ဘုရားသွားပြီး နှစ်ယောက်အတူ ရေကုသိုလ် ယူခဲ့ကြတဲ့ စည်ဖြိုး နဲ့ ခင်လွှမ်း တို့ချစ်သူနှစ်ဦး
ေဇာ္ဂ်ီ / ယူနီကုဒ်
ယူနီကုဒ်ဖြင့်ဖတ်ရန်
ရုပ်ရှင် သရုပ်ဆောင် စည်ဖြိုး ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင် တစ်ဦးပါ။ သူသရုပ်ဆောင် ရိုက်ကူးထားတဲ့ ဇာတ်ကားများစွာ ရှိတာကြောင့် သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာ ရရှိထားတာပါ။ စည်ဖြိုး ပါဝင်သရုပ်ဆောင် ထားတဲ့ သတ်ကွင်း ရုပ်ရှင် ဇာတ်ကားကြီးက လည်း ပရိသတ်တွေ ကြားမှာ နာမည်ကြီးခဲ့တာပါ။ သရုပ်ဆောင် သက်မွန် မြင့်တို့နဲ့ အတူ”တစ်သက်စာ” ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထားပါသေးတယ်။။ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေ အတွက် စည်ဖြိုး သူ့ရဲ့ ချစ်သူတို့ရဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
သရုပ်ဆောင် စည်ဖြိုးက သူ့ရဲ့ချစ်သူလေး သရုပ်ဆောင်မော်ဒယ်လ် ခင်လွှမ်းနဲ့အတူ ရိုက်ကူးထားတဲ့ ပုံရိပ်တွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်။စည်ဖြိုးရဲ့ ချစ်သူ ခင်လွှမ်း ကလည်း သရုပ်ဆောင်ပီပြင်သူလေးပါ။ သူမက Tik Tok Video လေးတွေ ရိုက်ကူးပြီး ဖေ့စ်ဘွတ်ပေါ်မှာဖော်ပြလေ့ရှိပါတယ်။
စည်ဖြိုး က “ရေကုသိုလ်ကို ၂ယောက်အတူတူ စိတ်တူကိုယ်တူ ကုသိုလ်ပြုလုပ်ခဲ့ပါသေးတယ် ….
အားလုံးပဲ ကျန်းမာ ချမ်းသာ ချစ်ကြပါ ” ဆိုပြီး ချစ်သူလေးနဲ့ ဘုရားမှာ ရိုက်ထားတဲ့ ပုံလေးတွေကို ဖော်ပြထားတာပဲ ဖြစ်ပါတယ်။။
အရမ်းကိုလိုက်ဖက်တဲ့ စည်ဖြိုးတို့ ချစ်သူနှစ်ဦး ရဲ့ ပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။
သရုပ်ဆောင် စည်ဖြိုး တို့ချစ်သူနှစ်ဦး ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျကြလိမ့်မယ် ထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Moekalay
Source;si phyo
ဇော်ဂျီဖြင့်ဖတ်ရန်
Moekalay
Source;si phyo