မိုးသားပြာပြာလေး တစ်ခုလို ငေးကြည့်နေ ရလောက်အောင် လှနေတဲ့ ဝင့်ယမုံနိုင်

ေဇာ္ဂ်ီ / ယူနီကုဒ်

ဇော်ဂျီဖြင့်ဖတ်ရန်






Credit-မိုမိုလေး

ယူနီကုဒ်ဖြင့်ဖတ်ရန်

ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ဝင့်ယမုံနိုင် က ဇာတ်လမ်းတွဲတွေ မှတဆင့် အောင်မြင်မှုရရှိခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ ဝင့်ယမုံနိုင်က အောင်မြင်လာတာနဲ့အမျှ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကြော်ငြာတွေကို လက်မလည်အောင် ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း ဝင့်ယမုံနိုင်ရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစား စောင့်ကြည့်အားပေးကြတာ ဖြစ်ပါတယ်။

ဝင့်ယမုံနိုင်က အနုပညာ လှုပ်ရှားမှုတွေလည်း ရှိသလို ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေတာကို တွေ့ရပါတယ်။ ဒီတစ်ခေါက်မှာလည်း ဝင့်ယမုံနိုင်က “ရိုးမပေါ်ကျတဲ့မျက်ရည်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show အခမ်းအနားကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဝင့်ယမုံနိုင်က “ရိုးမပေါ်ကျတဲ့မျက်ရည်” ရုပ်ရှင် ဇာတ်ကားကြီးရဲ့ Red Carpet Show အခမ်းအနားကို ချစ်စရာကောင်းတဲ့ မိုးပြာရောင် မြန်မာဝတ်စုံလေးနဲ့ ပွဲတက်ခဲ့တာ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ဝင့်ယမုံနိုင်ရဲ့ ချစ်စရာကောင်းတဲ့ ပွဲတက်ပုံရိပ်လေးတွေကို မျှဝေပေး လိုက်ပါတယ်နော်။

ဝင့်ယမုံနိုင်က လက်ရှိမှာ ဇာတ်လမ်း တွဲတွေနဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေကို ရိုက်ကူးနေပြီး ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ ရသတွေကို ပေးစွမ်းဖို့ ကြိုးစားနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဝင့်ယမုံနိုင်ကတော့ မြန်မာအမျိုးသမီး တစ်ယောက် ရဲ့ လှပတည်ငြိမ်မှုတွေ နဲ့ တွေ့ရတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ဝင့်ယမုံနိုင်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူး အထူးတင်ရှိပါတယ်။

Credit-မိုမိုလေး