အိမ်ထောင်မကျခင်ကတည်းက မိခင်အတွက် လုံးချင်းတိုက်အိမ်လေး ဝယ်ပေးနိုင်ခဲ့တဲ့ ရွှေထူး

ေဇာ္ဂ်ီ / ယူနီကုဒ်

ယူနီကုဒ်ဖြင့်ဖတ်ရန်

နိုင်ငံကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ ရွှေထူးဟာ ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ တေးသီချင်းတွေများစွာကို ဖန်တီးနိုင်သူ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ရွှေထူးက သီချင်းတွေဖန်တီး သီဆိုတဲ့အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း သရုပ်ဆောင်နေရင်း မင်းသားတစ်လက် ဖြစ်လို့နေပါပြီ။ ပရိသတ်တွေကလည်း ရွှေထူးရဲ့ အနုပညာလှုပ်ရှားမှုတွေကို စိတ်ဝင်တစား စောင့်ကြည့်အားပေးကြတာ ဖြစ်ပါတယ်။

ရွှေထူးက လက်ရှိမှာ မင်းသမီးချောလေး ရွှေမှုံရတီနဲ့ လက်ထပ်ထားတဲ့ အိမ်ထောင်သည်တစ်ယောက်ဖြစ်ပြီး မိသားစုကို တန်ဖိုးထား စောင့်ရှောက်တတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ရွှေထူးက သူ့မေမေအတွက် သူ့ရဲ့ မေတ္တာတွေလွှမ်းခြုံထားတဲ့ နေအိမ်လေးကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလာတာကို တွေ့ရပါတယ်။

ရွှေထူးက “အိမ်ထောင်မကျခင် အမေ့အတွက် အိမ်လေးတစ်လုံးဝယ်ပေးနိုင်ခဲ့တယ်… ဧည့်သည်ထဲကအိမ်လေးပါ ” ဆိုပြီး သူ့အမေအတွက် ဝယ်ပေးထားတဲ့ အိမ်လေးကို ပြသလာပါတယ်။

ရွှေထူးကတော့ အောင်မြင်ပြီး ပိုက်ဆံတွေ ရှာလာတာနဲ့အမျှ မိဘကို သိတတ်တဲ့ သားအလိမ္မာလေးပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေထူးရဲ့ ကုသိုလ်လေးကို ကြည့်ပြီး ပီတိဖြစ်နေမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit-မိုမိုလေး

ဇော်ဂျီဖြင့်ဖတ်ရန်






Credit-မိုမိုလေး