Now & Ever ရုပ်ရှင်ကားကိုကြည့်ပြီး ပြင်သစ်လုပ်ငန်းရှင်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံရရှိလိုက်တဲ့ ခရစ္စတီးနားခီ

ေဇာ္ဂ်ီ / ယူနီကုဒ်

ယူနီကုဒ်ဖြင့်ဖတ်ရန်

Now and Ever ရုပ်ရှင်ရဲ့ ထူးခြားကောင်းမွန်မှုကို ချီးကျူးလိုက်တဲ့ ပြင်သစ်လုပ်ငန်းရှင်တစ်ဦး

ဇာဏ်ခီနဲ့ ခရစ်စတီးနားခီ တို့ လင်မယားဟာဆိုရင် ရုပ်ရှင်တစ်ကားဆိုရင် တစ်ကားဆိုသလောက် ပရိသတ်ရင်ထဲ ကျန်နေအောင် တင်ဆက်ရိုက်ကူးပြတတ်ကြသူတွေပဲ ဖြစ်ပါတယ်။

ခီမောင်နှံရိုက်တဲ့ကားဆိုရင် အကုန်ကောင်းတယ် ကြည့်ဖြစ်အောင်ကြည့်ရမယ်ဆိုတဲ့ သူတွေတောင်မှ ရှိနေပါပြီ၊ အခုလည်း သူတို့ရဲ့ Now and Ever ဆိုတဲ့ အချစ်အိမ်ထောင်ရေး ဇာတ်ကားလေးကို ပရိသတ်တွေက ချီးကျူးနေကြပြန်ပါပြီ။ ဒီလိုချီးကျူးကြတဲ့သူတွေထဲမှာ ပြည်တွင်းကသူတွေတင်မကဘဲ ပြည်ပက သူတွေပါ ပါဝင်လာတာကို ခရစ်စတီးနားက ချပြလိုက်ပါတယ်။

ဒါကတော့ သူမဆီကို ပြင်သစ်လုပ်ငန်းရှင်တစ်ဦး ပေးပို့လာတဲ့စာပါပဲ။ အဲဒီစာထဲမှာ ခီမောင်နှံတို့ရဲ့ Now and Ever ထာဝရနှောင်ကြိုးဇာတ်ကားကြီးဟာ အရမ်းကိုထူးခြားကောင်းမွန်ကြောင်း၊ ပြင်သစ်မှာ ၁၉၆၀ ပြည့်နှစ်တွေက အကောင်းဆုံးအအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ အချစ်ဇာတ်ကား The new wave ၊ အမေရိကားမှာ ၁၉၇၀ ခုနှစ်တုန်းက အောင်မြင်ခဲ့တဲ့ Love Story အစရှိတဲ့ ဇာတ်ကားတွေနဲ့တောင် နှိုင်းယှဉ်လို့ရကြောင်း၊ သူ့အနေနဲ့ ခီမောင်နှံနဲ့ လုပ်ငန်းကိစ္စ စကားပြောလိုကြောင်း အစရှိတဲ့ စာကို ပေးပို့လာတာပါ။

ခရစ်စတီးနားကတော့ ဒီစာလေးကို သူ့ fan တွေနဲ့ Now and ever ဇာတ်ကားကြီးရဲ့ fan တွေ ဝမ်းသာဂုဏ်ယူစေနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်တာလို့ ဆိုထားပါတယ်။ Now and Ever ရုပ်ရှင်ဇာတ်ကားကြီးဟာ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ပရိသတ်စိတ်ဝင်စားမှု အမြင့်ဆုံးရအောင်စွမ်းဆောင်ပြနိုင်ခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပြီး လာကြည့်သူတိုင်းကို မျက်ရည်ကျစေတယ်ရယ်လို့လည်း နာမည်ကြီးနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Credit- We Love Cele

ေဇာ္ဂ်ီျဖင့္ဖတ္ရန္

Now and Ever ႐ုပ္ရွင္ရဲ႕ ထူးျခားေကာင္းမြန္မႈကို ခ်ီးက်ဴးလိုက္တဲ့ ျပင္သစ္လုပ္ငန္းရွင္တစ္ဦး

