အရမ်းအလှကြိုက်တဲ့ လှအိုးကွဲမေမေရဲ့ နုပျိုမှုတွေကိုကြည့်ပြီး စနောက်လိုက်တဲ့ ချစ်သမီးချောလေး နန္ဒာလှိုင်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေး နန္ဒာလှိုင်ဟာဆိုရင် ယခုလက်ရှိမှာ အနုပညာအလုပ်တွေကိုမလုပ်ကိုင်တော့ဘဲ စီးပွားရေးကိုသာလုပ်ဆောင်နေတာဖြစ်ပါတယ်။နန္ဒာလှိုင်ရဲ့ချစ်ပရိသတ်တွေကလည်း အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေတဲ့ မင်းသမီးချောလေးကို ချစ်ခင်အားပေးနေကြဆဲပါနော်။နန္ဒာလှိုင်က ချစ်စရာသမီးလေးသုံးယောက်ကိုပိုင်ဆိုင်ထားလို့ ပျော်ရွှင်စရာမိသားစုဘဝလေးမှာအေးချမ်းစွာနေထိုင်နေတာဖြစ်ပါတယ်။

နန္ဒာလှိုင်ရဲ့ချစ်ခင်ပွန်းကလည်း သူမကိုအရမ်းချစ်ပြီးကြင်နာယုယကာ အားကိုးရတဲ့အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသလို့ ပရိသတ်တွေကတောင် သူမရဲ့အိမ်ထောင်ရေးလေးကိုအားကျနေကြတာဖြစ်ပါတယ်။နန္ဒာလှိုင်က သမီးတွေနဲ့ချစ်ခင်ပွန်းအပေါ်ကိုသေချာဂရုစိုက်စောင့်ရှောက်သလို မိဘနှစ်ပါးနဲ့မောင်နှမတွေအပေါ်မှာလည်းသိတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။

အခုဆိုရင်တော့ နန္ဒာလှိုင်က မိသားစုနဲ့အတူတူ အပြင်မှာထွက်စားကြီး မိသားစုတွေအများကြီးပျော်ပျော်ပါးပါးနဲ့ ချစ်ခင်စည်းလုံးနေကြတာကိုမြင်တွေ့ရတာအားကျစရာကြီးပါနော်။နန္ဒာလှိုင်ကတော့ သူမရဲ့မေမေကို”လှအိုးကွဲ မေမေ အဝတ်အစားဆိုအရောင်တောက်တောက်မှကြိုက်တယ် ဝတ်ထားတာနဲ့လိုက်အောင်ခရမ်းချဉ်သီးပါကိုင်ထားတယ်ဆိုဘဲ ဟိ”ဆိုပြီး အရမ်းလှနေတဲ့ မေမေ့ပုံရိပ်လေးကို မျှဝေလာပါတယ်နော်။

Photo Credit:Nandar Hlaing’s Facebook,CRD-Myanmar Load