ချစ်သူကိုရစ်တတ်လွန်းတဲ့သူလေးဖြစ်ကြောင်းပြောပြလိုက်တဲ့ သန္တာဗိုလ်

ေဇာ္ဂ်ီ / ယူနီကုဒ်

ယူနီကုဒ်ဖြင့်ဖတ်ရန်

မြန်မာနိုင်ငံရဲ့နာမည်ကြီးမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ သန္တာဗိုလ်ကိုတော့လူတော်တော်များများသိကြမှာပါ။အရပ်အမြင့်ကြီးနဲ့အမိုက်စားခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီး International Modelတွေရဲ့ အသွင်အပြင်မျိုးရှိသူတစ်ယောက်ပါ။သူဟာသရုပ်ဆောင်ချောရတနာရဲ့ညီမအရင်းလည်းဖြစ်ပါတယ်။

အနုပညာလောကထဲကလူတစ်ယောက်ဖြစ်သလို သရုပ်တောင်ကောင်းပြည့်နဲ့လည်း ချစ်သူတွေဖြစ်နေကြတာ(၇)နှစ်ကျော်ခဲ့ပါပြီ။ပရိသတ်တွေချစ်ခင်အားကျမှုခံရတဲ့ အနုပညာစုံတွဲလေးလည်းဖြစ်ပါတယ်။သန္တာဗိုလ်ကတော့ပရိသတ်တွေစိတ်ဝင်စားလေ့ရှိတဲ့ သူတို့အကြောင်းတွေထဲကတစ်ခုကိုတော့ပြောပြခဲ့ပါတယ်။

သန္တာဗိုလ် ကတော့သူ့ရဲ့ဖေ့ဘွတ်ခ်အကောင့်မှာ “ရစ်တတ်လွန်းတဲ့ ကောင်မလေးကို ပိုချစ်ပါ
ဒါကြောင့် ဘိုရစ်လို့ ခေါ်သည်” လို့ရေးသားထားတာဖြစ်ပါတယ်။သူကိုယ်တိုင်အင်မတန်ရစ်တဲ့ကောင်မလေးတစ်ယောက်ဆိုတာကို ပရိသတ်ကိုပြောပြခဲ့ပြီး ဒီလိုရစ်တတ်တာလေးကိုတော့ ချစ်သူကိုပိုချစ်စေလိုတဲ့ပုံပါပဲ။ရစ်တတ်တာလေးနဲ့လိုက်ဖက်တဲ့ ချစ်စနိုးနာမည်ဘိုရစ်ဆိုတာလေးကိုပိုင်ဆိုင်ထားတဲ့ သန္တာဗိုလ် လေးလို ရစ်တတ်တဲ့သူလေးတွေရှိကြလားနော်..။

Source:ThandarBo
Moe – CeleGabar

ဇော်ဂျီဖြင့်ဖတ်ရန်




Source:ThandarBo
Moe – CeleGabar