မိုးလေဝသပညာရှင်ဆရာကြီးဦးထွန်းလွင်၏ရုပ်အလောင်းကိုနေအိမ်မှရေဝေးသုသာန် သို့ သယ်ဆောင်လာတဲ့ပုံရိပ်များ

ေဇာ္ဂ်ီ / ယူနီကုဒ်

ယူနီကုဒ်ဖြင့်ဖတ်ရန်

မနေ့က နိုဝင်ဘာလ (၄) ရက်နေ့မှာတော့ ပြည်သူတစ်ရပ်လုံးအတွက် ဝမ်းနည်းကြေကွဲစရာအဖြစ် ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးရဲ့ မိုးလေဝသ သတင်းတွေ ပြန်ကြား၊ ကြေငြာပေးခဲ့တဲ့ မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင်ကြီး ဦးထွန်းလွင် ကွယ်လွန်ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။

ဆရာကြီး ဦးထွန်းလွင်ဟာမြန်မာနိုင်ငံရဲ့ မိုးလေဝသပညာရှင်တစ်ဦးဖြစ်ပြီး ဘာသာရပ်တစ်ခုကို သမားရိုးကျ လုပ်ကိုင်ပြီးအသက်မွေးဝမ်းကြောင်း လုပ်ကိုင်ပြီးအသက်ရှင်နေထိုင်သွားသူတစ်ယောက်မဟုတ်ပဲ သူရဲ့ပညာရပ်အပေါ်ကို တန်ဖိုးထားအမြဲစူစမ်းလေ့လာပြီး တွေ့ရှိချက်တွေကို လူသားတွေရဲ့ အကျိုးတွေအတွက်ပြန်လည်မျှဝေပေးတဲ့ မြန်မာနိုင်ငံရဲ့ အဖိုးတန်ပညာရှင်ကြီးတစ်ယောက်လည်းဖြစ်ပါတယ်။

ဆရာကြီးကိုတော့ ဒီကနေ့ ၆-၁၁-၂၀၁၉ (ဗုဒ္ဓဟူးနေ့) ညနေ ၅နာရီအချိန်တွင် ရေဝေးသုသာန်သို့ ပို့ဆောင်သြင်္ဂိုမှာပဲဖြစ်ပါတယ်။
ပရိသတ်တွေရော ဆရာကြီးအတွက် ကောင်းရာမွန်ရာဘဝရောက်အောင်ဆုတောင်းပေးလိုက်ကြပါအုံးနော်။ အဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။

Photo Cresit : Cele Gabar

ဇော်ဂျီဖြင့်ဖတ်ရန်



