ဦးကျော်သူ၊ ချစ်သုဝေတို့နဲ့ တွေ့ဆုံခိုက် မင်္ဂလာရှိတဲ့စကားတွေ ကြားခဲ့ရတဲ့ ခိုင်နှင်းဝေ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ဦးေက်ာ္သူ၊ ခ်စ္သုေဝတို့နဲ့ ေတြ့ဆံုခိုက္ မဂၤလာရိွတဲ့စကားေတြ ၾကားခဲ့ရတဲ့ ခုိင္နွင္းေဝ

နာမည္ၾကီးမင္းသမီးတစ္လက္လည္းျဖစ္၊ ပရဟိတအက်ိဳးေဆာင္တစ္ဦးလည္းျဖစ္တဲ့ ခိုင္နွင္းေဝဟာ ရုပ္ရည္ေခ်ာေမာျခင္းေၾကာင့္သာမကပဲ သူမရဲ့ ျဖဴစင္ရိုးသားလွတဲ့ စိတ္ထားေၾကာင့္ ေကာင္းသတင္းနဲ့ ေက်ာ္ၾကားသူ တစ္ဦးပဲ ျဖစ္ပါတယ္။ အဆင္းေရာ၊ အခ်င္းပါ ျပည့္စံုလြန္းတဲ့ ခိုင္နွင္းေဝကို ပရိသတ္ေတြကလည္း ယေန့ထက္တိုင္ ခ်စ္ခင္အားေပးေနၾကဆဲ ျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာလည္း ခိုင္နွင္းေဝက ပရဟိတမင္းသားၾကီး ဦးေက်ာ္သူ၊ ေမတၱာရွင္မေလး ခ်စ္သုေဝတို့နဲ့ ဆံုခိုက္ မဂၤလာရိွတဲ့စကားေတြ ၾကားခဲ့ရေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။

” “ပဏၭိတာနဥၥေသဝနာ” ပညာရွိတို႔အနားသို႔ မွီဝဲဆည္းကပ္ျခင္းသည္ မဂၤလာတစ္ပါးမည္၏ ဆိုတဲ့အတိုင္း ဒီေန႔မနက္ ဦေမာင္ (ခ) ဦးေက်ာ္သူ နဲ႔ ေမြးေန႔ပြဲတခုမွာေတြ႕လို႔ ဦးေမာင္မျပန္ခင္ေလး တျခားအႏုပညာရွင္ေတြၾကားထဲတိုးေဝွ႕ၿပီး စကားေလးတခြန္းပဲမွတ္သားရ မွတ္သားရဆိုၿပီး သြားနႈတ္ဆက္ေတာ့”

” ကၽြန္မ အေဒၚနဲ႔ေတြ႕တဲ့ အခ်ိန္တုန္းက ခ်ီးက်ဴးစကား အမွာပါးလိုက္တဲ့ အေၾကာင္း၊ ကေလးေတြကို ေစာင့္ေရွာက္ထားတာနဲ႔ပတ္သတ္ၿပီး ခ်ီးက်ဴးတယ္ဆိုတဲ့အေၾကာင္းနဲ႔ ကေလးေတြဆီ လာၾကည့္ဦးမယ္ဆိုေတာ့ အတိုင္းမသိၾကည္ႏူးရပါတယ္။ သမီးကို ခိုင္းစရာရွိရင္လဲေခၚပါ။ ဆံုးမစရာရွိရင္လဲ ဆံုးမပါလို႔လဲ ေျပာခဲ့ပါတယ္။”

” ေနာက္ေတာ့ ညီမေလး ခ်စ္သုေဝကလဲ ႏွလံုးအေပါက္ပါတဲ့ က်မရဲ႕ သမီးေလးကို ဆရာဝန္ေတြနဲ႔ျပၿပီး ေသခ်ာဂ႐ုတစိုက္ ကုသေပးမယ့္အေၾကာင္းေျပာျပန္ေတာ့ အျပံဳးေတြက ပိုၿပီးအသက္ဝင္လာရျပန္ေရာေပါ့ရွင္။ ”

လမ္းပတ္ေတာင္ပြဲက်သြားခဲ့ရတဲ့ ‘လီယြန္နယ္ဇူးနယ္ဒို’ရဲ႕လက္ဖ်ားခါခ်င္စရာ အမိုက္စားစြမ္းေဆာင္ရည္

“တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္ရင္း၊ ေဖးမရင္း ကၽြန္မတို႔ အေသြးသားထဲ စီးဆင္းေနေသာ အရာမ်ားကို အၿမဲတမ္း ျပဳလုပ္ႏိုင္ၾကပါေစေၾကာင္း စိတ္ထဲကေနပဲ ဆုေတာင္းေနမိပါေတာ့တယ္” ဆိုျပီး ခိုင္နွင္းေဝက သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝထားပါတယ္။

