” ဦးထွန်းလွင် ” အတွက် သမီးဖြစ်သူ ရဲ့ နောက်ဆုံး နှုတ်ဆက်စာ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

မိုးေလဝသႏွင့္ ဇလေဗဒ ပညာရွင္ ေဒါက္တာ ဦးထြန္းလြင္ ကြယ္လြန္ သြားျခင္းဟာ ျမန္မာနို္င္ငံ ရဲ႕ အစားထိုး မရနုိင္တဲ့ ဆံုးရံႈးမႈၾကီးပါ။ ဆရာၾကီးရဲ႔ အခ်ိန္ နဲ႔ တစ္ေျပးညီ မိုးေလဝသ သံုးသပ္ခ်က္ေတြကို မွီခိုအားကိုးေနရတဲ့ ပင္လယ္ငါးဖမ္းလုပ္ငန္းလုပ္ကိုင္သူေတြနဲ႔ ေတာင္သူ လယ္သမားေတြအတြက္လည္း အားကိုး ရာမဲ့သြားရတဲ့ ဝမ္းနည္းစရာျဖစ္ရပ္ၾကီး ဆိုရင္မမွားပါဘူး။ တစ္နုိင္ငံလံုးက မိဘျပည္သူလူအမ်ား နဲ႔ ဦးထြန္းလြင္ကုိေလးစားျမတ္နိုးၾကသူေတြဟာ ဦးထြန္းလြင္ရဲ႕စ်ာပနကုိလုိက္ပါပို႔ေဆာင္ခဲ့ၾကပါတယ္။

ဦးထြန္းလြင္ ဆံုးပါးသြားျခင္းဟာ တစ္နုိင္ငံလံုးအတြက္ ၾကီးမားတဲ့ ဆံုးရံႈးမႈၾကီးျဖစ္သလို ဦးထြန္းလြြင္ ရဲ႕ မိသားစုေတြအတြက္လည္း ေဖာ္မျပတတ္ေအာင္ ယူၾကံဳးမရဝမ္းနည္းေၾကကြဲရတဲ့ျဖစ္ရပ္ၾကီးပါ။ ဦးထြန္းလြင္ရဲ႕ သမီးျဖစ္သူ မျမတ္စုထြန္းလြင္ဟာလည္း ဖခင္ျဖစ္သူ ကိုဆံုးရံႈးလိုက္ရျခင္းအတြက္ေျဖမဆည္နို္င္ေအာင္ခံစားေနရျပီး သူမရဲ႕ ခံစားခ်က္ေတြ ပူေဆြးဝမ္းနည္းမႈေတြကုိ လူမႈကြန္ယက္မွာ ရင္ဖြင့္ထားတာကုိလည္းေတြ႕ရပါတယ္။

မျမတ္စုထြန္းလြင္က သူမ ရဲ႕ လူမႈကြန္ယက္မွာ ဦးထြန္းလြင္ကို မဆံုးပါးခင္ေနာက္ဆံုး ရိုက္ထားတဲ့ဓာတ္ပံုေလး နဲ႔ ေဖေဖ့အတြက္ ေနာက္ဆံုးစာ ဆိုျပီးစာေလးတစ္ေစာင္ေရးထားတာေတြ႕ရပါတယ္။

“ေဖေဖ့ အတြက္ ေနာက္ဆံုးစာ ၆.၁၁.၂၀၁၉ (ဗုဒၶဟူးေန႔)၊ ငယ္စဥ္ကေလးဘဝ ေဖေဖ ေလယာဥ္ေပၚတက္ သြားတိုင္း ငါက်န္ခဲ့ၿပီဆိုၿပီးငို ငို ခဲ့ဖူးတယ္…ေနာက္ေတာ့ ခဏတာခရီးပဲလို႔ေက်နပ္တတ္ခဲ့တယ္။ လူငယ္အရြယ္ေဖေဖ ေဆးရံုတက္တိုင္း ငါတို႔ကို ထားသြားရင္ဆိုၿပီးပူေဆြး ခဲ့ဖူးတယ္…ခုေတာ့ သံသရာခရီး ဆံုဦးမွာ ပဲလို႔သတိမျပတ္ ဆင္ျခင္မွတ္ေပမယ့္…သံေယာဇဥ္ထု ႀကီးမားလြန္းေတာ့ မ်က္ရည္အလိုလို က်က်လာတယ္ ။ေဖေဖေကာင္းရာသုဂတိလားပါေစ။

(မဆံုးခင္ နာရီပိုင္း အလိုေနာက္ဆံုးရိုက္သြားေသာပံု အမွတ္တရ)”လုိ႔ေရးထားတဲ့ စာေလးကုိေၾကကြဲဖြယ္ေတြ႕ရပါတယ္။ ဦးထြန္းလြင္ရဲ႕ စ်ာပနကို ဦးေက်ာ္သူေခါင္းေဆာင္တဲ့ နာေရးကူညီမႈအသင္းက ေရေဝးသုႆန္မွာ ခမ္းခမ္းနားနားျပဳလုပ္ေပးခဲ့ျပီး ဦးထြန္းလြင္ ရဲ႕ မိသားစုေတြနဲ႔ ျပည္သူေတြေတာ္ေတာ္မ်ားမ်ားက ဦးထြန္းလြင္ရဲ႕ေနာက္ဆံုးခရီး ကုိ ေၾကကြဲဝမ္းနည္းစြာလုိက္ပါပို႔ေဆာင္ေပး ခဲ့ၾကပါတယ္။ နို္င္ငံအေပၚ မွာတာဝန္ေက်လြန္ျပီး စိတ္ထားေကာင္းတဲ့ ဦးထြန္းလြင္တစ္ေယာက္ ေကာင္းရာသုဂတိလားပါေစလို႔ဆုေတာင္းေပးလိုက္ရပါတယ္။

