နောက်(၁၈)နာရီ အတွင်း အဝါရောင်အဆင့်ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်

ေဇာ္ဂ်ီ / ယူနီကုဒ်

ေဇာ္ဂ်ီျဖင့္ဖတ္ရန္

ေနာက္(၁၈)နာရီ အတြင္း အဝါေရာင္အဆင့္ဆိုင္ကလုန္းမုန္တိုင္း(Cyclonic Storm)အျဖစ္သို႔ ေရာက္ရွိနိုင္

အားေကာင္းေသာ မုန္တိုင္းငယ္သတင္း အမွတ္စဥ္(၀၅/၂၀၁၉)

(၂၀၁၉ ခုႏွစ္၊ နိုဝင္ဘာလ ၆ ရက္)(ျမန္မာစံေတာ္ခ်ိန္(၁၂:၀၀)နာရီအခ်ိန္ထုတ္ျပန္ခ်က္)

(က) အားေကာင္းေသာ မုန္တိုင္းငယ္အေျခအေန

(၁) ယေန႔ျမန္မာစံေတာ္ခ်ိန္ (၁၁:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ ေအာ္အေရွ႕အလယ္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းတြင္ ျဖစ္ေပၚေနေသာ မုန္တိုင္းငယ္(Depression)သည္ အေနာက္-အေနာက္ေျမာက္ဘက္သို႔ ေရြ႕လ်ားခဲ့ၿပီး

ပိုမိုအားေကာင္းလာကာ အားေကာင္းေသာ မုန္တိုင္းငယ္(Deep Depression) အျဖစ္သို႔ ေရာက္ရွိခဲ့ပါသည္။ အဆိုပါ အားေကာင္းေသာ မုန္တိုင္းငယ္(Deep Depression)သည္ အိႏၵိယနိုင္ငံ၊ မာယာဘန္ဒါၿမိဳ႕(Maya Bandar) (ကပၸလီကၽြန္း-Andaman Islands)၏ အေနာက္-အေနာက္ေျမာက္ဘက္ ေရမိုင္ (၂၁၀)မိုင္ ခန႔္၊

ပါရာဒစ္ပ္ၿမိဳ႕(Paradip) (ဩရိႆ-Odisha)၏ ေတာင္-အေရွ႕ေတာင္ဘက္ ေရမိုင္ (၄၃၅) မိုင္ခန႔္၊ ျမန္မာနိုင္ငံ၊ ပုသိမ္ၿမိဳ႕(Pathein)၏ အေနာက္ေတာင္ဘက္ ေရမိုင္ (၃၇၅)မိုင္ခန႔္ႏွင့္ ဂြၿမိဳ႕(Gwa)၏ အေနာက္ေတာင္ဘက္ ေရမိုင္ (၃၉၅)မိုင္ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနပါသည္။

(၂) အားေကာင္းေသာ မုန္တိုင္းငယ္(Deep Depression)၏ လက္ရွိအေျခအေနမွာ ျမန္မာ နိုင္ငံဘက္သို႔ ဦးတည္ေရြ႕လ်ားမည့္ အေျခအေနမရွိေသးသျဖင့္ အဝါေရာင္အဆင့္ဟု သတ္မွတ္ပါသည္။

(ခ) အားေကာင္းေသာ မုန္တိုင္းငယ္၏ တည္ေနရာ၊ ဗဟိုခ်က္ေလဖိအားႏွင့္ ေလတိုက္ႏႈန္း

(၁) အဆိုပါ အားေကာင္းေသာ မုန္တိုင္းငယ္(Deep Depression)သည္ ျမန္မာစံေတာ္ခ်ိန္ (၁၁:၃၀)နာရီအခ်ိန္တြင္ ေျမာက္လတၱီက်ဳ(၁၃.၄)ဒီဂရီႏွင့္ အေရွ႕ေလာင္ဂ်ီက်ဳ (၈၉.၃) ဒီဂရီတြင္ရွိၿပီး၊ ဗဟိုခ်က္ေလဖိအား (၁၀၀၃)ဟက္တိုပါစကယ္ႏွင့္ အျမင့္ဆုံးေလတိုက္ ႏႈန္းမွာ တစ္နာရီလၽွင္ (၃၅)မိုင္ႏႈန္း ျဖစ္ပါသည္။