ခိုင္နွင္းေဝကေတာ့ တကယ္ကို ဟန္ေဆာင္မႈကင္းမဲ့ျပီး နွလံုးသားလွတဲ့ အမ်ိဳးသမီးတစ္ေယာက္ပါပဲ။ ပရိသတ္ၾကီးလည္း ခိုင္နွင္းေဝနဲ့ထပ္တူ ဝမ္းသာေနမယ္ ထင္ပါတယ္ေနာ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

ဦးကျော်သူ၊ ချစ်သုဝေတို့နဲ့ တွေ့ဆုံခိုက် မင်္ဂလာရှိတဲ့စကားတွေ ကြားခဲ့ရတဲ့ ခိုင်နှင်းဝေ

နာမည်ကြီးမင်းသမီးတစ်လက်လည်းဖြစ်၊ ပရဟိတအကျိုးဆောင်တစ်ဦးလည်းဖြစ်တဲ့ ခိုင်နှင်းဝေဟာ ရုပ်ရည်ချောမောခြင်းကြောင့်သာမကပဲ သူမရဲ့ ဖြူစင်ရိုးသားလှတဲ့ စိတ်ထားကြောင့် ကောင်းသတင်းနဲ့ ကျော်ကြားသူ တစ်ဦးပဲ ဖြစ်ပါတယ်။ အဆင်းရော၊ အချင်းပါ ပြည့်စုံလွန်းတဲ့ ခိုင်နှင်းဝေကို ပရိသတ်တွေကလည်း ယနေ့ထက်တိုင် ချစ်ခင်အားပေးနေကြဆဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ခိုင်နှင်းဝေက ပရဟိတမင်းသားကြီး ဦးကျော်သူ၊ မေတ္တာရှင်မလေး ချစ်သုဝေတို့နဲ့ ဆုံခိုက် မင်္ဂလာရှိတဲ့စကားတွေ ကြားခဲ့ရကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

” “ပဏ္ဌိတာနဉ္စသေဝနာ” ပညာရှိတို့အနားသို့ မှီဝဲဆည်းကပ်ခြင်းသည် မင်္ဂလာတစ်ပါးမည်၏ ဆိုတဲ့အတိုင်း ဒီနေ့မနက် ဦမောင် (ခ) ဦးကျော်သူ နဲ့ မွေးနေ့ပွဲတခုမှာတွေ့လို့ ဦးမောင်မပြန်ခင်လေး တခြားအနုပညာရှင်တွေကြားထဲတိုးဝှေ့ပြီး စကားလေးတခွန်းပဲမှတ်သားရ မှတ်သားရဆိုပြီး သွားနှုတ်ဆက်တော့”

” ကျွန်မ အဒေါ်နဲ့တွေ့တဲ့ အချိန်တုန်းက ချီးကျူးစကား အမှာပါးလိုက်တဲ့ အကြောင်း၊ ကလေးတွေကို စောင့်ရှောက်ထားတာနဲ့ပတ်သတ်ပြီး ချီးကျူးတယ်ဆိုတဲ့အကြောင်းနဲ့ ကလေးတွေဆီ လာကြည့်ဦးမယ်ဆိုတော့ အတိုင်းမသိကြည်နူးရပါတယ်။ သမီးကို ခိုင်းစရာရှိရင်လဲခေါ်ပါ။ ဆုံးမစရာရှိရင်လဲ ဆုံးမပါလို့လဲ ပြောခဲ့ပါတယ်။”

” နောက်တော့ ညီမလေး ချစ်သုဝေကလဲ နှလုံးအပေါက်ပါတဲ့ ကျမရဲ့ သမီးလေးကို ဆရာဝန်တွေနဲ့ပြပြီး သေချာဂရုတစိုက် ကုသပေးမယ့်အကြောင်းပြောပြန်တော့ အပြုံးတွေက ပိုပြီးအသက်ဝင်လာရပြန်ရောပေါ့ရှင်။ ”

လမ်းပတ်တောင်ပွဲကျသွားခဲ့ရတဲ့ ‘လီယွန်နယ်ဇူးနယ်ဒို’ရဲ့လက်ဖျားခါချင်စရာ အမိုက်စားစွမ်းဆောင်ရည်

“တစ်ယောက်နဲ့ တစ်ယောက် နားလည်ရင်း၊ ဖေးမရင်း ကျွန်မတို့ အသွေးသားထဲ စီးဆင်းနေသော အရာများကို အမြဲတမ်း ပြုလုပ်နိုင်ကြပါစေကြောင်း စိတ်ထဲကနေပဲ ဆုတောင်းနေမိပါတော့တယ်” ဆိုပြီး ခိုင်နှင်းဝေက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

ခိုင်နှင်းဝေကတော့ တကယ်ကို ဟန်ဆောင်မှုကင်းမဲ့ပြီး နှလုံးသားလှတဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေနဲ့ထပ်တူ ဝမ်းသာနေမယ် ထင်ပါတယ်နော်။