သဘာဝ ရဲ့ အလှတရားတွေ ကို လွတ်လပ်စွာ ခံစားနေတဲ့ မိုးဟေကို ရဲ့ခရီးသွား ပုံရိပ်တွေ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





crd : momolay

Unicode ဖြင့်ဖတ်ပါ
★★★★★

ညိုချောလေး ဆိုပြီး ပရိသတ်တွေ စတင် သတိထား မိခဲ့ကြတဲ့ မင်းသမီးချောလေး မိုးဟေကိုကတော့ ညှို့အားပြင်းလွန်းတဲ့ သူမရဲ့အလှတရားကြောင့်ရော၊ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တာကြောင့်ပါ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပါ။ အမြဲလိုလို အရမ်း လှတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက် မှာ ဝေမျှပေးလေ့ရှိတဲ့ မိုးဟေကိုကတော့ လတ်တလောမှာ သဘာဝအလှတရားကြီးတွေကို အပြည့်အဝခံစားနေတဲ့ သူမရဲ့ခရီးသွားပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်ညီလွန်းတဲ့ မိုးဟေကို ကတော့ ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးနဲ့တောင် အရမ်းလန်းနေတာပါနော်။

ချစ်ပရိသတ်တွေအတွက် ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ သဘာဝ တရားကြီးရဲ့အလှတရားတွေကို ခံစားနေတဲ့ မိုးဟေကို ရဲ့ခရီးသွားပုံရိပ်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။

မိုးဟေကိုကတော့ “သဘာဝနှင့်ထိတွေ့ခြင်း ” ဆိုပြီး ပန်းချီကား တစ်ချပ်နှယ် လှရက်လွန်းတဲ့ သူမရဲ့ခရီးသွားပုံရိပ် တစ်ချို့ကို ပရိသတ်တွေအတွက် ဝေမျှပေးထားတာပါ။ မိုးရဲ့ကြည်လင်တဲ့အလှတရားကြောင့် လှရက်လွန်းတဲ့ ရှုခင်းတွေတောင် မှေးမိန်သွားတယ်လို့တောင် ထင်ရလောက်ပါတယ်နော်။

မိုးဟေကိုကတော့ လက်ရှိမှာ “မိုး” ရုပ်ရှင်ထုတ်လုပ်ရေးကို တည်ထောင်ထားပြီး ဇာတ်ကားကောင်းလေးတွေကို ရိုက်ကူးဖြစ်နေတာပါ။ မိုးဟေကို ပါဝင် သရုပ်ဆောင်ထားတဲ့ “ပပဝတီ စီရင်ခန်း” ရုပ်ရှင်ကလည်း မကြာသေးခင်ကမှ ရုံတင်ပြသပြီးခဲ့ပြီပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ မိုးဟေကို ကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

crd : momolay