ဖေ့ဘုတ်စ်အကောင့်တွေ တိုက်ခိုက်ခံရမှုကို ကာကွယ်နိုင်မယ့် ဗဟုသုတလေး မျှဝေလိုက်တဲ့ မအေးသောင်း

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ေဖ့ဘုတ္စ္အေကာင့္ေတြ တိုက္ခိုက္ခံရမႈကို ကာကြယ္ႏိုင္မယ့္ ဗဟုသုတေလး မွ်ေဝလိုက္တဲ့ မေအးေသာင္း
ျကားသိရသမ်ွ

ေဖ့ဘုတ္စ္အေကာင့္ေတြ တိုက္ခိုက္ခံရမႈကို ကာကြယ္ႏိုင္မယ့္ ဗဟုသုတေလး မွ်ေဝလိုက္တဲ့ မေအးေသာင္း
ေအးဝတ္ရည္ေသာင္းကေတာ့ ျမန္မာဆန္ဆန္ေလးနဲ႔ ပုရိသေတြအသည္းကိုလႈပ္ႏႈိး ႏိုင္သူပါ။အသက္(၁၂)ႏွစ္တည္းက အႏုပညာေလာကထဲဝင္လာၿပီး ေမာ္ဒယ္အလုပ္ကိုလုပ္ကိုင္လာတဲ့ေအးေသာင္းကေတာ့ အသက္နဲ႔ပတ္သက္ၿပီး႐ိုက္ခတ္မႈေတြရွိခဲ့ေပမယ့္လည္း လက္ရွိမွာေအာင္ျမင္တဲ့အႏုပညာရွင္တစ္ေယာက္လို႔ ဆိုရမွာပါ။

မၾကာေသးမီက ျမန္မာႏိုင္ငံရဲ႕ ေရွးခတ္အလွအပနဲ႔ယဥ္ေက်းမႈေတြ စုစည္းတည္ရွိေနတဲ့ ပုဂံကို ကမာၻ႔အေမြအႏွစ္စာရင္းဝင္ ျဖစ္ေရးအတြက္ အင္တိုက္အားတိုက္ ပါဝင္ေဆာင္႐ြက္ခဲ့သူတစ္ဦးပဲ ျဖစ္ပါတယ္။

ႏွစ္အေတာ္ၾကာအႏုပညာအလုပ္နဲ႔ေဝးကြာခဲ့ေပမယ့္ ျမန္မာဆန္တဲ့ ပုံရိပ္ေလးေတြနဲ႔အတူ ပရိသတ္ေတြနဲ႔ျပန္လည္ထိေတြ႕လာၿပီး သူမပထမဆုံးျပန္လည္႐ိုက္ကူးခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကားကေတာ့ “မုန္းစြဲ” ႐ုပ္ရွင္ဇာတ္ကားႀကီး ျဖစ္ၿပီး ပရိသတ္ေတြ ကပင္ အကယ္ဒမီဆုအတြက္ ေမွ်ာ္မွန္းေပးခဲ့ၾကတာပဲ ျဖစ္ပါတယ္။

သူမရဲ႕အခ်စ္ေရးကိုပရိသတ္ေတြက အရမ္းစိတ္ဝင္စားေနတာျဖစ္ၿပီး အခုခ်ိန္ထိ အခ်စ္ေရးကိုဖြင့္ထုတ္မျပတဲ့မေအးေသာင္းေၾကာင့္ အမ်ိဳးသားထုႀကီးႀကိတ္ဝမ္းသာေနတဲ့အခ်ိန္မွာ MRTV – (4) ဇာတ္လမ္းတြဲမင္းသားေလး ေက်ာ္ထက္ေဇာ္နဲ႕ ရုိမန္႕တစ္ဆန္ဆန္ပံုေလးေတြ ထြက္ေပၚလာမႈအေပၚ မေအးေသာင္းကေတာ့ျပန္လည္ ေျဖရွင္းထားျခင္းမရွိေသးပါဘူးေနာ္။

လက္ရွိမွာလည္း သူမရဲ႕လူမႈကြန္ရက္စာမ်က္နွာကေန ဆိုရွယ္မီဒီယာနဲ႕ပတ္သက္ၿပီး ေအာင္ျမင္ေက်ာ္ၾကားတဲ့အႏုပညာရွင္ေတြမၾကာမၾကာ အေကာင့္ ဟက္ခ္ ခံရမႈနဲ႕ပတ္သက္ၿပီး ကာကြယ္ဖို႕နည္းလမ္းေလးကို ပရိသတ္ေတြကို ေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။

” အစိုးရ ဝက္ဘ္ဆိုက္ေတြနဲ႔ က်မတို႔လို Influencer ေတြရဲ႕ လူမႈကြန္ယက္အေကာင့္ေတြ တိုက္ခိုက္ခံရၿပီး ေဒတာခိုးယူတဲ့ ဆိုက္ဘာရာဇဝတ္မႈေတြဟာ ျမန္မာႏိုင္ငံမွာ တျဖည္းျဖည္းျမင့္တက္လာေနပါတယ္ဆိုၿပီး ဟိုးတစ္ေန႔က Myanmar Cyber Security Month ရဲ႕ facebook page ကေနဖတ္လိုက္ရပါတယ္။

အခုက အြန္လိုင္းကို ေဈးသက္သက္သာသာနဲ႔လြယ္လြယ္သုံးလာႏိုင္ေပမယ့္ လူတိုင္းကဆိုက္ဘာနဲ႔ ပတ္သက္တဲ့ သတိထားသင့္တဲ့အခ်က္ေတြကိုေတာ့ ေမ့ေလ်ာ့ေနတတ္ပါတယ္။