(ဂ) ေနာက္(၁၈)နာရီအတြင္းခန္႔မွန္းခ်က္

(၁) အဆိုပါ အားေကာင္းေသာ မုန္တိုင္းငယ္(Deep Depression)သည္ ေနာက္(၁၈)နာရီ အတြင္း ဆိုင္ကလုန္းမုန္တိုင္း(Cyclonic Storm)အျဖစ္သို႔ ေရာက္ရွိနိုင္ၿပီး၊ အစဦးတြင္ အေနာက္-အေနာက္ေျမာက္ဘက္သို႔ ဆက္လက္ေရြ႕လ်ားၿပီးေနာက္ ေျမာက္-အေနာက္ ေျမာက္ဘက္သို႔ေကြ႕ကာ ေရြ႕လ်ားမည္ဟု ခန္႔မွန္းရပါသည္။

(ဃ) သတိေပးႏွိုးေဆာ္ခ်က္

(၁) အဆိုပါ အားေကာင္းေသာ မုန္တိုင္းငယ္(Deep Depression)၏ အရွိန္ေၾကာင့္ ယေန႔ ေန႔လယ္မွ ေနာက္(၄၈)နာရီအတြင္း ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီးႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္၊ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္း ေဒသႀကီး၊ ရွမ္းျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲ မိုးထစ္ခ်ဳန္းရြာနိုင္ပါသည္။

(၂) ျမန္မာ့ကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ ေလျပင္းမ်ား က်ေရာက္ၿပီး လွိုင္းႀကီးမည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ ေလသည္ တစ္နာရီလၽွင္ မိုင္(၄၀)အထိ တိုက္ခတ္နိုင္ပါသည္။ လွိုင္းအျမင့္မွာ ျမန္မာ့ ကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၈)ေပမွ (၁၂)ေပခန္႔ ရွိနိုင္ ပါသည္။

အႀကံျပဳခ်က္

၂။ အဆိုပါ အားေကာင္းေသာ မုန္တိုင္းငယ္(Deep Depression)၏ အရွိန္ေၾကာင့္ ျပည္တြင္းေလ ေၾကာင္းပ်ံသန္းေရး၊ ျမန္မာ့ကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝး ငါးဖမ္းေရယာဥ္မ်ား၊ သေဘၤာမ်ားအေနျဖင့္လည္း ႀကိဳတင္သတိျပဳနိုင္ပါရန္ အသိေပးႏွိုးေဆာ္အပ္ပါသည္။

မိုးေလဝသႏွင့္ဇလေဗဒညႊန္ၾကားမႈဦးစီးဌာန

ယူနီကုဒ်ဖြင့်ဖတ်ရန်

နောက်(၁၈)နာရီ အတွင်း အဝါရောင်အဆင့်ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်

အားကောင်းသော မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၅/၂၀၁၉)

(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်)(မြန်မာစံတော်ချိန်(၁၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

(က) အားကောင်းသော မုန်တိုင်းငယ်အခြေအနေ

(၁) ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး

ပိုမိုအားကောင်းလာကာ အားကောင်းသော မုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် အိန္ဒိယနိုင်ငံ၊ မာယာဘန်ဒါမြို့(Maya Bandar) (ကပ္ပလီကျွန်း-Andaman Islands)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် (၂၁၀)မိုင် ခန့်၊

ပါရာဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၄၃၅) မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့(Pathein)၏ အနောက်တောင်ဘက် ရေမိုင် (၃၇၅)မိုင်ခန့်နှင့် ဂွမြို့(Gwa)၏ အနောက်တောင်ဘက် ရေမိုင် (၃၉၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂) အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာ နိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) အားကောင်းသော မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(၁) အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၃.၄)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၃) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၃)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက် နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်း ဖြစ်ပါသည်။

(ဂ) နောက်(၁၈)နာရီအတွင်းခန့်မှန်းချက်

(၁) အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် နောက်(၁၈)နာရီ အတွင်း ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ အစဦးတွင် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီးနောက် မြောက်-အနောက် မြောက်ဘက်သို့ကွေ့ကာ ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

(ဃ) သတိပေးနှိုးဆော်ချက်

(၁) အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ အရှိန်ကြောင့် ယနေ့ နေ့လယ်မှ နောက်(၄၈)နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။

(၂) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့် ရှိနိုင် ပါသည်။

အကြံပြုချက်

၂။ အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ အရှိန်ကြောင့် ပြည်တွင်းလေ ကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန