“မျက်လုံး သွေးကြောပေါက်သွားတာကြောင့် ပရိသတ်တွေကိုစိုးရိမ်ပူပန်မှုများစေခဲ့တဲ့ ဟိန်းဝေယံ”

ေဇာ္ဂ်ီ / ယူနီကုဒ်

ယူနီကုဒ်ဖြင့်ဖတ်ရန်

ပရိသတ်တွေရဲ့အခိုင်အမာအားပေးမှုကို ရရှိနေတဲ့ဟိန်းဝေယံကတော့ ဗွီဒီယိုဇာတ်ကားပေါင်းမြောက်များစွာနဲ့ ရုပ်ရှင်ကားကြီးတွေကိုလည်း ရိုက်ကူးထားပြီး အောင်မြင်မှုလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်လာပြီး အနုပညာအလုပ်တွေနဲ့ မအားလပ်တဲ့သူတစ်ယောက်ဆိုလည်းမမှားပါဘူး။

ဒါ့အပြင် မကြာမီမှာ ရိုက်ကူးတော့မယ် ရုပ်ရင်ဇာတ်ကားကြီးဖြစ်တဲ့ “တစ်ဦးတည်းသော က္ကတ္ထိယ”ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ရွှေထူး၊ဝတ်မှုန်ရွှေရည်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဟိန်းဝေယံဟာ အမာခံပရိသတ်အင်အားတောင့်တင်းပြီး အားပေးသူပရိသတ်အများအပြားရရှိနေတဲ့ မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။

ဟိန်းဝေယံဟာ ဒီနေ့(၆.၁၀.၂၀၁၉)မှာတော့ မျက်လုံးသွေးကြောပေါက်ဆိုပြီး သွေးတွေနဲ့ရဲနေတဲ့ မျက်လုံးပုံကိုတင်ခဲ့တာဖြစ်ပြီး ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ အကြောင်းအရင်းကိုတော့ ပြောပြထားခြင်းမရှိပါဘူး။သူ့ကို အားပေးတဲ့ ပရိသတ်တွေကတော့ ဟိန်းဝေယံကို မြန်မြန်ပြန်ကောင်းလာဖို့ဝိုင်းပြီးဆုတောင်းပေးကြတဲ့အပြင် ဆေးခန်းသွားပြဖို့ ဖုန်းသုံးတာတွေလျော့ဖို့စတဲ့ အကြံပြုစကားတွေပြောကြားကာ စိုးရိမ်ပူပင်နေကြတာပဲဖြစ်ပါတယ်။ ဟိန်းဝေယံကို အားပေးတဲ့ပရိသတ်ကြီးအတွက် ဆယ်လီကမ္ဘာမှ မျှဝေပေးလိုက်ပါတယ်။ မြန်မြန်ပြန်ကောင်းပါစေနော် ကိုဟိန်းဝေယံရေ….

Source – Heinn Wai Yan
Rainbow- Cele Gabar

ဇော်ဂျီဖြင့်ဖတ်ရန်




Source – Heinn Wai Yan
Rainbow- Cele Gabar