ဇာဏ္ခီနဲ႔ ခရစ္စတီးနားခီ တို႔ လင္မယားဟာဆိုရင္ ႐ုပ္ရွင္တစ္ကားဆိုရင္ တစ္ကားဆိုသေလာက္ ပရိသတ္ရင္ထဲ က်န္ေနေအာင္ တင္ဆက္႐ိုက္ကူးျပတတ္ၾကသူေတြပဲ ျဖစ္ပါတယ္။

ခီေမာင္ႏွံ႐ိုက္တဲ့ကားဆိုရင္ အကုန္ေကာင္းတယ္ ၾကည့္ျဖစ္ေအာင္ၾကည့္ရမယ္ဆိုတဲ့ သူေတြေတာင္မွ ရွိေနပါၿပီ၊ အခုလည္း သူတို႔ရဲ႕ Now and Ever ဆိုတဲ့ အခ်စ္အိမ္ေထာင္ေရး ဇာတ္ကားေလးကို ပရိသတ္ေတြက ခ်ီးက်ဴးေနၾကျပန္ပါၿပီ။ ဒီလိုခ်ီးက်ဴးၾကတဲ့သူေတြထဲမွာ ျပည္တြင္းကသူေတြတင္မကဘဲ ျပည္ပက သူေတြပါ ပါဝင္လာတာကို ခရစ္စတီးနားက ခ်ျပလိုက္ပါတယ္။

ဒါကေတာ့ သူမဆီကို ျပင္သစ္လုပ္ငန္းရွင္တစ္ဦး ေပးပို႔လာတဲ့စာပါပဲ။ အဲဒီစာထဲမွာ ခီေမာင္ႏွံတို႔ရဲ႕ Now and Ever ထာဝရေႏွာင္ႀကိဳးဇာတ္ကားႀကီးဟာ အရမ္းကိုထူးျခားေကာင္းမြန္ေၾကာင္း၊ ျပင္သစ္မွာ ၁၉၆၀ ျပည့္ႏွစ္ေတြက အေကာင္းဆုံးအေအာင္ျမင္ဆုံးျဖစ္ခဲ့တဲ့ အခ်စ္ဇာတ္ကား The new wave ၊ အေမရိကားမွာ ၁၉၇၀ ခုႏွစ္တုန္းက ေအာင္ျမင္ခဲ့တဲ့ Love Story အစရွိတဲ့ ဇာတ္ကားေတြနဲ႔ေတာင္ ႏႈိင္းယွဥ္လို႔ရေၾကာင္း၊ သူ႔အေနနဲ႔ ခီေမာင္ႏွံနဲ႔ လုပ္ငန္းကိစၥ စကားေျပာလိုေၾကာင္း အစရွိတဲ့ စာကို ေပးပို႔လာတာပါ။

ခရစ္စတီးနားကေတာ့ ဒီစာေလးကို သူ႔ fan ေတြနဲ႔ Now and ever ဇာတ္ကားႀကီးရဲ႕ fan ေတြ ဝမ္းသာဂုဏ္ယူေစႏိုင္ဖို႔ ျပန္လည္မွ်ေဝေပးလိုက္တာလို႔ ဆိုထားပါတယ္။ Now and Ever ႐ုပ္ရွင္ဇာတ္ကားႀကီးဟာ သာမန္အခ်စ္ဇာတ္လမ္းေလးတစ္ပုဒ္ကို ပရိသတ္စိတ္ဝင္စားမႈ အျမင့္ဆုံးရေအာင္စြမ္းေဆာင္ျပႏိုင္ခဲ့တဲ့ ဇာတ္ကားလည္းျဖစ္ၿပီး လာၾကည့္သူတိုင္းကို မ်က္ရည္က်ေစတယ္ရယ္လို႔လည္း နာမည္ႀကီးေနတဲ့ ဇာတ္ကားတစ္ကားျဖစ္ပါတယ္။

Credit- We Love Cele