်းသားသူရိယဖက်ကနေ အတည်အလင်းကြောညာခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုပြဿနာမျိုးတွေရှိတယ်ဆိုတာ မသိပေမယ့်လည်း သူတို့အတွဲလေးကို ချစ်တဲ့ ပရိသတ်တွေကတော့ အရမ်းကို စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

စေ့စပ်ကြောင်းလမ်းဖျက်သိမ်းပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတဲ့ သူရိယက အခုဆိုရင် ဦးပဉ္ဇင်းတစ်ပါးအဖြစ် ခံယူပြီး သာသနာ့ဘောင်အတွင်းသို့ ခေတ္တ ဝင်ရောက်သွားပြီဖြစ်ပါတယ်။ အခုရက်ပိုင်းအတွင်းမှာ ပရိသတ်တွေကို ပြုံးပြနေပေမယ့်လည်း စိတ်ညစ်စရာတွေရှိကောင်းရှိနေနိုင်တဲ့ သူရိယက ယခုအချိန်မှာတော့ တည်ငြိမ်အေးချမ်းစွာနဲ့ ဥပဉ္ဇင်း နာယက အဖြစ် ခံယူခဲ့တဲ့ မှတ်တမ်း ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် ကုသိုလ်ယူနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်

ဇော်ဂျီဖြင့်ဖတ်ရန်