ဒီေအာက္တိုဘာလက ျမန္မာႏိုင္ငံရဲ႕ ဆိုက္ဘာလုံၿခဳံေရးလျဖစ္တဲ့အတြက္ က်မနဲ႔အတူတူ Myanmarcybersecuritymonth facebook ေလးကို Like လုပ္ထားၿပီးေတာ့ ဆိုက္ဘာမွာဘယ္လိုမ်ိဳး လုံၿခဳံေအာင္ေနထိုင္မလဲဆိုတဲ့ဗဟုသုတေလးေတြ ျဖည့္တင္းၿပီး ျပန္လည္ေဝမွ်ၾကရေအာင္ေနာ္။ ကၽြန္မခ်စ္တဲ့ ပရိတ္သတ္ေတြအားလုံးပဲ cyberready ျဖစ္ၾကပါေစ။ ” ဆိုၿပီး အႀကံေပးေဝမွ်ခဲ့တာျဖစ္ပပါတယ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

အေးဝတ်ရည်သောင်းကတော့ မြန်မာဆန်ဆန်လေးနဲ့ ပုရိသတွေအသည်းကိုလှုပ်နှိုး နိုင်သူပါ။အသက်(၁၂)နှစ်တည်းက အနုပညာလောကထဲဝင်လာပြီး မော်ဒယ်အလုပ်ကိုလုပ်ကိုင်လာတဲ့အေးသောင်းကတော့ အသက်နဲ့ပတ်သက်ပြီးရိုက်ခတ်မှုတွေရှိခဲ့ပေမယ့်လည်း လက်ရှိမှာအောင်မြင်တဲ့အနုပညာရှင်တစ်ယောက်လို့ ဆိုရမှာပါ။ မကြာသေးမီက မြန်မာနိုင်ငံရဲ့ ရှေးခတ်အလှအပနဲ့ယဉ်ကျေးမှုတွေ စုစည်းတည်ရှိနေတဲ့ ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။

နှစ်အတော်ကြာအနုပညာအလုပ်နဲ့ဝေးကွာခဲ့ပေမယ့် မြန်မာဆန်တဲ့ ပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေနဲ့ပြန်လည်ထိတွေ့လာပြီး သူမပထမဆုံးပြန်လည်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကတော့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပြီး ပရိသတ်တွေ ကပင် အကယ်ဒမီဆုအတွက် မျှော်မှန်းပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

သူမရဲ့အချစ်ရေးကိုပရိသတ်တွေက အရမ်းစိတ်ဝင်စားနေတာဖြစ်ပြီး အခုချိန်ထိ အချစ်ရေးကိုဖွင့်ထုတ်မပြတဲ့မအေးသောင်းကြောင့် အမျိုးသားထုကြီးကြိတ်ဝမ်းသာနေတဲ့အချိန်မှာ MRTV – (4) ဇာတ်လမ်းတွဲမင်းသားလေး ကျော်ထက်ဇော်နဲ့ ရိုမန့်တစ်ဆန်ဆန်ပုံလေးတွေ ထွက်ပေါ်လာမှုအပေါ် မအေးသောင်းကတော့ပြန်လည် ဖြေရှင်းထားခြင်းမရှိသေးပါဘူးနော်။လက်ရှိမှာလည်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီး အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တွေမကြာမကြာ အကောင့် ဟက်ခ် ခံရမှုနဲ့ပတ်သက်ပြီး ကာကွယ်ဖို့နည်းလမ်းလေးကို ပရိသတ်တွေကို ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။

” အစိုးရ ဝက်ဘ်ဆိုက်တွေနဲ့ ကျမတို့လို Influencer တွေရဲ့ လူမှုကွန်ယက်အကောင့်တွေ တိုက်ခိုက်ခံရပြီး ဒေတာခိုးယူတဲ့ ဆိုက်ဘာရာဇဝတ်မှုတွေဟာ မြန်မာနိုင်ငံမှာ တဖြည်းဖြည်းမြင့်တက်လာနေပါတယ်ဆိုပြီး ဟိုးတစ်နေ့က Myanmar Cyber Security Month ရဲ့ facebook page ကနေဖတ်လိုက်ရပါတယ်။အခုက အွန်လိုင်းကို ဈေးသက်သက်သာသာနဲ့လွယ်လွယ်သုံးလာနိုင်ပေမယ့် လူတိုင်းကဆိုက်ဘာနဲ့ ပတ်သက်တဲ့ သတိထားသင့်တဲ့အချက်တွေကိုတော့ မေ့လျော့နေတတ်ပါတယ်။

ဒီအောက်တိုဘာလက မြန်မာနိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေးလဖြစ်တဲ့အတွက် ကျမနဲ့အတူတူ Myanmarcybersecuritymonth facebook လေးကို Like လုပ်ထားပြီးတော့ ဆိုက်ဘာမှာဘယ်လိုမျိုး လုံခြုံအောင်နေထိုင်မလဲဆိုတဲ့ဗဟုသုတလေးတွေ ဖြည့်တင်းပြီး ပြန်လည်ဝေမျှကြရအောင်နော်။ ကျွန်မချစ်တဲ့ ပရိတ်သတ်တွေအားလုံးပဲ cyberready ဖြစ်ကြပါစေ။ ” ဆိုပြီး အကြံပေးဝေမျှခဲ့တာဖြစ်ပပါတယ်။

Sharing is caring!