crd : burmeseasia

Unicode ဖြင့်ဖတ်ပါ
★★★★★

မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ဦးထွန်းလွင် ကွယ်လွန် သွားခြင်းဟာ မြန်မာနိုင်ငံ ရဲ့ အစားထိုး မရနိုင်တဲ့ ဆုံးရှုံးမှုကြီးပါ။ ဆရာကြီးရဲ့ အချိန် နဲ့ တစ်ပြေးညီ မိုးလေဝသ သုံးသပ်ချက်တွေကို မှီခိုအားကိုးနေရတဲ့ ပင်လယ်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ တောင်သူ လယ်သမားတွေအတွက်လည်း အားကိုး ရာမဲ့သွားရတဲ့ ဝမ်းနည်းစရာဖြစ်ရပ်ကြီး ဆိုရင်မမှားပါဘူး။ တစ်နိုင်ငံလုံးက မိဘပြည်သူလူအများ နဲ့ ဦးထွန်းလွင်ကိုလေးစားမြတ်နိုးကြသူတွေဟာ ဦးထွန်းလွင်ရဲ့ဈာပနကိုလိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

ဦးထွန်းလွင် ဆုံးပါးသွားခြင်းဟာ တစ်နိုင်ငံလုံးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးဖြစ်သလို ဦးထွန်းလွင် ရဲ့ မိသားစုတွေအတွက်လည်း ဖော်မပြတတ်အောင် ယူကြုံးမရဝမ်းနည်းကြေကွဲရတဲ့ဖြစ်ရပ်ကြီးပါ။ ဦးထွန်းလွင်ရဲ့ သမီးဖြစ်သူ မမြတ်စုထွန်းလွင်ဟာလည်း ဖခင်ဖြစ်သူ ကိုဆုံးရှုံးလိုက်ရခြင်းအတွက်ဖြေမဆည်နိုင်အောင်ခံစားနေရပြီး သူမရဲ့ ခံစားချက်တွေ ပူဆွေးဝမ်းနည်းမှုတွေကို လူမှုကွန်ယက်မှာ ရင်ဖွင့်ထားတာကိုလည်းတွေ့ရပါတယ်။

မမြတ်စုထွန်းလွင်က သူမ ရဲ့ လူမှုကွန်ယက်မှာ ဦးထွန်းလွင်ကို မဆုံးပါးခင်နောက်ဆုံး ရိုက်ထားတဲ့ဓာတ်ပုံလေး နဲ့ ဖေဖေ့အတွက် နောက်ဆုံးစာ ဆိုပြီးစာလေးတစ်စောင်ရေးထားတာတွေ့ရပါတယ်။

“ဖေဖေ့ အတွက် နောက်ဆုံးစာ ၆.၁၁.၂၀၁၉ (ဗုဒ္ဓဟူးနေ့)၊ ငယ်စဉ်ကလေးဘဝ ဖေဖေ လေယာဉ်ပေါ်တက် သွားတိုင်း ငါကျန်ခဲ့ပြီဆိုပြီးငို ငို ခဲ့ဖူးတယ်…နောက်တော့ ခဏတာခရီးပဲလို့ကျေနပ်တတ်ခဲ့တယ်။ လူငယ်အရွယ်ဖေဖေ ဆေးရုံတက်တိုင်း ငါတို့ကို ထားသွားရင်ဆိုပြီးပူဆွေး ခဲ့ဖူးတယ်…ခုတော့ သံသရာခရီး ဆုံဦးမှာ ပဲလို့သတိမပြတ် ဆင်ခြင်မှတ်ပေမယ့်…သံယောဇဉ်ထု ကြီးမားလွန်းတော့ မျက်ရည်အလိုလို ကျကျလာတယ် ။ဖေဖေကောင်းရာသုဂတိလားပါစေ။

(မဆုံးခင် နာရီပိုင်း အလိုနောက်ဆုံးရိုက်သွားသောပုံ အမှတ်တရ)”လို့ရေးထားတဲ့ စာလေးကိုကြေကွဲဖွယ်တွေ့ရပါတယ်။ ဦးထွန်းလွင်ရဲ့ ဈာပနကို ဦးကျော်သူခေါင်းဆောင်တဲ့ နာရေးကူညီမှုအသင်းက ရေဝေးသုဿန်မှာ ခမ်းခမ်းနားနားပြုလုပ်ပေးခဲ့ပြီး ဦးထွန်းလွင် ရဲ့ မိသားစုတွေနဲ့ ပြည်သူတွေတော်တော်များများက ဦးထွန်းလွင်ရဲ့နောက်ဆုံးခရီး ကို ကြေကွဲဝမ်းနည်းစွာလိုက်ပါပို့ဆောင်ပေး ခဲ့ကြပါတယ်။ နိုင်ငံအပေါ် မှာတာဝန်ကျေလွန်ပြီး စိတ်ထားကောင်းတဲ့ ဦးထွန်းလွင်တစ်ယောက် ကောင်းရာသုဂတိလားပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။

crd : burmeseasia