“နိုင်ငံရပ်ခြားရောက်နေတာတောင် ခက်ခက်ခဲခဲနဲ့ အဓိဌာန်ကိုအောင်မြင်အောင်လုပ်ဆောင်ခဲ့တဲ့ ဆုပန်ထွာ”

ေဇာ္ဂ်ီ / ယူနီကုဒ်

ယူနီကုဒ်ဖြင့်ဖတ်ရန်

ဆုပန်ထွာကတော့ အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကျော်လောက်ကို အောင်မြင်မှုတွေထိန်းသိမ်းထားနိုင်တဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။အနုပညာနဲ့ပတ်သက်လာရင် ဝါသနာကြီးလွန်းတဲ့ ဆုပန်ထွာကတော့ သရုပ်ဆောင်မင်းသမီးတစ်ယောက်အနေနဲ့ အပြင် အဆိုတော်တစ်ယောက်အနေနဲ့လည်း တေးစီရီးအယ်ဘမ်တွေထွက်ရှိထားပါသေးတယ်။

လတ်တလောမှာတော့ ဆုပန်ထွာဟာ အနုပညာဖျော်ဖြေရေးအလုပ်တွေနဲ့ အမေရိကန်နိုင်ငံကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလ အလယ်ပိုင်းလောက်ကတည်းက အမေရိကန်နိုင်ငံမှာရှိတဲ့ မြို့တော်တော်များများမှာ ကျင်းပတဲ့ ဖျော်ဖြေရေးပွဲတွေမှာ သီဆိုဖျော်ဖြေနေပြီး ပန်ပန်တစ်ယောက်အမေရိကန်နိုင်ငံကို အလုပ်ကိစ္စတွေနဲ့ ရောက်ရှိနေတာဆိုရင် (၂)လကျော်ကျော်လောက်ရှိနေပါတယ်။

ဆုပန်ထွာကတော့ နိုင်ငံရပ်ခြားကိုရောက်ရှိနေတာတောင် ဘုရားတရားကို ကိုင်းရှိုင်းသူတစ်ယောက်ပီပီ သစ်တံခါးဆရာတော်ဘုရားကြီးရဲ့ ဗောဓိညောင် ၁၀ပင်အဓိဌာန်ကို အမေရိကန်နိုင်ငံ ဆန်ဖရန်စစ်စကိုမှာတည်ရှိတဲ့ တောင်ပုလုဆရာတော်ဘုရားကြီးကိုယ်တိုင် သီတင်းသုံးခဲ့သော “တောင်ပုလုကျောင်း” မှာ မပျက်မကွက် အဓိဌာန်ဝင်ခဲ့ပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ ပန်ပန်ရဲ့ ဘုရားတရားကိုင်းရှိုင်းလှတဲ့ စိတ်ဓာတ်လေးကတော့ လေးစားစရာပါပဲနော်။

Source – Supan Htwar
CleoPaTra – CeleGabar

ဇော်ဂျီဖြင့်ဖတ်ရန်





Source – Supan Htwar
CleoPaTra – CeleGabar